ကုက္ကိုပင်ကိစ္စဖြင့်ခိုက်ရန်ဖြစ်ပွားပြီး ငယ်ပါ(ဝှေးစေ့)ကို ပြုတ်အောင်ကိုက်ဖြတ်မှု ဖြစ်ပွား

ခြေရင်းနှင့်ခေါင်းရင်းအိမ်နီးချင်းအဖြစ်နေထိုင်သူအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ငယ်ပါပြုတ်အောင်ကိုက်ဖြတ်သွားသည့်ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်တစ်ခု နတ်တလင်းမြို့၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

နတ်တလင်း၌ ဆိုင်ကယ် အရှိန်လွန်တိမ်း ...

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ထိပ်ပိတ်ကျေးရွာအုပ်စု၊ ကျီးပင်ရွာ၌နေထိုင်သည့် ၅၇ နှစ်ရှိ ဦးလှစိုးသည် ဇွန် ၉ ရက်၊ ညနေ ၅ နာရီတွင် နောက်ဖေးခြံထဲ၌ ၀က်ကျောင်းနေစဉ် ခေါင်းရင်းခြံ၌နေထိုင်ကြသည့် မမာလေး(၃၉)နှစ်၊ ဒေါ်တင်တင်ညို(၄၉)နှစ်နှင့် ဒေါ်တင်တင်မှီ(၇၁)နှစ်ဆိုသည့် အမျိုးသမီး(၃)ဦးတို့ ရောက်ရှိလာကာ ၎င်းတို့ခြံ(၂)ခြံကြား၌ ကုက္ကိုပင်စိုက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဦးလှစိုးကို ရန်တွေ့ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အပြန်အလှန်အော်ဟစ်စကားများကြရာမှ ဦးလှစိုးမှာ၎င်း၏နေအိမ်ခြံဝင်းအတွင်းဝင်မည်ပြုစဉ် မမာလေးက အရှည်(၃)တောင်ခန့်ရှိဝါးတုတ်ဖြင့် ရိုက်လိုက်ရာဦးလှစိုးလဲကျသွားကြောင်း၊ ဒေါ်တင်တင်ညိုကလည်းထပ်မံ၍၀ါးတိုတ်ဖြင့် ရိုက်သဖြင့် ဦးလှစိုးသည် ဦးခေါင်းနှင့်ကျောကုန်းတို့ဖူးယောင်ဒဏ်ရာရရှိခဲ့သည်။

သတင်းများ

ထိုစဉ်တွင် မမာလေးကဦးလှစိုးပေါင်ကြားထဲဝင်ကာ ငယ်ပါ(ဝှေးစေ့)ကို ကိုက်ဖြတ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို မြင်တွေ့သည့် ဦးလှစိုး၏ဇနီး ဒေါ်စန်းနွဲ့က၀င်ရောက်တားမြစ်ရန်ပြုနေစဉ် ဒေါ်တင်တင်ညိုမှ ၀ါးတုတ်ဖြင့် ရိုက်လိုက်ရာဝဲမျက်ခုံးဖူးယောင်ဒဏ်ရာတစ်ချက်ဒေါ်စန်းနွဲ့က ရရှိသွားခဲ့ကြောင်း၊ ၎င်း၏ခင်ပွန်းမှာလည်း ငယ်ပါ(ဝှေးစေ့)တစ်လုံးပြုတ်ထွက်ဒဏ်ရာထပ်မံရရှိသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်ခြံဝင်းအတွင်းကျူးကျော်ကာ နာကျင်ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့ကြသည့် မမာလေး(၃၉)နှစ်၊ ဒေါ်တင်တင်ညို(၄၉)နှစ်နှင့် အားပေးကူညီသူ ဒေါ်တင်တင်မှီ(၇၁)နှစ်တို့(၃)ဦးကို ရာဇသတ်ကြီးပုဒ်မ – ၄၄၇/၃၂၆/၃၂၃/၁၁၄ တို့ဖြင့် နတ်တလင်းမြို့မရဲစခန်း၌ အရေးယူထားပြီး ဦးလှစိုးကို ပြည်ဆေးရုံကြီးသို့ တင်ပို့ကုသစေခဲ့ရကြောင်း သတင်းရရှိသည်။

admin