ကျောင်းများ မူလတန်းမှစဖွင့်မည့်အစား အထက်တန်းမှစဖွင့်ရန် ပြန်စဉ်းစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံပညာကျောင်း များ ပြန်ဖွင့်လျှင် မူလတန်းအဆင့် မှစဖွင့်ရန် ဆုံးဖြတ်ထားသော် လည်း ဆရာကိုယ်စားလှယ်နှင့် ကျောင်းသားမိဘ ကိုယ်စားလှယ် တို့၏ အကြံပြုချက်ကြောင့် အ ထက်တန်းအဆင့်မှ စဖွင့်ရန် စဉ်း စားမည်ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီမံခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကို လေးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကိုယ် စားလှယ် မူလတန်းပြဆရာမ ဒေါ်နီလာဝင်း၊ ကျောင်းသားမိဘ ဦးကျော်ဌေးတို့နှင့် မေလ ၁၉ရက် က အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ သည်။

အခြေခံပညာကျောင်းများ ကို ကြာကြာပိတ်ထားရန် မဖြစ် နိုင်၍ ကျောင်းပြန်ဖွင့်ရန် အစိုးရ ကစီစဉ်နေပြီး အစောဆုံး ဇူလိုင် လဆန်းတွင် ပြန်ဖွင့်နိုင်မည်ဖြစ် ကြောင်း၊ အွန်လိုင်းသင်ကြားမှု သည် လက်တွေ့သင်ရခြင်းနှင့်အ ကျိုးရလဒ်ကွာခြားခြင်းကို နိုင်ငံ တကာတွင်လည်း ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အွန် လိုင်းသင်ကြားမှုကို ပြည့်စုံအောင် လုပ်ပေးနိုင်သည့် အနေအထား မရှိသေး၍ ကျောင်းပြန်ဖွင့်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်ကဆိုသည်။

Aung San Suu Kyi: Give Myanmar time to deliver justice on war ...

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ မူလ တန်းပြဆရာမ ဒေါ်နီလာဝင်းက ကျောင်းပြန်ဖွင့်ရာတွင် မူလတန်း မှစဖွင့်မည်ဆိုပါက ကလေးငယ် များ၏ ဆော့ကစားတတ်သည့် သဘာဝအရ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေရန် မလွယ် ကူဘဲ ၎င်းတို့ကိုကျန်းမာရေးအသိ ပညာပေးရန် အခက်အခဲရှိ ကြောင်းတင်ပြခဲ့သည်။

‘‘ကလေးတွေကို စည်းကမ်း တွေနဲ့ Mask တွေ အုပ်ခိုင်းမယ်၊ မျက်နှာကာတွေ တပ်ခိုင်းမယ်။ ခပ်ခွာခွာ အနေအထားတွေနဲ့ထား မယ်။ ကိုယ့်ဘက်ကတော့ တတ် နိုင်သ မျှ ပြင်ဆင်ထားတဲ့အတွက် ရပြီဆိုပါစို့။ ကလေးတွေက ငြိမ် ငြိမ်မနေတတ်တဲ့ အရွယ်လေး တွေဖြစ်နေတာ။ စည်းကမ်းလိုက် နာဖို့ဆိုတာ ဒါပြောတယ်၊ ဒီနား ထိုင်ပါ၊ ဒီဟာကို တပ်ထားပါဆို တာကိုဘယ်လိုမှမရတာ။ ကျွန်မ တို့ မန္တလေးရာသီဥတုနဲ့ဆိုရင် နေ့ လယ်လောက်ဆို ကလေးတွေက အင်္ကျီတွေချွတ်ပြီး ပစ်ပေါက်ပြီး ကစားတာမျိုး’’ဟု ဒေါ်နီလာဝင်း ကဆိုသည်။

Myanmar's Silence on Rape Against Rohingya Is Cruel and Dangerous ...

