ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ရတော့မှာဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်

နိုင်ငံကျော်မင်းသား မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေက ဆင်းရဲ၊ ချမ်းသာ ကာရိုက်တာမရွေး သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။

မြင့်မြတ်က အခုလက်ရှိမှာလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။

မြင့်မြတ်က လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးနဲ့အတူတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေးကို မြတ်သူလို့ နာမည်ပေးထားပြီး မြတ်သူလေးက အခုဆိုရင် (၁) နှစ်ကျော် အရွယ်ကို ရောက်နေပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ မြင့်မြတ်တို့ မိသားစုအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခု ပေါ်ထွက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဲ့ဒါက မြင့်မြတ်ရဲ့ ဇနီးချောလေး မခင်သူအောင်က ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဆိုတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ ဒုတိယမြောက်ရင်သွေးလေးအတွက် အနုပညာအသိုင်းအဝိုင်းက ဝမ်းသာနေကြသလို မြင့်မြတ်ကို အားပေးကြတဲ့ ပရိသတ်တွေလည်း ထပ်တူထပ်မျှ ဝမ်းသာနေကြမယ် ထင်ပါတယ်။

မင်းသားချော မြင့်မြတ်ကတော့ သားလေး မြတ်သူအတွက် ဆော့ဖော်ဆော့ဖက်လေးတစ်ယောက် ထပ်တိုးလာတော့မှာမို့ ဝမ်းသာနေပုံပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး

admin