စစ်တွေ ကမ္ဘောဇဘဏ်(၂)မှ ကျပ်သိန်း ၁၈ဝဝ ဓားပြတိုက်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)မှ ငွေကျပ်သိန်း ထောင့်ရှစ်ရာ ဓားပြ တိုက်ခံလိုက်ရသည်။

စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်(၂)အတွင်းသို့ ယနေ့ ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် မျက်နှာဖုံးစွပ်ထားသူ လေးဦးဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများအား တုတ်၊ ဓားများဖြင့်ခြိမ်းခြောက်၍ ငွေကျပ်သိန်းထောင့်ရှစ်ရာကို ဓားပြတိုက်ယူသွားခြင်းဖြစ်သည်ဟု သိရသည်။

“လေးနာရီလောက်ကဖြစ်တာပါ။ ဓားပြတိုက်သူက လေးယောက်ပါ။ ဟိုက်ဂျက်ကားတစ်စီးနဲ့ လာပြီး တိုက်သွားတာပါ”ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်ဝင်းက မီဒီယာများကို ပြောခဲ့သည်။

Image may contain: tree, sky, cloud, plant and outdoor

လက်ရှိတွင် ကမ္ဘောဇဘဏ်(၂)အား ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဝင်ရောက် စစ်ဆေးနေကြသည်။

Image may contain: 1 person, outdoor

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ ညနေ ၅ နာရီခန့် ကလည်း ကျောက်တော် မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများသည် ဘဏ်ငွေများကို ရဲစခန်းငွေတိုက်သို့ သွားရောက်အပ်နှံကြရာတွင် လမ်းခုလတ်၌ မျက်နှာဖုံးစွပ်ထားသူနှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ကျပ်ငွေ သိန်းပေါင်း ၂ဝဝဝ ကို လုယူသွားမှုဖြစ်ပေါ်ခဲ့သည်။

admin