ကလေးဝတွင် တောင်နံရံမြေသား ပြိုကျ၍ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ကလေးဝမြို့တွင် မိုး သည်းထန်စွာရွာသဖြင့် တောင်နံ ရံမြေသား ပြိုကျ၍ ဆိုင်ကယ်ပေါ် ပိမိကာ ဆိုင်ကယ်နောက်မှ ထိုင် စီးလာသူ အမျိုးသမီးသေဆုံးပြီး မောင်းသူအမျိုးသား ဒဏ်ရာရခဲ့ ကြောင်း ကလေးဝခရိုင် မီးသတ် ဦးစီးမှူးဦးမြင့်စန်းက ပြောသည်။

7Day News | ကလေးဝတွင် တောင်နံရံမြေသား ...

သစ်ချောက်ကျေးရွာနေ ၎င်း တို့နှစ်ဦးသည် ဇွန်လ ၁၁ ရက် ညနေ ၆ နာရီခွဲခန့်က ကလေးဝ မြို့မှသစ် ချောက်ကျေးရွာသို့အ ပြန် ကားလမ်းတွင် တောင်နံရံမြေ သားပြိုကျခြင်းဖြစ်ပြီး အသက် (၃၉)နှစ်အရွယ် အမျိုးသမီးသေ ဆုံးကာ (၃၃)နှစ်အရွယ် အမျိုး သား ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ကလေးဝမြို့၏ ချင်းတွင်းမြစ် မြစ်ရေ ...

‘‘တောင်နံရံပြိုကျလို့ မြေ သားပိတဲ့အမျိုးသမီးက စိုးရိမ် ဒဏ်ရာရလို့ ကလေးမြို့ပြည်သူ့ ဆေးရုံကို ပို့ရင်း လမ်းမှာ သေဆုံး သွားတယ်။ ဆိုင်ကယ်စီးတဲ့အမျိုး သားက ဒဏ်ရာအနည်းငယ် ရခဲ့ တယ်။ သစ်ချောက်နဲ့ ကလေးဝ သွားတဲ့လမ်း ကလေးဝအထွက် တစ်မိုင်လောက်အကွာမှာတောင် နံရံ ပြိုကျတာပါ’’ဟု ဦးမြင့်စန်းက ပြောသည်။

တောင်နံရံပြိုကျ၍ လမ်း ပိတ်ဆို့မှုကို မြို့နယ်မီးသတ်နှင့်တာဝန်ရှိသူများ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့ရာ ည ၈ နာရီခန့်တွင် လမ်းပြန်ပွင့်၍ ယာဉ် များသွားလာနိုင်ခဲ့ကြောင်း က လေးဝမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခက ပြောသည်။

admin