ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့မှုအတွက် ရှင်ချွန်ဂျီ ဘုရားကျောင်း တာဝန်ခံ တောင်းပန်စကားပြောကြား

တောင်ကိုရီးယား နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် စတင် ပြန့်ပွားခဲ့ရာ ရှင်ချွန်ဂျီ ခရစ်ယာန် ဘုရားကျောင်း တာဝန်ခံ က ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ခဲ့မှု အတွက် တောင်းပန် ပြောကြား လိုက်ပါတယ်။

Image result for shin cheon ji church Man-Hee Lee apologize due to corona outbreak

ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဘုရားကျောင်း တာဝန်ခံ ဟီမန်လီ က ဒူးထောက် တောင်းပန်ခဲ့တာပါ။ အခုဆိုရင် တောင်ကိုရီးယားမှာ Covid-19 နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသူ ၄၀၀၀ ကျော် ရှိနေပြီ ဖြစ်ပြီး၊ ကူးစက်ခံရသူ အများစု က အဆိုပါ ဘုရား ကျောင်း အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

Image result for shin cheon ji church Man-Hee Lee apologize due to corona outbreak

Image result for shin cheon ji church Man-Hee Lee apologize due to corona outbreak

မတ်လ ၁ ရက်နေ့၊ တနင်္လာနေ့ က တောင်ကိုရီးယား နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံး သူ ၂၆ ဦး ရှိပြီး၊ ကူးစက် ခံရသူ ၄၇၆ ဦး တိုးလာ ကြောင်း နဲ့ အခုဆိုရင် ၄၂၁၂ ဦးမှာ ကူးစက်ခံနေရပါတယ်။ ဒါဟာ ကိုရိုနာ ဗိုင်းရပ်စ် ဗဟိုချက် ဖြစ်ရာ တရုတ် နိုင်ငံ ပြင်ပမှာ လူဦးရေ အများဆုံး ကူးစက် ခံနေရတာလည်း ဖြစ်ပါတယ်။

ဘီဘီစီ

admin