အသက်(၃)နှစ်ပဲကွာပေမယ့် ညီမလေးကပိုချောပါတယ်ဆိုပြီး စည်သူဝင်းကို စနောက်လိုက်တဲ့ ဝေလာရီ

လွန်ခဲ့တဲ့ လပိုင်းတွေက ထုတ်လွှင့်ပြသခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက ပရိသတ်တွေကြားမှာ တော်တော်လေး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ “နှင်းဆီ” က ဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်သလို သရုပ်ဆောင်တွေကလည်း အင်မတန် သရုပ်ဆောင်ကောင်းကြတာကြောင့် ပေါက်သွားခဲ့တယ်ဆိုလည်း မမှားပါဘူး။ ပရိသတ်တွေကလည်း “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားသည့်တိုင်အောင် ထိုဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကို ဒီနေ့ဒီအချိန်ထိ သတိရနေကြဆဲ ဖြစ်ပါတယ်

ဒီတစ်ခေါက်မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲရဲ့ ပင်တိုင်သရုပ်ဆောင်များဖြစ်ကြတဲ့ စည်သူဝင်းနဲ့ ဝေလာရီတို့က ရိုက်ကူးရေးတစ်ခုကို အတူတူ ရိုက်ကူးနေကြတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ ဝေလာရီက သူမနဲ့ စည်သူဝင်းတို့ရဲ့ အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ဝေလာရီတို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝေလာရီက “အသက် ၃ နှစ်ပဲ ကွာပါတယ် .. (ညီမလေးက ပိုချောပါတယ် 😛)” ဆိုပြီး ကိုကြီးစည်သူဝင်းကို စနောက်ထားတာကိုလည်း ချစ်စဖွယ် တွေ့ရပါတယ်။

စည်သူဝင်းနဲ့ ဝေလာရီတို့ မောင်နှမနှစ်ယောက်ကတော့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို ကိုယ်စီချပြနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်သူဝင်းနဲ့ ဝေလာရီတို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

မိုမိုလေး

Soe Moe