Monthly Archive: September, 2021

ဒေါ်အောင်ဆန်းစုကြည်မှာ တခြားခေါင်းဆောင်တွေနဲ့မတူတဲ့ စေတနာတခုရှိတယ်

ဒေါ်အောင်ဆန်းစုကြည်မှာ တခြားခေါင်းဆောင်တွေနဲ့မတူတဲ့ စေတနာတခုရှိတယ် အဲဒါ လူတွေကိုပျော်စေချင်တာ လွတ်လပ်စေချင်တာပဲ သူမအုပ်ချုပ်ခဲ့တဲ့ကာလမှာပြည်သူတွေဟာ ဘယ်ခေတ်ကနဲ့မှမတူအောင်ပျော်ရွှင်ခဲ့ရတယ် လွတ်လပ်ခဲ့ရတယ် ပေါ့ပါးခဲ့တယ်…အသိသာဆုံးကတော့ ခေတ်အဆက်ဆက်ကကြောက်ရွံ့ခဲ့ရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆယ်အိမ်မှူးရာအိမ်မှူးတွေကို “ငါတို့ကပြည်သူကွ” လို့ မာမာတင်းတင်းပြောရဲလာတာပါပဲ ရဲတွေ့ရင် ကိုယ်အပြစ်မလုပ်ထားရင် ” ဘာဂရုစိုက်ရမှာလဲ”ဆိုတဲ့ပုံစံတဲ့ ခပ်တည်တည်နေနိုင်ခဲ့တယ် စစ်သားတွေ့ရင် ” နင်တို့လည်းနင်တို့အလုပ်လုပ် ငါတို့လည်းငါတို့အလုပ်လုပ်”ဆိုပြီး အေးဆေးနေနိုင်ခဲ့တယ် ဆိုလိုတာက ဘာအပြစ်မှမလုပ်ထားဘူးဆိုရင် ဘာကိုမှကြောက်စရာမလိုခဲ့တာပါပဲ ကိုယ်တိုင်က လူလတ်ပိုင်းအရွယ်ဆိုတော့ သူမလက်ထက်မှာပေးခဲ့တဲ့ လွတ်လပ်ခြင်းအရသာကို အပြည့်အဝခံစားနိုင်ခဲ့တယ် ရုပ်ရှင်ရုံတွေမှာ လူတွေစည်ကားခဲ့တယ် show ပွဲတွေ များလွန်းလို့ ဘာကိုကြည့်ရမလဲလို့‌ရွေးနေရတဲ့အထိ ဖျော်ဖြေရေးကဏ္ဍတွေအောင်မြင်ခဲ့တယ် ညဘက် nightlife မှာဆို club တွေ bar တွေ KTV တွေမှာ လူတွေအပြည့် ညဈေးတန်းတွေမှာ လူအပြည့် ၁၉လမ်းလသာလိုနေရာတွေမှာ ထိုင်စရာနေရာမရှိတော့တဲ့အထိ လူတွေလွတ်လပ်ပျော်ပါးနိုင်ခဲ့ကြတယ် ဈေးပွဲတော်တွေ ပွဲဈေးတန်းတွေမှာ ရောင်းကောင်းဝယ်ကောင်းခဲ့တယ် အင်တာနက်တွေ...

ကြည်ညိုလို့လှူဒါန်းထားကြတဲ့ လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ပြန်လည်စွန့်ကြဲလိုက်တဲ့ မဟာဗောဓိမြိုင်ဆရာတော်

