ဗစ်တိုးရီးယား အမှုအသစ် ထပ်မဖွင့်တော့ဟု ဖခင်ဖြစ်သူပြော

Last modified date

ဗစ်တိုးရီးယားအမှု တရားခံပေါ်ပေါက်ရေး သီးခြားအမှုအသစ်ထပ်ဖွင့်မည်မဟုတ်ဘဲ ရဲတပ်ဖွဲ့အနေဖြင့်တရားရုံး အချက်အလက်များအပေါ် မူတည်၍ တရားခံအစစ်ဖော်ထုတ်ပေးရန် ဖခင်ဖြစ်သူက တောင်းဆိုသည်။

‘‘တရားခံအစစ်ကို ရှာပေးဖို့က ရဲတပ်ဖွဲ့တာဝန်ပဲ။ ဒါကြောင့် ဒီအမှုမှန်ပေါ်ဖို့အတွက် တရားခံကို အဲဒီအတွက်အမှုပြန်ပြီးဖွင့်စရာတော့ မလိုတော့ဘူး။ အစက ပြန်သွားစရာမလိုတော့ဘူးလေ’’ ဟု ၎င်းက 7Day News သတင်းစာအား ပြောသည်။

Image result for ဗစ်တိုးရီးယား

ထို့ကြောင့် စွပ်စွဲတရားခံ အောင်ကြီးကို တရားရုံးသို့စွဲတင်၍ စစ်ဆေးစဉ်ရရှိသည့်အချက်အလက်များအပေါ် မူတည်၍ စုံစမ်းစစ်ဆေးပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဗစ်တိုးရီးယားအမှုကို ၂၀၁၉ မေလ ၁၇ ရက်က အမှတ် (၁) ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် မိခင်က တရားလိုပြုလုပ်ကာတိုင် ကြားပြီး ရဲတပ်ဖွဲ့ကအောင်ကြီး ကို စွပ်စွဲတရားခံအဖြစ် တရားရုံး သို့ တင်သွင်းခဲ့သည်။ သို့သော် လိုပြသက်သေများက တရားခံမှာ အောင်ကြီးမဟုတ်ကြောင်း ထွက် ဆို၍ တရားရုံးက တရားရှင်လွှတ် ပေးခဲ့သည်။

ယင်းအမှုတွင် စွပ်စွဲခံရသူ အောင်ကြီးကို တရားရှင်လွှတ်ပေး မှုအပေါ် ဒက္ခိဏခရိုင်ဥပဒေရုံးနှင့် ရဲတပ်ဖွဲ့က အမှုပြင်ဆင်ချက် တက်ရောက်သော်လည်းမန္တလေး တိုင်းဥပဒေချုပ်ရုံးက ပယ်ချခဲ့ သည်။ လက်ရှိအထိ ကျူးလွန် ခံရသူ ဗစ်တိုးရီးယားအတွက် တရားခံဖမ်းဆီးရမိခြင်းမရှိသေး ပေ။

Image result for ဗစ်တိုးရီးယား

တရားရုံးတွင် ပေါ်ပေါက် သော သက်သေခံပစ္စည်းများ၊ ဖျောက်ဖျက်မှုအပါအဝင် အခြား အကြောင်းအရာများအတွက် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဗစ် တိုးရီးယား၏ ဖခင်ကဆိုသည်။ဗစ်တိုးရီးယားအမှုတွင် ခိုင် လုံသည့် အထောက်အထားများရှိ လျှင် တရားလိုအနေဖြင့် သီးခြား အမှုဖွင့်ဆောင်ရွက်နိုင်ကြောင်း မန္တလေးတိုင်း ဥပဒေချုပ်ရုံး ရုံးအ ဖွဲ့မှူး ဦးသိန်းဌေးက မီဒီယာအချို့ အား ပြောကြားထားသည်။ဗစ်တိုးရီးယားအမှုနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတက ရဲ တပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဝန်ကြီး ဌာနများကို အချက်လေးချက်ညွှန် ကြားရာတွင် အမှုမှန်ပေါ်ပေါက် ရေး ဆောင်ရွက်ရန်ပါဝင်သည်။

Image result for ဗစ်တိုးရီးယား

အမှုတွင် တာဝန်ကျေပွန်စွာ မဆောင်ရွက်သူ၊ လစ်ဟာမှုများ ဖြစ်ပေါ်ပြီး ဥပဒေပြဋ္ဌာန်းချက် များနှင့် ညီညွတ်မှုမရှိသော တာ ဝန်ရှိသူများကို သက်ဆိုင်ရာ အ ဖွဲ့အစည်းများက လိုအပ်သလို အရေးယူဆောင်ရွက်ရန် သမ္မတ က ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထား သည်။ 7 day

admin