ကျောင်းပြန်ဖွင့်လျှင် ကျောင်းသားဦးရေများသော ကျောင်းများကို နှစ်သုတ်တက်ပြောင်းဖွင့်ရန် စီစဉ်

အခြေခံပညာကျောင်းများပြန်ဖွင့် ပါက ကျောင်းသားဦးရေများ သောကျောင်းများကို နှစ်သုတ် တက်ကျောင်းများအဖြစ် ပြောင်း ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။COVID-19 ကြောင့် အခြေ ခံပညာကျောင်းများကို ပုံမှန် ကျောင်းဖွင့်ချိန် ဇွန်လတွင် မဖွင့် နိုင်ဘဲ အစောဆုံးဇူလိုင်လတွင် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန က စီစဉ်နေသည်။

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ ...

ကျောင်းပြန်ဖွင့်ပါက Social Distancing(ခပ်ခွာခွာနေထိုင် ခြင်း)အတွက် စာသင်ခန်းတစ် ခန်းလျှင် ကျောင်းသားဦးရေ ၂၀ မှ ၃၀ ဦးအထိသာထားရန်၊ တစ် ဦးလျှင် ခြောက်ပေအကွာထားရန် အခြေခံပညာဦးစီးဌာနကအခြေခံ ပညာကျောင်းများသို့ ညွှန်ကြား ထားသည်။

ကျောင်းသားဦးရေများသော ကျောင်းများအနေဖြင့် ကျောင်း ချိန်နှစ်ချိန်ခွဲကာ နှစ်သုတ်တက် ရသည့် ကျောင်းများအဖြစ် ဖွင့်ရ မည်ဖြစ်ပြီးကျောင်းတစ်ကျောင်း ချင်းအလိုက် ကျောင်းသားဦးရေ ပေါ်မူတည်ကာ တစ်သုတ်တက်၊ နှစ်သုတ်တက်ကျောင်းဖွင့်မည့် အစီအစဉ်ကိုမေလတတိယပတ် တွင် အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရန် အခြေခံပညာကျောင်း များကို ညွှန်ကြားထားသည်။

ပညာရေးကောလိပ်ကျောင်းသားတွေ ...

‘‘ကျောင်းသားဦးရေများတဲ့ ကျောင်းတွေဆို နှစ်သုတ်တက် ကျောင်းတွေ ပြောင်းဖွင့်ရင် Social Distancing အတွက် အဆင်ပြေတယ်။ ကျောင်းတိုင်း တော့ ဟုတ်ချင်မှဟုတ်မယ်။ တ ချို့ကျောင်းတွေက ကျောင်းသား ဦးရေသိပ်မများရင် စာသင်ခန်း တွေ တိုးလိုက်ရင် အဆင်ပြေ မလားပေါ့။ ဒါတွေ ကျွန်တော်တို့ စဉ်းစားနေပါတယ်’’ဟု အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကိုလေးဝင်းက ပြောသည်။

အခြေခံပညာကျောင်းများ နှစ်သုတ်တက် (သို့မဟုတ်) တစ် သုတ်တက်ပြောင်းလဲမည့်အစီအ စဉ်အပြင် ဆရာ၊ ဆရာမလိုအပ် ချက်ကိုလည်း တင်ပြရန် အခြေခံ ပညာဦးစီးဌာနက ညွှန်ကြားထား သည်။

myanmar-student - Burmese Edition | Sunthit Myanmar

ကျောင်းပြန်ဖွင့်ပါကကျောင်း အပ်နှံရေးသီတင်းပတ်တွင် နှစ် စဉ် အခမဲ့ပေးနေကျ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ အပြင် ကျောင်းသား၊ ကျောင်းသူ နှင့် ဆရာ၊ ဆရာမများအတွက် ပြန်လည်အသုံးပြုနိုင်သည့် နှာ ခေါင်းစည်း (Reused Mask) နှစ်ခု၊ မျက်နှာအကာ(Face Shield) တစ်ခုစီပေးရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်နေသည်။ထို့အပြင် ဆရာ၊ မိဘ၊ ကျောင်းသားများလိုက်နာရမည့် စည်းကမ်းချက်များသီးခြားထုတ် ပြန်ခြင်း၊ ကျောင်းလာစဉ် ကိုယ် အပူချိန်တိုင်းခြင်း၊လက်ဆေးခြင်း များ ပြုလုပ်နိုင်ရန် ကိုယ်အပူချိန် တိုင်းကိရိယာများနှင့် လက်ဆေး ရေကန်၊ လက်သန့်စင်ဆေးများ၊ ပိုးသတ်ဆေးများပံ့ပိုးခြင်းတို့ ပြု လုပ်ရန်လည်း ပညာရေးဝန်ကြီး ဌာနက စီစဉ်နေသည်။

မော်လမြိုင်ပညာရေးကောလိပ် ...

ကျောင်းများမဖွင့်လှစ်မီအ ဖြေလွှာစစ်ဆေးခြင်း၊ အောင်စာ ရင်းထုတ်ခြင်း၊ ကျောင်းအပ်နှံ ခြင်း၊ ကျောင်းဖွင့်ရန် ပြင်ဆင်ခြင်း များပြုလုပ်မည်ဖြစ်ပြီး ပြင်ဆင် ချိန် အနည်းဆုံး ၄၅ ရက်ခန့် ကြာ မြင့်နိုင်ကြောင်း အခြေခံပညာဦး စီးဌာနဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။

admin