ပြည်သူများသာမကဘဲ သံဃာတော်များကပါ ကြည်ညိုလေးစားရတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ဝါတွင်းသုံးလပတ်လုံး ဆွမ်းခံကြွလေ့ရှိပါတယ်။အဲ့ဒီဆွမ်းခံကြွတဲ့ရက်တွေမှာ ဒါယကာ၊ဒါယိကာများနဲ့သံဃာတော်အပေါင်းက ကြည်ညိုစွာဖူးမြော်ကြပြီး ဆွမ်းလောင်းလှူကြတာဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ကန့်ဘလူမြို့နယ်၊မြေမွန်ကျေးရွာအုပ်စု၊ဉေယျဓမ်တောရကျောင်းတွင် သီတင်းသုံးနေထိုင်တာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး ဆွမ်းခံကြွချီတဲ့မနက် (၇)နာရီကို ရပ်ဝေး၊ရပ်နီးမှ ဒါယကာ၊ဒါယိကာမများက အရောက်လာပြီး ဖူးမြော်ကြတာဖြစ်ပါတယ်။သက်တော် (၈၀)ကျော်သွားပြီဖြစ်တဲ့ ဆရာတော်ဘုရားကြီးက သီလ၊သမာဓိနဲ့ပြည့်စုံနေတာဖြစ်လို့ အသွားအပြန်ခြေရာတောင် တစ်ထပ်တည်းကျတာဖြစ်ပါတယ်။ကြည်ညိုဖွယ်ရာကောင်းတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုကလည်း လှူဖွယ်ပစ္စည်းများစွာ ဆပ်ကပ်လှူဒါန်းကြပါတယ်။ လာဘ်လာဘပေါများတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကလည်း လှူဒါန်းကြတဲ့ လှူဖွယ်ပစ္စည်းများကိုလေးပြင်လေးရပ်ရှိ သံဃာတော်အရှင်သူမြတ်တို့ကို ပြန်လည်စွန့်ကြဲခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့အလှူဒါနကို လှူဒါန်းကြတဲ့ ဒါယကာ၊ဒါယိကာမအပေါင်းတို့ကလည်း ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုနေကြတာဖြစ်ပါတယ်။သာသနာ့ဘောင်မှာ ဘုရားသားတော်အဖြစ်နေထိုင်ရင်း တရားအားထုတ်နေတဲ့ ဆရာတော်ကြီးရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဗိုလ်ချုပ်နေဝင်း အစိုးရကို တော်လှန်ခဲ့သော အလှမယ် (သို့) မယ်ဗမာ ၂ ထပ်ကွမ်း နော်လွီဇာဘင်ဆင်

” ဗိုလ်ချုပ်နေဝင်း အစိုးရကို တော်လှန်ခဲ့သော အလှမယ် ( သို့) မယ်ဗမာ 2ထပ်ကွမ်း နော်လွီဇာဘင်ဆင် ” 👑🇲🇲 အက်မင် ဒီညတော့ တစ်ခေတ်တစ်ခါက တော်လှန်ရေးအလှမယ် နော်လွီဇာရဲ့ အကြောင်းကို မျှဝေပေးသွားပါ့မယ် မူရင်းရေးသားသော မည်သူမဆိုအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် 🙏🙏 “ သူ့ရဲ့ဘယ်ဘက် ပါးဖောင်းဖောင်လေးပေါ်မှာ သူ့အလှကို ပိုဖြည့်စွက်ပေးတဲ့ မှည့်သေးသေးလေး တစ်လုံး ရှိတယ်။ ကြင်နာတတ်တဲ့ အသည်းနှလုံးရှိပြီး နိုက်တင်ဂေးလ်လို သာယာတဲ့အသံနဲ့ တေးဆိုတတ်တဲ့ ရေဒီယို အဆိုတော်တစ်ယောက်… သူမကို ၁၉၄၁ ခုနှစ် မတ်လ ၁ဝ ရက်နေ့မှာ မွေးခဲ့တာ အဖေက ဂျူးလူမျိုး စွန့်ဦးတီထွင် စီးပွာရေးသမား စောဘင်ဆင်, မိခင်က ကရင်လူမျိုး နော်ချစ်ခင်, သူ့ကိုတော့ Louiser Benson ( နော်လွီဇာ ဘင်ဆင်....

ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုအတွက် ဖမ်းဆီးခံထားရသူ နှစ်ဦးအမှု ရုံးချိန်းရွှေ့ဆိုင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး နယူးယောက်မြို့ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ရဲ့အမှု ရုံးတင်စစ်ဆေးနေတာကို အောက်တိုဘာလ ၂၇ ရက် အထိ ရွှေ့ဆိုင်းထားဖို့ နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးကနေ RFA က ရရှိတဲ့ တရားရုံးမှတ်တမ်းတွေအရ ဒီအမှုမှာ တရားလိုအဖြစ် တရားစွဲဆိုတဲ့ ခရိုင်လက်ထောက် ဥပဒေအရာရှိ ရှေ့နေ နီကိုးလပ် ဘရက်ဒလေက ရက်ရွှေ့ဆိုင်းဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး တရားခံနှစ်ဦးရဲ့ရှေ့နေတွေကလည်း ရက်ရွှေ့ဆိုင်းဖို့ သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား နှစ်ဦးဟာ သူတို့ဖမ်းဆီးခံရပြီးကတည်းက ရုံးတင် စစ်ဆေးမှု မလိုအပ်ဘဲ အပြစ်ဝန်ခံပြီး အမိန့်ချမှတ်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေကြောင်းနဲ့ အခု ရုံးချိန်းရက်ရွှေ့ဆိုင်းလိုက်တဲ့ကာလအတွင်းမှာလည်း...

မြန်မာ့အချမ်းသာဆုံး ဦးတေဇကို ကျော်တက်သွားနိုင်တဲ့ ခရိုနီလက်သစ် ၃ ဦး

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး မြန်မာ့တပ်မတော်၏ အကြီးအကဲများအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်ကြီးအသစ်များ ပြောင်းလဲတာဝန်ယူချိန်တွင် ဗိုလ်ချုပ်ကြီးများ ၏သားသမီးများ နှင့် ၎င်းတို့ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ခရိုနီအသစ်များအဖြစ် ရာထူးပြောင်းလဲသွားကြသည်။ မြန်မာ့အချမ်းသာဆုံး ဦးတေဇကို ကျော်တက်သွားနိုင်တဲ့ ခရိုနီလက်သစ် ၃ ဦး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံကို စစ်တပ်က နောက်ထပ်တကြိမ် အာဏာသိမ်းခံလိုက်ရသည့် တပြိုင်နက် ခရိုနီအသစ်များသည် အခန်းကဏ္ဍသည်လည်း တဖန်ပြန်ပြီး အရေးပါလာပြန်သည်။ “ဂျော်နသန်ကျော်သောင်း” – သူဟာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံနဲ့အလွန်နီးစပ်ရင်းနှီးသူတဦးဖြစ်ပါတယ်။ စစ်တပ်လောကရဲ့အခေါ်”အိမ်တော်”ရဲ့လိုအပ်တဲ့ဇိမ်ခံပစ္စည်းနဲ့တကွအရာအားလုံးကိုပြည်တွင်းပြည်ပကနေချိတ်ဆက်ဝယ်ယူပေးရတဲ့လူယုံတဦးလည်းဖြစ်ပါသတဲ့။ ဒါ့အပြင်.. အိမ်တော်အတွက်ပြည်တွင်းပြည်ပစီပွားရေးကုမ္ပဏီများနဲ့ချိတ်ဆက်စီမံဆောင်ရွက်ပေးရတဲ့တဦးတည်းသောစီမံခန့်ခွဲရသူလည်းဖြစ်ပါသတဲ့။ ယခုနောက်ဆုံးစီးပွားရေးကိစ္စတခုကတော့..ပါကစ္စတန်နိုင်ငံက JF-17လေယာဉ်တွေ ဝယ်ယူတဲ့ကိစ္စမှာလည်းအဓိကအကျိုးဆောင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းလိုနေရာမျိုးမှာလည်းအများကြီးရင်နှီးမြှုပ်နှံထားနိုင်လို့ခရိုနီလက်ဟောင်းလောကမှာသူ့ကိုအလွန်စိတ်ဝင်စားနေကြသတဲ့။ သူ့လုပ်ကွက်တွေထဲက ရုပ်အဆိုးဆုံးလုပ်ရပ်ကတော့ ဆူးလေဆိပ်ကမ်းကိုအပိုင်သိမ်းလိုက်တဲ့ကိစ္စပါပဲ။ တကယ်တော့ ဆူးလေဆိပ်ကမ်းဟာမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့လက်အောက်နိုင်ငံတော်ပိုင်နေရာပါ။ အဲ့ဒါကို..MECကစည်းလွတ်ဝါးလွတ်သိမ်းယူပြီး..ဂျော်နသန်ကျော်သောင်းကိုဘလိုင်းကြီးလွှဲပေးလိုက်တယ်လို့ဆိုပါတယ်။ဂျော်နသန်ကျော်သောင်းရဲ့ချမ်းသာကြွယ်ဝမှုကိုခုချိန်မှာ မခန့်မှန်းနိုင်ပေမဲ့ခုနှုန်းအတိုင်းသာဆက်သွားရင်မြန်မာ့အချမ်းသာဆုံးခရိုနီကြီးဦးတေဇကိုကျော်တက်သွားနိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။ ဒါပေမဲ့..ကမ္ဘာ့သတင်းမီဒီယာတွေကတော့သူ့ကိုလုံးဝသတိမထားမိသေးပါဘူး။ ဒါ့ကြောင့်..သိမိသလောက်အနဲငယ်တင်ပြလိုက်ပါတယ်။ “အိုင်ဗန်ထက်” သူကတော့..ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ရဲ့သားဖြစ်ပါတယ်။ သူ့အဖိုးဟာ..ယခင်မဆလပါတီခေတ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးသူရကျော်ထင်ပါ။ ဒါ့ကြောင့်မျိုးနဲ့ရိုးနဲ့ဆိုတာမျိုးပါ။ အိုင်ဗန်ထက်ကတော့(Ivan...

