သမီးဖြစ်သူကို ဖုန်းဆက်နှောင့်ယှက်သူအား ၆၆(ဃ) ဖြင့် အမှုဖွင့်မည်ဟု ခင်လှိုင်ပြော

သမီးကို ဖုန်းဆက်နှောင့် ယှက်နေသူအား ၆၆(ဃ)ဖြင့် အ မှုဖွင့်ရန် စီစဉ်နေကြောင်း သရုပ် ဆောင်ခင်လှိုင်၏ဇနီးက ပြော သည်။

Image may contain: 1 person, closeup

‘‘ဒီဖုန်းတွေနဲ့ ကျွန်တော့် သမီးဖုန်းကိုအမြဲဆက်ပြီး ရိုင်းရိုင်း စိုင်းစိုင်းတွေ ဆဲနေတယ်။ ယောက်ျားအသံ၊ မိန်းမအသံတွေ နဲ့နှောင့်ယှက်နေပါတယ်။ ကူညီ ပြီးစုံစမ်းပေးကြပါဗျာ။ သမီးမှာ ဘာရန်ငြိုးမှမရှိပါဘူး။ သမီးအ လုပ် လုပ်နေတာအနှောင့်အယှက် ဖြစ်ရပါတယ်’’ ဟု သမီးသဇင်ထူး မြင့်၏ဖုန်းကို ဆက်သွယ်ထား သည့် ဖုန်းနံပါတ်များနှင့်အတူ ခင်လှိုင်က ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရေး သားထားသည်။

Image may contain: 1 person, smiling, flower, sky, plant, outdoor and nature

လတ်တလောတွင် ချောင်း သာ၌ ဇာတ်ကားရိုက်နေ၍ ဖုန်း ဆက်နှောင့်ယှက်သူကို ၆၆ (ဃ) ဖြင့်တိုင်ကြားရန် ရန်ကုန်သို့ ချက် ချင်းဆင်းလာနေကြောင်း ခင်လှိုင် ၏ဇနီးက ပြောသည်။

Image may contain: 5 people, people sitting, people eating, food and indoor

‘‘ကလေးက ဒီနေ့ MPT ကြော်ငြာရိုက်နေတာကို တောက် လျှောက် တစ်လုံးမရရင် တစ်လုံး နဲ့ ပြန်ဆက်နေတာ။ သူ့အစ်ကို ရော၊အဒေါ်ရောပါတော့ အဲဒီဖုန်း ကိုပြန်ဆက်ရင် ဘလော့လိုက် တယ်။ နောက်တစ်ခါ ကြော်ငြာ ရိုက်နေရင် ထပ်ဆက်ပြန်ရော။ ဒီနေ့က MPT ကြော်ငြာ ရိုက်တာ ဆိုတော့ ရဲစခန်းထောက်ခံစာနဲ့ အဲဒီဖုန်းနံပါတ်တွေကို ရှာမယ်’’ ဟု ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖုန်းနှင့် နှောင့်ယှက်သည့်အ ကြောင်း ကို ၎င်းကပြောသည်။

Image may contain: 4 people, people smiling, people standing

ယခင်ရက်များကလည်း နံ နက် ၅ နာရီခန့်တွင် ဖုန်းဆက်၍ နှောင့်ယှက်တတ်ပြီး ဖုန်းကိုင် သည့်အချိန်၌ ဆဲဆိုမှုများပြုလုပ် သည်ဟု ၎င်းကပြောသည်။

Image may contain: 2 people, people smiling, people sitting

ဆဲဗင်းဒေး

admin