အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအပါအဝင် အောင်စာရင်းများကို ဇွန်လမကုန်မီ ထုတ်ပြန်မည်

အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ ...

“ဗဟိုကော်မတီက ထုတ်ထားတယ်လေ။ အဲဒီထဲမှာပါတယ်လေ။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ။ အဲဒါဆို သေချာပြီလေ။ ဗဟိုကော်မတီက ထုတ်တာဆိုတော့” ဟု ဦးကိုလေးဝင်းက ပြောကြားသည်။

ဇူလိုင်လအတွင်း စာသင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်သောကြောင့် ဆယ်တန်းအပါအဝင် အခြေခံပညာ အတန်းအသီးသီး၏ အောင်စာရင်းများကို ဇွန်လမကုန်ခင်တွင် ထုတ်ပြန်ပေးသွားမည်ဟု ဦးကိုလေးဝင်းက ဆက်လက်ပြောကြားသည်။

File:အ-ထ-က ဝမ်းဘဲအင်း၏ ကျောင်းတွင်း ...

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီက အခြေခံကျောင်းများအား ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် ရှိသဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းနှင့် ပြည်နယ်များတွင် Community Based Facility Quarantine ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖြန်းကာ ဇွန် ၁၅ ရက် နောက်ဆုံးထား၍ ပညာရေးဝန်ကြီးထံ ပြန်လွှဲပြောင်းပေးရန် ညွှန်ကြားစာထုတ်ပြန်ထားသည်။

စိန်ပေါအထက်တန်းကျောင်း – Yangon Heritage Trust

ထို့ကြောင့် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားသော အခြေခံကျောင်းများတွင် လက်ရှိ Quarantine ဝင်နေသူများမှလွဲ၍ ထပ်မံ Quarantine ဝင်ရန် ရောက်ရှိလာသူများကို သက်‌ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဝန်ကြီးဌာနပိုင် အဆောက်အဦးများနှင့် အဆင့်မြင့်ပညာဦးစီးဌာနပိုင် တက္ကသိုလ်များ၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များတွင် နေရာချထားရန် ညွှန်ကြားထားသည်။

ဒေသမတည်ငြိမ်မှုကြောင့် နယ်မြေ ...

နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားသော ကျောင်းပေါင်း ၆၀၁၂ ကျောင်းရှိသည်။

admin