Monthly Archive: March, 2021

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ကျဆုံးသွားသူများအတွက် ဆုတောင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း မြို့ နယ်အချို့တွင် အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူများအ တွက် ဆုတောင်းပွဲများကို ညအ ချိန်တွင် ပြုလုပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။ ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများအတွက် ဆု တောင်းပွဲများကို မတ်လ ၅ ရက် ညပိုင်းက မုံရွာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ကလေးဝ၊ ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ရွှေဘို၊ ကလေး စသည့် မြို့နယ်များအတွင်း ရပ် ကွက်၊ ကျေးရွာများတွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသခံတစ်ဦးက ‘‘မတ်လ ၄ ရက်ကစပြီး ညတိုင်း ဆု တောင်းပွဲလုပ်တယ်။ စစ်အာဏာရှင်ကျဆုံးရေးမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဖယောင်း တိုင်တွေထွန်းပြီး လက်ပံတောင်း တောင်အနီး ပတ်ဝန်းကျင်ရွာတွေက ချင်းတွင်းမြစ်ကမ်းမှာ ဆု တောင်းတာပါ။ စစ်အာဏာရှင်အမြန်ကျဆုံးပါစေလို့ ချင်းတွင်း မြစ်ကို သက်သေတည်ပြီး ဆု...