စစ်ဘေးရှောင်ထွက်ပြေးရင်း ကွဲကွာသွားရာက (၁၂)ရက်ကြာမှ ပြန်ဆုံတွေ့ခဲ့ကြတဲ့ သားအမိနှစ်ယောက်

ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် နိုင်ငံအတွင်း နေရာတော်တော်များများ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် အများပြည်သူတွေမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ အခက်အခဲတွေနဲ့ ပိုင်ဆိုင်သမျှတွေကို အကြမ်းဖက်မှုတွေကြောင့် စွန့်လွှတ်ကာ ဒုက္ခသည်တွေအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။ တောင်ပေါ်ဒေသတိုင်းရင်းသားတွေဟာ စစ်ဘေးကြောင့် အသက်လုထွက်ပြေးရင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ခံစားနေရပြီး မိသားစုတွေမှာလည်း တကွဲတပြားနဲ့ ဝေးကွားနေကြရတာတွေလည်း ရှိနေပါတယ်။ သားအမိနှစ်ယောက်မှာလည်း စစ်ရှောင်ထွက်ပြေးရင်း ကွဲကွာသွားခဲ့ရပြီး ရက်အတော်ကြာမှ ပြန်ဆုံခဲ့ကြရပါတယ်။ မိုင်းကိုင်မြို့နယ် ပန်ကေတုစစ်ဘေးရှောင်မှ မိခင်ဖြစ်သူနဲ့ ကလေးငယ်လေးဟာ စစ်ရှောင်ပြေးရင်း ကွဲကွာသွားကာ (၁၂)ရက်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ စိုးရိမ်စိတ်တွေနဲ့ ဘေးကင်းစေဖို့ ဆုတောင်းနေခဲ့ရပြီး ပြန်လည်တွေ့ဆုံချိန်မှာတော့ သားအမိနှစ်ယောက် ဖက်ပြီးငိုကြွေးနေခဲ့ကြတာ ဖြစ်ပါတယ်။

