ဒီကင်ဆာဆိုတဲ့ရောဂါက ဘာလို့ငါ့ကျမှ ဖြစ်ရတာလဲဆိုပြီး အားငယ်နေမိပြန်တယ်ဆိုတဲ့ တေးသံရှင်မီးမီးခဲ

ပရိသတ်ကြီးရေ အဆိုတောမီးမီးခဲကတော့ ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး အသံချိချိုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။မီးမီးခဲရဲ့ တေးသီချင်းလေးတွေကလည်း ယနေ့အချိန်ထိတိုင် အောင်မြင်နေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း နားထောင်နေကြဆဲပါနော်။မီးမီးခဲရဲ့ အနုပညာခြေလှမ်းတွေကကျဲနေပေမယ့် ပရိသတ်တွေကတော့ အစဉ်အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

မီးမီးခဲက မကြာသေးခင်လပိုင်းအတွင်းမှာ တစ်ကိုယ်တော်ရှိုးပွဲလေးပြုလုပ်ခဲ့ပြီး ပရိသတ်တွေကို အားရပါးရဖျော်ဖြေခဲ့ပါသေးတယ်နော်။မီးမီးခဲဟာဆိုရင် ရင်သားကင်ဆာဆိုတဲ့ဝေဒနာကိုခံစားနေရပေမယ့်လည်း ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး အပြုံးမပျက်တဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်တော့ မီးမီးခဲက သူမရဲ့ရောဂါနဲ့ပက်သက်ပြီးတော့လည်း သေသေချာချာကုသမှုခံယူပြီးဂရုစိုက်နေတာပါ။မီးမီးခဲကတော့ သူ့ရဲ့ရင်တွင်းခံစားချက်လေးကို အောက်ပါအတိုင်းရေးသားမျှဝေလာပါတယ်နော်။

“ဘာကြောင့်အားတွေမရှိသလို ခံစားရတာလဲ??အရိုးတွေအမြဲကိုက်ခဲတဲ့ဒဏ်ကလဲ ..လူကိုပင်ပန်းစေတယ်.မြန်မာပြည်မှာတစ်ရက်လေးမှ နားရက်မရှိ ခဲ့ပေမဲ့ စိတ်တွေဟာ တက်ကြွလန်းဆန်းခဲ့ပေမဲ့..မိခင်တစ်ယောက်ရဲ့ဝန်တာနဲ့ယှဉ်ရင် တခြားစီပါပဲလား..

ကလေးတွေရဲ့မနက်စာ ,နေ့လည် ညစာကလေးတွေရဲ့ကျောင်းထမင်းဘူး ,ရေချိုးပေးတာကအစ ကိုယ်လက်ကိုယ့်ခြေမှ ကျေနပ်သူမို့မောတာကလဲမပြောနဲ့လေနော် အခုတစ်ရက်နှစ်ရက်အတွင်း မောနေတယ်..ဒီကင်ဆာဆိုတဲ့ရောဂါ ဘာလို့ငါ့ကျမှ ဖြစ်ရတာလဲဆိုပြီး အားငယ်နေမိပြန်တယ်..အရင်လို ခွန်အားသစ်တွေ ပြန်ရဖို့ဆုတောင်းနေမိတယ်..”ဆိုပြီး ရေးသားမျှဝေလာပါတယ်နော်။

admin