ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

အဂတိလိုက်စားမှု လေးမှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်ပါတယ်။

တနင်္သာရီဝန်ကြီးချုပ်ကို တိုင် ...

အမိန့်ချဖို့ နောက်တစ်မှုကျန်ပါသေးတယ်။ဒေါ်လဲ့လဲ့မော်နဲ့ အမှုတွဲဖြစ်တဲ့ လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ GGS ကုမ္ပဏီက ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ...

အခု စစ်ဆေးနေတဲ့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တရားခွင်မှာ နောက်ထပ်ကျန်တဲ့အမှုအတွက် အမိန့်ဖတ်ကြားနေဆဲဖြစ်ပြီး ခုချခံရတဲ့ ထောင်ဒဏ်တွေက တစ်ပေါင်းတည်းကျခံရမှာလား၊ သီးခြားစီလားဆိုတာတော့ မသိရသေးပါဘူး။နောက်ဆက်တွဲသတင်းအပြည့်အစုံကို ဘီဘီစီက ဆက်လက်ဖော်ပြပါမယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ...

admin