NUG က ငွေတိုက်စာချုပ် (Bond) ထုတ်ရောင်းဖို့ စီစဉ်နေတယ်ဟု ကြားသိရ

NUG က ငွေတိုက်စာချုပ် (Bond) ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ ဒီအစီအစဉ်တော့ သဘောကျမိတယ်။ သားရွှေအိုးထမ်းလာမယ့် အစီအစဉ်ကိုးဗျ။တော်လှန်ရေးမှာ လှူတာက လှူလိုက်တာပဲလေ။ လှူတာက (ဘုန်းကြီးဂျင်းလိုမျိုး) နောင်ဘဝမှာ ပြန်ရတယ် ဘာညာ မျှော်လင့်ချက်ပေးနိုင်ပေမယ့် လက်တွေ့မှာ ကိုယ်က ကုန်သွားတာ။ Bond ဝယ်တာကျတော့ လှူတာနဲ့ မတူတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်လို့ရတယ်။ အနည်းဆုံးကတော့ ငွေသား အမြတ် မရရင်တောင် အရင်းမရှုံးဘူးပေါ့။တော်လှန်ရေးပြီးရင် ပြည်သူ့အစိုးရက ဒီငွေတွေကို ပြန်ထုတ်ပေးမှာဆိုတော့ နောင်ရေး စိတ်ပူသူတွေက Bond တွေ ဝယ်ယူထားဖို့ နည်းလမ်းရသွားတယ်။ ဥပမာဗျာ .. ကျွန်တော်က မြန်မာပြည်မှာ အိမ်ဝယ်ဖို့ (သို့) မြန်မာပြည်မှာ စီးပွားရေး လုပ်ဖို့ ငွေစုထားတယ်။ သို့သော် မြန်မာပြည်လက်ရှိ အခြေအနေကြောင့် မဝယ်ဖြစ်သေးတာ (သို့) စီးပွားရေး မလုပ်ဖြစ်သေးတာကြောင့် စုထားတဲ့...

ပြည်သူတွေပို့ပေးတဲ့ အနွေးထည်လေးထဲကနေ စာလေးတစ်စောင်ပါလာတာကိုဖတ်ရင်း ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့ PDF ရဲဘော်များ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်တော်တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး လွတ်မြောက်နယ်မြေမှာ PDF လူငယ်တွေအနေနဲ့ အခက်အခဲတွေများစွာကို အားတင်းရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။ PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။ အခုအခါမှာဆိုရင်လည်း မိုးတွင်းကာလလည်းဖြစ်တဲ့အပြင် ဆောင်းတွင်းရောက်‌လာတော့မှာဖြစ်တာကြောင့် PDF ရဲဘော်လေးတွေအတွက် အနွေးထည်တွေလိုအပ်နေတာပါ။ ဒါ့ကြောင့်ပြည်သူတွေကလည်း လှူဒါန်းပေးကြပြီး အားတက်စေမယ့် စာလေးတွေပါရေးထည့်ပေးကြတာတွေ့ရပါတယ် ။ စာလေးတွေဖတ်ရင်း ရဲဘော်တွေလည်းဝမ်းနည်းဝမ်းသာဖြစ်ကြကာ အားတင်းထားကြောင်းကိုလည်း မကြာသေးမီက PDF ရဲဘော်တစ်ဦးဟာ သူ့ရဲ့Facebook စာမျက်နှာလေးမှာ မျှဝေထားခဲ့ပါတယ်။

ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ မင်းသားချော ပိုင်တံခွန်အတွက် ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့တဲ့ ထိုင်းလူမျိုး

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း ဗီယက်နမ် တရုတ် စတဲ့နိုင်ငံတွေ အပြင် ဥရောပနိုင်ငံတစ်ချို့က ပရိတ်သတ်တွေပါအားပေးခြင်းခံခဲ့ရတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။ ယခုဆိုရင် သူရဲ့ ထိုင်းလူမျိုးပရိသတ်တွေက ပိုင်တံခွန်အတွက် အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပြီး သီချင်းလေးစပ်ပြီး သီဆိုပေးခဲ့ကြပါတယ်။ ပိုင်တံခွန် တစ်ယောက်အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။   @wanwan81##เราจะส่งบทเพลงนี้ฝากไปให้ไป่ถึงเรือนจำ อ้นเซ็ง# เพลงนี้ชื่อว่า ไป่ทาคน# เนื้อเพลง ลลิตา...