ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးဖြစ်သူက အိမ်အကူ အမျိုးသမီးကို အက်စစ်ဖြင့်ပက်

ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာပါ (၃)ဦးသည် အိမ်အကူဖြစ်သူကို အက်စစ်ဖြင့် ပက်သောကြောင့် မိခင်ဖြစ်သူမှ ရွှေပေါက်ကံရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Image may contain: 1 person, standing

မိခင်ဖြစ်သူဒေါ်သင်းသင်းခိုင်သည် လွန်ခဲ့သောရက်အနည်းက လှုမှုကွန်ရက်စာမျက်နှာပေါ်တွင် မင်းရာဇာနှင့် လူမှုရေးဖောက်ပြန်သော အသံဖိုင်အား ဇနီးဖြစ်သူမှတင်ထားသည်ကို ကြားသိရ၍ သမီးဖြစ်သူထံသွားရောက်ရာ သမီးမှာ လမ်းလျှောက်ရာ မူမမှန်၍ မေးမြန်းရာ ရွှေပေါက်ကံရှိနေအိမ်သို့ မင်းရာဇာနှင့်ဇနီးဖြစ်သူ မဖူးငုံပွင့်တို့ရောက်ရှိလာပြီး”နင့်ကောင်မကို အက်စစ်နဲ့နင်ပက်မလား ငါပက်မရမလား နင်မပက်ရင် ငါပက်မှာ”ဟု ပြောဆိုသဖြင့် ဘောင်းဘီချွတ်၍ အက်စစ်ဖြင့်ပက်ခဲ့ပြီး လွန်ခဲ့သော ၂ရက်ခန့်ကလည်း မင်းရာဇာ​၏ယောက်ခမဖြစ်သူဦးမောင်မောင်အေးမှ ဦးခေါင်းအား တူဖြင့်ထု၍ သွေးထွက်ဒဏ်ရာရရှိခဲ့ကြောင်း မိခင်ဖြစ်သူကိုပြောဆို၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Image may contain: 1 person, closeup

လာတိုင်ထားတာဟုတ်ပါတယ်။ ကောင်မလေးကတော့ အခုဆေးရုံရောက်နေပါတယ်၊ ဟိုဘက်ရဲစခန်းနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ် ဟု ရွှေပေါက်ကံနယ်မြေရဲစခန်းမှ အတည်ပြုသည်။

ရွှေပေါက်ကံရဲစခန်းက ပြစ်မှုကျူးလွန်သူ.တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဇောတိကလမ်းနေ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူမဖူးငုံပွင့်နှင့်ဦးမောင်မောင်အေးတို့အား (ပ)အမှတ် ၅၀၅၊ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြငိ့ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ The Voice

admin