တရားမဝင် ဝင်လာသူများကိုအသိပေးခြင်းမှာ ချောက်တွန်းခြင်းမဟုတ်ဘဲအများပြည်သူကို ရောဂါမကူးအောင် ကာကွယ်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အားကိုးလောက်သည့် နိုင်ငံတော်ပေါ်ထွန်းရန် အားကိုး လောက်သည့် ပြည်သူများလည်း ရှိရန်လိုအပ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ သတင်းစကားပါးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန်လ ၁၃ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ထည့်သွင်းရေးသားခြင်းဖြစ်ပြီး ကိုဗစ်အခက်အခဲကြုံနေချိန်တွင် ပြည်သူများက နိုင်ငံတော်ကိုယုံကြည်အားကိုးသည်မှာ ဂုဏ်ယူစရာဖြစ်ကြောင်းပြောသည်။

‘‘နိုင်ငံတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဟာ အင်မတန် အရေးကြီးပါတယ်။ နိုင်ငံတော်လို့ ဆိုရာမှာ အစိုးရကဦးဆောင်ရတဲ့၊ နိုင်ငံကို လည်ပတ်စေတဲ့ သက်ရှိ၊ သက်မဲ့ ယန္တရားကြီးတစ်ခုလုံးကို ထည့်သွင်း အဓိပ္ပာယ်ဖော်ပါတယ်။ အားကိုးလောက်တဲ့ နိုင်ငံတော်ပေါ်ထွန်းဖို့၊ အားကိုးလောက်တဲ့ ပြည်သူတွေရှိဖို့လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

COVID-19 ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့နေချိန်တွင် နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးဖြင့်ပြဿနာကို ကိုင်တွယ်နေကြပြီး မြန်မာနိုင်ငံတွင် ပြည်သူသာအဓိကဆိုသောယုံကြည်မှုအပေါ် ခိုင်မာစွာ ရပ်တည်ထားကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ ‘‘ပြည်သူကို တန်ဖိုးထားသလို ပြည်သူ့အားကိုယူကာ၊ တစ်ဦးအတွက်အားလုံး၊ အားလုံး အတွက်တစ်ဦး စိတ်ဓာတ်ကို တည်ဆောက်လျက်၊ ရောဂါအန္တ ရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ၎င်း ကဆက်ပြောသည်။

နိုင်ငံအတွက် တာဝန်ထမ်းဆောင်သည့် ...

ယင်းဆောင်ရွက်ချက်များ အနက်တစ်ခုမှာ ပြည်ပရောက်နေ သော ပြည်သူများပြန်လာနိုင်ရေး ဖြစ်ပြီး ပြည်ပနိုင်ငံအချို့တွင်ရော ဂါပြန့်ပွားမှုနှုန်းမြင့်မားနေ၍ ပြန် လာသူများထံမှ ရောဂါမပြန့်ပွား စေရန် အထူးဂရုစိုက်ပြင်ဆင်ထား ရ‌ကြောင်း ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။ယင်းအခြေအနေတွင် တ ရားမဝင် နယ်စပ်ဖြတ်ကျော်သည့် အန္တရာယ်ကို အားလုံးဝိုင်းဝန်းကာ ကာကွယ်တားဆီးပေးရန် လို ကြောင်းနှင့် တိတ်တခိုးဝင်လာသူ များက Quarantine မဝင် (အ သွားအလာ ကန့်သတ်ခြင်းမခံ) ကြကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးသည်။

‘‘ရောဂါပိုးရှိနေရင် တခြား သူများစွာကို ကူးစက်သွားနိုင်ပါ တယ်။ Contact tracing၊ ထိ တွေ့မှုကြောင့် ရောဂါကူးသွားနိုင် ဖွယ်ရှိသူများကို စုံစမ်းရှာဖွေ Quarantine သွင်းရတဲ့အလုပ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ဝန်ထုပ် ဝန်ပိုးဖြစ်ပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။

ICJ တရားစွဲမှု ဒေါ်အောင်ဆန်းစုကြည် ...

ထိုသို့ တရားမဝင် ဝင်လာသူ များ၊ ဝင်လာခြင်းကို သိလျက် လက်သင့်ခံသူများ၊ ဖုံးကွယ်ထား သူများကို ဥပဒေအရတင်းကျပ် စွာအရေးယူမည်ဖြစ်ကြောင်းနှင့် ယင်းသို့အန္တရာယ်ရှိသည့် လုပ် ရပ်မျိုးအကြောင်းသိပါက အုပ် ချုပ်ရေးဌာနသို့ အမြန်ဆုံးအသိ ပေးရန် တိုက်တွန်းထားသည်။

‘‘ဒီလိုအသိပေးတာ တစ်ပါး သူကို ချောက်တွန်းရာ မရောက်ပါ ဘူး။ အပြစ်မဲ့အများသူငါ ရောဂါ ချောက်ထဲမကျအောင် ကာကွယ် ပေးတာဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ...

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသည် တ ရားမဝင်နယ်စပ် ဝင်ထွက်ပေါက် များမှ ဝင်ရောက်သူများနှင့် ဝင် ရောက်သူများအား လက်ခံထား သူများကို သက်ဆိုင်ရာတည်ဆဲ ဥပဒေများနှင့်အညီ အရေးယူမည် ဟု ဇွန်လ ၁၀ ရက်တွင်ထုတ်ပြန်ခဲ့ သည်။

admin