မကြာခင်မှာချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် ရင်ဆိုင်ထိုးသတ်ရတော့မယ် အောင်လအန်ဆန်

ပရိသတ်ကြီးရေ မြန်မာဂုဏ်ဆောင်ဖိုက်တာကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ ၂၀၁၉ ခုနှစ်တွင် One Championship ပြိုင်ပွဲတွေမှာ အခြားပြိုင်ဘက်တွေကို အနိုင်ယူထိုးသတ်နိုင်ခဲ့ပြီး အောင်ပွဲတွေရရှိထားခဲ့နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ၂၀၂၀ မှာ ပြိုင်ဘက်ကောင်းတွေနဲ့ ထိုးသတ်ရမယ် ပြိုင်ပွဲရှိတာကြောင့် ကစားဖော်တွေနဲ့အတူ ယခုဆိုရင်ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေကို ပြင်းပြင်းထန်ထန် နေ့စဉ်နဲ့အမျှ ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။

ယခုဆိုရင်တော့ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်နဲ့ ထိုးသတ်ရမယ် ပြိုင်ဘက်ကောင်းတစ်ယောက်တော့ထွက်ပေါ်လာခဲ့ပါပြီး အောင်လအန်ဆန်နဲ့ ထိုးသတ်ဖိုးအတွက် ဘရာဇီး နိုင်ငံသား နဲ့ နယ်သာလန် နိုင်ငံသားတို့ နောက်ဆုံးအဆင့် ထိုးသတ်ခဲ့ရပါတယ်။ အဲ့ဒီပြိုင်ပွဲမှာတော့ ဒိုင်တွေရဲ့ အမှတ်ပေးမှုဖြင့် နယ်သာလန် နိုင်ငံသား DE RIDDER ကအနိုင်ရရှိသွားခဲ့ပါတယ်။


ဒါ့အပြင် အောင်လအန်ဆန်ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း သူနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် DE RIDDER ကို ဂုဏ်ပြုစကားဆိုထားရာမှာတော့ “ကျွန်တော့်ရဲ့ချန်ပီယံခါးပတ်ကိုစိန်ခေါ်နိုင်ဖို့အတွက်ယှဉ်ပြိုင်ထိုးသတ်ရတဲ့အရေးကြီးတဲ့ပွဲစဉ်မှာအနိုင်ရရှိသွားတဲ့ Reiner ကိုဂုဏ်ပြုပါတယ်။သိပ်မကြာခင်အချိန်မှာချန်ပီယံခါးပတ်အတွက်ပြိုင်ပွဲကြိုးဝိုင်းမှာရင်ဆိုင်ထိုးသတ်ဖို့အတွက်မျှော်လင့်ပါတယ်” ဆိုပြီ ရေသားဖော်ပြပေးထားပါသေးတယ်။

admin