တောင်ငူမြို့တွင် ဝက်ဝံတစ်ကောင်က အသက် ၉၀ ကျော် အဘိုးအိုတစ်ဦးကို ရန်ပြုတိုက်ခိုက်မှုဖြစ်ပွား

တောင်ငူမြို့တွင် မေ ၁၈ ရက် နေ့လယ် ပိုင်းက နေအိမ်တွင် မွေးထားသော အသက် သုံးနှစ်အရွယ်ခန့်ရှိ ဝက်ဝံတစ်ကောင်က အ သက် ၉၀ ကျော်အရွယ်ရှိသည့် အဘိုးအိုတစ်ဦးကို ရန်ပြုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အဖိုးအိုတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

See the source image

အဆိုပါ ဝက်ဝံမှာ တောင်ငူမြို့ အမှတ် (၁)ရပ်ကွက် ထီးလှိုင်လေးလမ်းသွား လမ်းမကြီးနံဘေးရှိ ကိုစိုးမိုးအောင်၏ ဆိုင်တွင် မွေးမြူထားသော ဝက်ဝံ ၁၂ ကောင်အနက် အသက်သုံးနှစ် အရွယ်ခန့်ရှိသည့် ပြာလချောင်ဟုခေါ်သော ဝက်ဝံထီးတစ်ကောင်ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်၌ လှောင်အိမ်ထဲမှ လွတ်ထွက်ပြီး ခြံခြင်းကပ်လျက် နောက်ဘက်ရှိ နေအိမ်ထဲသို့ ရောက်ရှိကာ နေအိမ်အတွင်းရှိ ဦးရွှေရိုး (၉၇ နှစ်) ဆိုသူအား ရန်ပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြာလချောင် ဟုခေါ်သော ဝက်ဝံတိုက်ခိုက်ခံရသဖြင့် ဦးရွှေရိုးတွင် လည်ကုပ်စုတ်ပြဲ ဒဏ်ရာတစ်ချက်၊ လက်ဖဝါး စုတ်ပြဲဒဏ်ရာ တစ်ချက်၊ ချိုစောင်းစုတ်ပြဲ ဒဏ်ရာတစ်ချက်၊ ညာလက်ဖျံတို့တွင် ဒဏ်ရာများ ရရှိသွားခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ဟိမဝန္တာဝက်ဝံ – ရန်ကုန် တိရိစ္ဆာန် ...

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝက်ဝံတိုက်ခိုက်ခံခဲ့ရသော အဘိုးအိုမှာ အသက်အန္တရာယ် ထိခိုက်သည်အထိ ဒဏ်ရာမပြင်းထန်သော်လည်း ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ အသိပေး ဆောင်ရွက်ထားကြောင်း၊ မိမိတို့ရပ်ကွက် အတွင်း၌ ယခုကဲ့သို့ တောတွင်းတိရစ္ဆာန်များကို လူနေအိမ်အတွင်း မွေးမြူခြင်းမှာ ပတ်ဝန်းကျင်ကို အန္တရာယ်ရှိနိုင်သဖြင့် သင့်တော်သော နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူမြို့အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောကြားသည်။

ဟိမဝန်တာ ဝကျဝံ - ဝီကီပီးဒီးယား

ယင်းအခြေအနေနှင့် ပတ်သက်ပြီး အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက “အခု ဒီဝက်ဝံတွေကို ပြည်သူတွေကြားထဲမှာထားလို့ အဆင်မပြေတော့ဘူး။ ဒီထက်မက ဆိုးရွားတဲ့ပြဿနာ တက်လာရင် ကျွန်တော်တို့ အာဏာပိုင် အဖွဲ့အစည်းတွေလည်း ပြဿနာပဲ။ အဲဒီတော့ ကျွန်တော်တို့က ပြောင်းရွှေ့ဖို့တော့ တစ်ခုခုတော့ ရပ်မိရပ်ဖတွေနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ သစ်တောတွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်မယ်။ နောက်ကို ဒီလိုအဖြစ်မျိုး မဖြစ်အောင်တော့ ကျွန်တော်တို့က ပြည်သူတွေနဲ့ ညှိနှိုင်းပြီး လုပ်ပါမယ်” ဟု ပြောကြားသည်။

admin