ထိုင်းအကျဉ်းထောင်များမှ လွတ်မြောက်ပြီး ပိတ်မိနေသည့် မြန်မာ၂၀၀ ခန့် ပြန်ပို့ဆောင်ရန် နှစ်နိုင်ငံညှိနှိုင်း

ထိုင်းနိုင်ငံအကျဉ်း ထောင်များ၌ အကြောင်းအမျိုးမျိုး ကြောင့် ပြစ်ဒဏ်ကျပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၈၀ ကျော်သည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပိတ်မိနေပြီး နေရပ်ပြန်လာရန် ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းနေသည်ဟု တနင်္သာရီတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မင်းက ပြောသည်။

Soaring prison population prompts Thailand to re-think 'lost' drug ...

‘‘သူတို့ဆီကနေ အကြောင်း ကြားလာတယ်။ ဒီကိစ္စကို ဟို ဘက်က သံအရာရှိနဲ့လည်း ဆွေး နွေးနေပါတယ်။ သူတို့က အချုပ် အကျဉ်းသားတွေပေါ့နော်။ သူတို့ က လွတ်မြောက်လာပြီးပေါ့။ ပြန်လာဖို့ဆိုတဲ့ကိစ္စ ဘယ်နေ့ ဘယ်ဝါဆိုတာ မပြောသေးဘူးဗျ’’ ဟု ဦးကျော်မင်းက ပြောသည်အဆိုပါ မြန်မာနိုင်ငံသားများ ကို ထိုင်းနိုင်ငံ ရနောင်းရှိ အချုပ်တစ်ခု၌ ထိန်းသိမ်းထားဆဲဖြစ် သည်။

မြန်မာနိုင်ငံသားများ ပြန် လည်ပို့ဆောင်မည့်ကိစ္စကို နှစ် ဖက်အာဏာပိုင်များ တွေ့ဆုံဆွေး နွေးညှိနှိုင်းနေဆဲဖြစ်ပြီး တနင်္သာရီတိုင်းဘက်တွင်မူ နယ်စပ်ဂိတ်များ အားလုံးကို ဖွင့်ထားသည်ဟု ဦးကျော်မင်းက ပြောသည်။

Thailand May Re-Think Drug Laws As Prison Population Spirals

လက်ရှိတွင် ထိုင်းရောက် မြန်မာနိုင်ငံသားများသည် ထိုင်း နိုင်ငံမှ Lockdown ချထားခြင်း၊ ခရိုင်တစ်ခုနှင့်တစ်ခု ဖြတ်သန်း ခွင့်မရရှိခြင်းကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ ဖြေလျှော့မှုပြုလုပ်မှ သာ ပြန်လာရန် လွယ်ကူမည်ဖြစ် သည်။မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များကိုချိတ်ဆက်ပြီး ပို့ဆောင်ပေးမည် ဖြစ်ကာ အချို့ကိုမူ တနင်္သာရီ တိုင်းအတွင်းရှိ Facilities Qua-rantine စင်တာတွင် ၂၁ ရက်စောင့်ကြည့်ရန် ထားရှိမည်ဖြစ် သည်။

More foreign nationals in Thai prison but there are conflicting ...

တနင်္သာရီတိုင်းအတွင်း လူ ဦးရေ နှစ်သောင်းခွဲခန့် ထားရှိနိုင်သည့် Facilities Quarantineများကို ကြိုတင်ပြင်ဆင်ထားသည် ဟု တနင်္သာရီတိုင်း လဝကဝန်ကြီး ဦးကျော်မင်းက ဆိုသည်။ 7day

admin