အလယ်တန်းနှင့် အထက် တန်း ကျောင်းသားများသည် အ သက်အရွယ်အရ အသိပညာရ ထားပြီးဖြစ်သကဲ့သို့ ကျန်းမာရေး အသိကိုလည်း ဆရာ၊ ဆရာမများ ညွှန်ကြားသည့်အတိုင်း လိုက်နာ ရန် မူလတန်းကျောင်းသားများ ထက် ပိုမိုအဆင်ပြေခြင်း၊ ကျောင်းသားဦးရေသည်လည်း မူလတန်းထက် နည်းခြင်းကြောင့် ကျောင်းပြန်ဖွင့်ပါက အထက် တန်းအဆင့်ကို စတင်ဖွင့်လှစ် လျှင် ပိုမိုထိရောက်မည်ဟု ယူဆ ကြောင်း ဒေါ်နီလာဝင်းကပြော ကြားသည်။

အထက်တန်း၊ အလယ်တန်း အဆင့်အတန်းများ ဖွင့်လှစ်ချိန် တွင် မူလတန်းပြဆရာ၊ ဆရာမ များက ကျောင်းသား၊ ကျောင်းသူ များအား ကိုယ်အပူချိန်တိုင်းခြင်းမှ စကာ အခြားလိုအပ်သည့်ကျန်း မာရေးစောင့်ရှောက်မှုများတွင် ပူး ပေါင်းအားဖြည့်ပေးပါက ပိုမို ထိရောက်မည်ဟုလည်း ၎င်းကအ ကြံပြုခဲ့ သည်။

Aung San Suu Kyi told to 'stop the genocide' against Rohingya ...

အသက်ငယ်သည့် ကလေး များကို မိဘများကပိုစိုးရိမ်၍ မူလ တန်းအဆင့်ထက် အထက်တန်း အဆင့်အတန်းများကို စဖွင့်ရန် ပိုမိုလိုလားကြောင်း ကျောင်းသား မိဘကိုယ်စားလှယ် ဦးကျော်ဌေး ကလည်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခြေခံပညာကျောင်း များကို အစောဆုံးဇူလိုင်လဆန်း မှ ပြန်ဖွင့်မည်ဖြစ်ရာ ကျန်နေသေး သည့် အချိန်တစ်လခွဲအတွင်းတင် ပြချက်များကို ပြန်လည်သုံးသပ် မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ ထံမှ သင်ခန်းစာများကိုလည်း အ မြဲ လေ့လာသင်ယူနေမည်ဖြစ် ကြောင်း၊ မူလတန်းမှစဖွင့်မည့် အစား အထက်တန်းမှစဖွင့်ရန် လည်း လေးလေးနက်နက် ပြန် လည် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ ...

‘‘အထက်တန်းကလေးတွေ က အရေအတွက်အားဖြင့် မူလ တန်းကလေးတွေထက် ပိုပြီးနည်း လိမ့်မယ်ထင်တယ်။ Social Distancing လုပ်ဖို့ ပိုပြီးလွယ်လိမ့် မယ်ထင်တယ်။ နည်းတဲ့အခါကျ တော့ ပိုပြီးတော့ခွာခွာထားလို့ရ မယ်။ ကျောင်းချိန်တွေ အပြောင်း အလဲလုပ်တာကလည်း နည်း နည်းပိုကြီးတဲ့ ကလေးတွေနဲ့ဆို ပိုအဆင်ပြေမယ်ထင်တယ်။ အဲဒါ တွေ အားလုံးထည့်စဉ်းစားမှာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်ကဆို သည်။

ထို့အပြင် ဆရာ၊ ဆရာမ များအနေဖြင့်လည်း မူလတန်း ကလေးများအား စည်းကမ်းထိန်း သိမ်းခြင်းကိုကစားသည့် ပုံစံဖြစ် စေမည့်နည်းလမ်းများ စဉ်းစား သင့်ကြောင်း၊ ကျောင်းတွင် Social Distancing ဖြစ်စေမည့် ကစားသည့် နည်းလမ်းမျိုးသုံးကာ သင်ကြားပေးရန် စဉ်းစားစေလို ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အခြေခံပညာကျောင်းသားများ ကျောင်း ...

ကျောင်းပြန်ဖွင့်ပါကကျောင်း သား၊ ဆရာ၊ ကျောင်းသားမိဘ သာမက ကျောင်းလိုက်ပို့သူ၊ ကျောင်းအနီး ဈေးရောင်းချသူ များပါလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်မည်ဖြစ် ပြီး စည်းကမ်းလိုက်နာခြင်းရှိ၊ မရှိ သက်ဆိုင်ရာ လုံခြုံရေးပိုင်းတာဝန် ရှိသူများက ကြပ်မတ်ရမည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 7 Days

admin