အင်းစိန်မှ Positive လူနာ (၁၂) ဦးလုံးမှာ တစ်အိမ်ထဲနေ မိသားစုတွေဖြစ်

ဧပြီလ ၇ ရက်နေ့ည ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည (၈:၀၀) သတင်းထုတ်ပြန်ချက်အရ အင်းစိန်တစ်မြို့တည်းမှ Positive လူနာ စုစုပေါင်း (၁၂) ဦး တိုးခဲ့ပါတယ်။ ကျန် (၂) ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့မှာ နေထိုင်သူများဖြစ်ကြပါတယ်။

ထပ်တိုးလူနာ (၁၂) ဦးမှာ အင်းစိန်မြို့နယ် ခဝဲခြံ ၂ လမ်းတွင် နေထိုင်ကြသူများဖြစ်ပြီး တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်ကြကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

No photo description available.

အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ခဝဲခြံ ၂ လမ်း မှ case 152, 153, 154 တို့၏ contact person ၁၄ ဦးကို Quarantine Center သို့ပို့ဆောင်စစ်ဆေးရာမှ ယနေ့ည case-165 မှ case-176 အထိ စုစုပေါင်း ၁၂ ဦး ရောဂါပိုးတွေ့ရှိကြောင်းသိရပါသည်။ အဆိုပါ ၁၂ ဦးမှာ မိသားစုဝင်များဖြစ်ပြီး အားလုံးသည် ခဝဲခြံ ၂ လမ်း၌ နေထိုင်သူများသာဖြစ်ပါသည်။ ၎င်းတို့ကို ၄-၅-၂၀၂၀ ရက်နေ့ ကတည်းက Quarantine Center သို့ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် လမ်းကိုလဲ Lock Down ချထားပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Image may contain: outdoor

အဆိုပါ Case -152/153/154 တို့မှာ ကွေ့ကဘောဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသော သူနာပြုများဖြစ်ကြသည်။

 

admin