မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း ၁၇ နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ သုံးသိန်းခွဲကျော်အထိ မြင့်တက်လာ

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း ၁၇ နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ သုံးသိန်းခွဲကျော်အထိ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။

 ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေစဉ် (ဓာတ်ပုံ- စည်သာ)

မေ ၂၇ ရက်အထိ ရရှိထားသော စာရင်းများအရ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေအရ အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ တစ်သိန်းလေးသောင်းကျော်၊ စင်ကာပူနိုင်ငံတွင် ၃၁၀၀၀ ကျော်၊ ကာတာနိုင်ငံတွင် ၄၄၀၀၀ ကျော်၊ ဂျပန်နိုင်ငံတွင် ၁၆၀၀၀ ကျော်၊ အင် ဒိုနီးရှားနိုင်ငံတွင် ၂၃၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံတွင် ၁၁၀၀၀ ကျော်၊ ယူအေအီးနိုင်ငံတွင် ၃၀၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၃၆၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၇၄၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၃၀၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံတွင် ၁၂၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံ တွင် ၃၂၆ ဦး၊ မြန်မာနိုင်ငံတွင် ၂၀၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၂၄ ဦး၊ နီပေါနိုင်ငံတွင် ၇၇၂ ဦး၊ လာအိုနိုင်ငံတွင် ၁၉ ဦးနှင့် ဘူတန်နိုင်ငံတွင် ၂၇ ဦး ရှိကြောင်း သိရသည်။

Myanmar still free of COVID-19 despite rising cases in neighbors

သေဆုံးသူဦးရေစာရင်းအရ အိန္ဒိယနိုင်ငံတွင် ၄၁၆၇ ဦး၊ စင်ကာပူနိုင်ငံတွင် ၂၃ ဦး၊ ကာတာနိုင်ငံတွင် ၂၆ ဦး၊ ဂျပန်နိုင်ငံတွင် ၈၄၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၄၁၈ ဦး၊ ကိုရီးယားနိုင်ငံတွင် ၂၆၉ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၅၂၂ ဦး၊ ယူအေအီးနိုင်ငံတွင် ၂၄၈ဦး၊ မလေးရှားနိုင်ငံတွင် ၁၁၅ ဦး၊ ထိုင်း နိုင်ငံတွင် ၅၇ ဦး၊ သီရိလင်္ကာနိုင်ငံတွင် ၁၀ ဦး၊နီပေါနိုင်ငံတွင် လေးဦး၊ မြန်မာနိုင်ငံတွင် ခြောက်ဦးနှင့် ကျန်နိုင်ငံများတွင် သေဆုံးသူ မရှိကြောင်းထုတ်ပြန်ကြေညာထားသည်။

Coronavirus: Myanmar confirms first two cases in men returning ...

COVID-19 ရောဂါ ဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံ၏ အခြေအနေမှာ အမေရိကန်နိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၆ သိန်းကျော်၊ ဘရာဇီးနိုင်ငံတွင် ၃၆၀၀၀၀ ကျော်၊ ရုရှားနိုင်ငံတွင် ၃၆၀၀၀၀ ကျော်၊ ယူကေနိုင်ငံတွင် ၂၆၀၀၀၀ ကျော်၊ စပိန်နိုင်ငံတွင် ၂၃ဝဝဝဝကျော်၊ အီတလီနိုင်ငံတွင် ၂၃ဝဝဝဝကျော်၊ တူရကီနိုင်ငံတွင် ၁၅၀၀၀၀ ကျော်၊ ပြင်သစ်နိုင်ငံတွင် ၁၄၀၀၀၀ ကျော်၊ အီရန်နိုင်ငံတွင် ၁၃၀၀၀၀ ကျော်၊ ပီရူးနိုင်ငံတွင် ၁၁၀၀၀၀ ကျော်၊ ကနေဒါနိုင်ငံတွင် ၈၅၀၀၀ ကျော်၊ တရုတ်နိုင်ငံတွင် ၈၄၀၀၀ ကျော်၊ ဆော်ဒီအာရေဗျနိုင်ငံတွင် ၇၄၀၀၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံတွင် ၅၇ ၀၀၀ ကျော်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နှေးကွေးသွားခဲ့ပြီးနောက် ကျောင်းသားများ သန်းနှင့်ချီ၍ ကျောင်းပြန်တက်နေချိန်တွင် ဆိုးလ်မြို့စွန်ရှိ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးဂိုဒေါင်တစ်ခု၌ အစုလိုက် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့ပြီး သီတင်းပတ် ခုနစ်ပတ်အတွင်း အမြင့်ဆုံး ကူးစက်မှုရှိခဲ့ကြောင်း အစိုးရက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Myanmar confirms first coronavirus cases | Cambodianess

တောင်ကိုရီးယားသည် ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချဟန့်တားရာတွင် ကမ္ဘာ့ထိပ်တန်းအဖြစ် သတ်မှတ်ခံရပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန်ဆောင်ရွက်နေစဉ် ကူးစက်မှုအသစ်များကို အပြင်းအထန် ထိန်းချုပ်နေခြင်း ဖြစ်သည်။မေ ၂၇ ရက်ကကြေညာခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၄၀ သည် ဆိုးလ်ဧရိယာတွင် အများစု ကူးစက်မှု ဖြစ်ခဲ့ပြီး ဧပြီ ၈ရက် ၅၃ ဦး ကူးစက်ခံရမှု နောက်ပိုင်းအများ ဆုံးကူးစက်မှု ဖြစ်ခဲ့သည်။

Myanmar H1N1 swine flu death toll rises to 10

တောင်ကိုရီးယားသည် တရုတ်ပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အလုံးစုံ ပိတ်ဆို့ကန့် သတ်မှုကို ပြဋ္ဌာန်းခဲ့ခြင်းမရှိပေ။ မတ်လ နောက်ပိုင်းမှစပြီး လူမှုဆိုင်ရာ ခပ်ခွာခွာနေထိုင်မှု စည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့သည်။တောင်ကိုရီးယားသည် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသည့် လူနာကို ဇန်နဝါရီ ၂၀ က စတင်တွေ့ရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၂၆၅ ဦးထိရှိပြီး သေဆုံးသူ ၂၆၉ဦး ရှိခဲ့သည်။ တောင်ကိုရီးယား၏ ဗိုင်းရပ်စ်ထိန်းချုပ်မှု အစီအစဉ်ကို အမေရိကန်၊ ဗြိတိန်၊ အီတလီတို့နှင့် နှိုင်းယှဉ် ချီးကျူးခဲ့ကြသည်။

admin