ဒုသမ္မတဦးဟင်နရီဗန်ထီးယူအပါအဝင် လူ၃၀ကျော် စစ်ဆေးရာ COVID-19 ရောဂါပိုးမတွေ့ဟု သမ္မတရုံးပြော

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အပါအဝင်ဓာတ်ခွဲနမူနာစစ်ဆေးခဲ့သူ ၃၂ ဦးစလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ရှင်းလင်းသည်။

Image may contain: 7 people, people standing and outdoor

ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် ပိုးတွေ့ရှိထားသည့် ခရစ်ယာန်တရား ဟောဆရာနှင့်မတ်လ ၂၃ ရက် နောက်ပိုင်းတွေ့ဆုံမှုမရှိသော်လည်း ရှင်းလင်းစေရန် ဒုတိယ သမ္မတ(၂)နှင့် မိသားစုဝင်၊ ထိတွေ့သူများအားလုံးကို ယမန်နေ့တွင် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

” ဒီကနေ့ မနက်စော (ယမန်နေ့ည နှောင်းပိုင်း)မှာ အဖြေ သိရှိခဲ့ရပါတယ်။ ဓါတ်ခွဲနမူနာယူ စစ်ဆေးသူ အားလုံး ၃၂ ဦးရှိပြီးတော့ ၃၂လုံးမှာ ရောဂါပိုးမတွေ့ရှိပါ” ဟု ဦးဇော်ဌေးက သတင်းထောက်များကို ဖြေကြားသည်။

ဒု သမ္မတ ဟင်နရီ ဗန်တီးယူနဲ့ ...

ထို့အပြင် နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် အဝင်၊အထွက်ကို စိစစ်သတ်မှတ်ထား သူများမှအပ အထိအတွေ့ မရှိစေခြင်း၊ ကျန်းမာရေး လမ်းညွန်ချက်များနှင့် အညီ စိစစ်ကြပ်မတ် ဆောင်ရွက်ထားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ရှင်းလင်းသည်။ 7Day

admin