အခြေခံပညာ အထက်တန်းအဆင့်ကျောင်း ၅,၆၀၀ ကျော် ဇူလိုင်၂၁ရက် ဖွင့်မည်

ကျောင်းတက်ချိန်ပုံစံ လေးမျိုးဖြင့် အခြေခံပညာအ ထက်တန်းအဆင့်ကျောင်း ၅,၆၀၀ ကျော်ကို ဇူလိုင် ၂၁ရက်တွင် စ ဖွင့်မည်ဟု ပညာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

အခြေခံပညာ အထက် တန်းအဆင့် အတန်းနှစ်တန်းကို ဇူလိုင် ၂၁ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ပြီး Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း)လိုက်နာ ရန်အတွက် ကျောင်းတက်ချိန်ကို ပုံစံလေးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။

တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားတက် ကျောင်း ၂,၄၇၁ကျောင်း၊ တစ် ပတ်ခြားနှစ်သုတ်တက်ကျောင်း ၂,၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း၊ စုစုပေါင်း ၅,၆၃၃ ကျောင်းတွင် အထက်တန်းအဆင့် အတန်းနှစ်တန်းကို စဖွင့်မည်ဖြစ် သည်။

အခြေခံပညာဦးစီးဌာနညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ‘‘ကျောင်းသားနည်းတဲ့ကျောင်း တွေကတော့ ပုံမှန်အတိုင်းပဲဖြစ် မယ်။ များတဲ့ကျောင်းကတော့ တစ်ရက်ကို နှစ်သုတ်ခွဲတက်ရမှာ မျိုးရှိမယ်။ ဒါမှမဟုတ်တစ်ပတ် ကို သုံးရက်တက်၊ နှစ်သုတ်ခွဲ တက်ရမှာမျိုးရှိမယ်။ ကျောင်း သားငါးထောင်၊ ခြောက်ထောင်ရှိ တဲ့ ကျောင်းကြီးတွေကျတော့ နှစ် သုတ်ခွဲတက်တာတင် မရတော့ တစ်ပတ်ခြားစီတက်ရတာလည်း ရှိနိုင်တယ်။ ကျောင်းတွေဆီကနေ သူတို့ဖွင့်နိုင်မယ့်ပုံစံ တင်ခိုင်းထား တယ်’’ ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံ ...

ကျောင်းအလိုက် ဆရာ၊ ဆရာမဦးရေ၊ ကျောင်းသားဦးရေ၊ ဆရာနှင့် ကျောင်းသားအချိုး၊ စာသင်ခန်းနှင့် ကျောင်းသားအချိုး တို့ပေါ်အခြေခံကာ ကျောင်းတစ် ကျောင်းစီက ကျောင်းဖွင့်နိုင်ရေး စီမံချက်များရေးဆွဲကာ တိုင်းဒေ သကြီးပညာရေးမှူးရုံးသို့ တင်ပြ ထားရကြောင်း အင်းစိန်မြို့နယ်မှ အလယ်တန်း ကျောင်းအုပ်တစ်ဦး ကဆိုသည်။

အထက(၂)ဗဟန်းမှ မိဘ ဆရာအသင်းဝင် ဦးကြည်ဝင်းက ‘‘အခုကတော့ အထက်တန်းကို စ ဖွင့်ဖို့ စီမံ ချက်တောင်းတာပေါ့။ အထက(၂) ဗဟန်းမှာက ကိုး တန်း၊ ဆယ်တန်းက တစ်တန်းမှာ လူ ၆၀၀ဆိုတော့ ၁,၂၀၀ ရှိတယ်။ ဆရာမက ၃၅ ယောက်ပဲရှိတယ်။ အလယ်တန်း ကျောင်းအုပ်အနေ နဲ့ ပြောင်းရမှာဆရာမတွေလည်း များတယ်။ ပင်စင်ယူမယ့်သူ လည်းရှိတော့ ဆရာမဦးရေက တော့မလုံလောက်ဘူး။ အခုက Social Distancing နဲ့ဆိုတော့ ကျောင်းချိန်ကို ပြောင်းရမယ်။ ကျောင်းသားဦးရေ ၆၀၀ ကို သုံး ရက်၊ နောက်ထပ် ၆၀၀ ကို သုံး ရက်ကျောင်းဖွင့်ရမှာ။ ဆရာမ တွေကတော့ တစ်ပတ်မှာတစ် ရက်ပဲနားချိန်ရမှာ’’ဟု ဆိုသည်။

moi: ဒက္ခိဏသီရိမြို့နယ်အတွင်း အခြေခံ ...

အထက်တန်းအဆင့်အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကိုသုံးသပ်ကာ အခြားအတန်း များ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်အ ပြီးနှစ်ပတ်အကြာ (သြဂုတ်လ ဒုတိယပတ်) တွင် အလယ်တန်း အဆင့်အတန်းများ ဖွင့်မည်ဖြစ်ပြီး အလယ်တန်းအဆင့်အတန်းများ ဖွင့်သည့် အခြေအနေကောင်းမွန် ပါက နောက်တစ်ပတ်အကြာ (သြဂုတ်တတိယပတ်) တွင် မူလ တန်းအဆင့်အတန်းများ ဆက်ဖွင့် ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။

Myanmar Online News: ဇူလိုင် ၂၁ရက်တွင် အထက် ...

ကျောင်းပြန်ဖွင့်ပါက ကျောင်းအပ်နှံရေး သီတင်းပတ်တွင် နှစ်စဉ်အခမဲ့ပေးနေကျ ကျောင်း သုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် များအပြင် ကျောင်းသား၊ ကျောင်းသူနှင့်ဆရာ၊ ဆရာမများ အတွက် ပြန်လည်အသုံးပြုနိုင် သည့် နှာခေါင်းစည်း (Reused Mask) နှစ်ခု၊ မျက် နှာအကာ (Face Shield) တစ်ခုစီပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေ သည်။ ထို့အပြင် ဆရာ၊ မိဘ၊ ကျောင်းသားများ လိုက်နာရမည့် စည်းကမ်းချက်များ သီးခြားထုတ် ပြန်ခြင်း၊ ကျောင်းလာစဉ် ကိုယ် အပူချိန်တိုင်းခြင်း၊ လက်ဆေး ခြင်းများပြုလုပ်နိုင်ရန် ကိုယ်အပူ ချိန်တိုင်းကိရိယာများနှင့် လက် ဆေးရေကန်၊ လက်သန့်စင်ဆေး များ၊ ပိုးသတ်ဆေးများပံ့ပိုးခြင်းတို့ ပြုလုပ်ရန်လည်း ပညာရေးဝန်ကြီး ဌာနကစီစဉ်နေသည်။

တစ်နိုင်ငံလုံးတွင် အခြေခံ ပညာကျောင်း လေးသောင်းကျော် ရှိသည်။

admin