ဧရာဝတီတိုင်းရှိ စည်းကမ်းမလိုက်နာသည့် ဆိုင် ၁၀၀ ကျော်ကို အရေးယူ

ဧရာဝတီတိုင်းတွင် စည်း ကမ်းမလိုက်နာသည့် ဈေးဆိုင် ၁၅၁ ဆိုင်ကို သုံးရက်ပိတ်စေကာ အရေးယူထားကြောင်း တိုင်းစည် ပင်သာယာရေးဝန်ကြီး ဦးကျော် မြင့်က ပြောသည်။

မတ်လကုန်က ဧရာဝတီ တိုင်းရှိ ဈေးများ၊ စည်ပင်သာယာ ၏ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသော လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်၊ မုန့်ဆိုင်များကို ပါဆယ်စနစ် ဖြင့်သာ ရောင်းချရန် ကိုရိုနာဗိုင်း ရပ်စ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ထုတ်ပြန် ခဲ့သည်။

ပုသိမ်မြို့ပေါ်တွင် ခိုးမှု၊ လုယက် ...

ထို့နောက် မေလ ၁၅ရက်က စ၍ ပါဆယ်စနစ်ကို ပယ်ဖျက်ကာ ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့် ပြုခဲ့သည်။ သို့သော် ဆိုင်ရှင်များ နှင့်ဆိုင်လုပ်သားများသည် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသောစည်းကမ်း များအတိုင်း လိုက်နာရန် တိုင်း ကိုဗစ်ကော်မတီမှ ထုတ်ပြန်ခဲ့ သည်။

ဧရာဝတီတိုင်း၌ စာသင်ကျောင်း၏ ကိုက် ...

စားသောက်ဆိုင်များအား မူလခုံအရေအတွက်၏ ၅၀ရာခိုင် နှုန်းကိုသာ ခင်းခွင့်ပေးခဲ့ပြီး တစ် ဦးနှင့်တစ်ဦး ခြောက်ပေခြားကာ တစ်ဝိုင်းလျှင် လူလေးဦးသာ ထိုင်ရမည်ဖြစ်သည်။ ထို့အပြင် စားသောက်ဆိုင်များအပါအဝင် အခြားသောပစ္စည်းများ ရောင်းချ သောဆိုင်များ၌ ဆိုင်ရှင်နှင့် ဆိုင် လုပ်သားများသည် လက်အိတ်၊ နှာခေါင်းစည်းနှင့် မျက်နှာဖုံးအုပ် သည့် ပလတ်စတစ်ကာဗာများ တပ်ဆင်ပြီးမှသာ ရောင်းချရမည် ဖြစ်သည်။

ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသများ ...

လက်ရှိတွင် ထိုစည်းကမ်း ချက်များကို မလိုက်နာသည့် ဆိုင် များအားအရေးယူခဲ့ရာ ပထမ အကြိမ်တွင် ၈၂ ဆိုင်အား ဖွင့် လှစ်ရောင်းချခွင့် သုံးရက်ပိတ် အရေးယူခဲ့ပြီး ဒုတိယအကြိမ် (ဇွန်လ ၈ရက်အထိ) ၆၉ဆိုင်ကို အရေးယူခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဒေါ်လာ ၁ ...

ထိုသို့ဆိုင်များ ပြန်လည်ဖွင့် ခွင့်ပြုသည့်အခါတွင် စည်းကမ်း မလိုက်နာသည့် ဆိုင်များအား ပထမအကြိမ်သုံးရက် ပိတ်ပြီး ဒုတိယအကြိမ် ၁၀ ရက်ပိတ်ခြင်း နှင့် တတိယအကြိမ်မလိုက်နာပါ က ရက်အကန့်အသတ်မရှိပိတ် သည်အထိ အရေးယူရန် ဆိုင်ရှင် များကို အသိပေးခဲ့ကြောင်း တိုင်း ကိုဗစ်ကော်မတီ၏ မှတ်တမ်းအရ သိရသည်။

admin