Monthly Archive: February, 2021

CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား လစာမပေးဘဲဆိုင်းငံ့ထားမည်ဟု ရှမ်းပြည်နယ်စည်ပင် ခြိမ်းခြောက်

အာဏာသိမ်းစစ်ကောင် စီလက်အောက်တွင် တာဝန်မ ထမ်းဆောင်လိုကြောင်း အာဏာ ဖီဆန်သော CDM လှုပ်ရှားမှုပြု လုပ်နေသည့် စည်ပင်ဝန်ထမ်းများ အားလစာမပေးရန် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနက ခြိမ်း ခြောက်အကျပ်ကိုင်မှု ပြုလုပ်နေ သည်ဟု CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်းများက ပြောသည်။ ရှမ်းပြည်နယ် စည်ပင်သာ ယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနခွဲမြို့နယ်နှင့် မြို့နယ်ခွဲ စည် ပင်သာယာရေးဌာနများရှိ CDM ပြုလုပ်နေသည့် ဝန်ထမ်းများ၏ လစာစရိတ်ကို အဆိုပါဝန်ထမ်း များ၏ရုံးတက်သည့် ရက်များအ တွက်သာ ထုတ်ပေးမည်ဖြစ်ပြီး ကျန်သည့်ရက်များအတွက် လစာ မပေးဘဲဆိုင်းငံ့ထားမည်ဟု ရှမ်း ပြည်နယ် စည်ပင်သာယာရေးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ညွှန်ကြားစာ ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ဖိအား ပေး လုပ်ဆောင်လာမည်ဆိုသည် ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သ ဖြင့် တုန်လှုပ်ခြင်းမရှိသလို CDM လှုပ်ရှားမှုအား ရပ်တန့်သွားမည်မ...

ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများကိုအကြမ်းမဖက်ရန် သြစတြေးလျနှင့်နယူးဇီလန် သံအမတ်များလည်းတောင်းဆို

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများနှင့် အရပ်သားများကို အကြမ်းမဖက်ရန် သံအမတ်များစုပေါင်းတောင်းဆိုသည့် ကြေညာချက်တွင် သြစတြေးလျ နှင့် နယူဇီလန် နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများလည်း ပါဝင်လက်မှတ်ထိုးလာသောကြောင့် သံအမတ် ၁ရ ဦးထိရှိလာပြီဖြစ်သည်။ တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြ သူများနှင့် အရပ် သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို တောင်းဆိုကြောင်း မြန်မာ နိုင်ငံဆိုင်ရာသံအမတ်ကြီးများက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းက ကြေညာချက်ထုတ်ပြန်ထား ခြင်းဖြစ်သည်။ ယခင် ကြေညာချက်တွင် ပါဝင်လက်မှတ်ထိုးထားသည့် သံအမတ်ကြီးများမှာ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ – နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား...

မန္တလေးက တရုတ်သံရုံးရှေ့ဆန္ဒပြနေချိန် လူရမ်းကားများနှောက်ယှက်

မန္တလေးမြို့ ရှိတရုတ်သံရုံးအရှေ့ဘက်တွင် လူငယ်များစုပေါင်းဆန္ဒပြနေချိန် ညနေ ၅နာရီခန့်က လူရမ်းကားအုပ်စုတစ်စုရောက်ရှိလာလို့ဆိုပြီး ဆန္ဒပြလူငယ်တွေ လူစုခွဲလိုက်ပါတယ်။ အားကစားသိပ္ပံနဲ့ မျက်နှာချင်းဆိုင် ၇၃ လမ်းပေါ်က သံရုံးမှာ လမ်းပိတ်ထားပြီး လုံခြုံရေးရယူပေးထားတဲ့ရဲတပ်ဖွဲ့လည်းရှိနေချိန်မှာ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအပါအဝင် လူငယ်တစ်ချို့ဟာ အာဏာသိမ်းအစိုးရကို ထောက်ပံ့ပေးတာမပြုဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ရှိတဲ့နေရာနဲ့ တစ်ဘက်မျက်နှာစာမှာ အေးချမ်းစွာ ဆန္ဒပြနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ညနေ၅နာရီဝန်းကျင်မှာ တုတ်များကိုင်ဆောင်ထားသော လူရှစ်ဦးကရောက်ရှိလာပြီး ဆန္ဒဖော်ထုတ်နေတဲ့သူတွေရဲ့ ရှေ့ကနေ ရဲတပ်ဖွဲ့အနီးကပ်ပြီးအော်ဟစ်သလို လမ်းသွားလမ်းလာတွေကိုလည်း အဲဒီနေရာမှာဆန္ဒပြဖို့လှုံ့ဆော်တာတွေ လုပ်လာခဲ့ပါတယ်။ လူငယ်တွေက “၅၀၀၀ တန်တွေ လာပြီ ပြန်ကြ ပြန်ကြ”ဆိုပြီး လိုက်လံ နှိုးဆော်ခဲ့တာကြောင့် လူစုခွဲလိုက်ကြပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထုသဘောထားအတိုင်း ရပ်တည်မယ်လို့ SNLD ထုတ်ပြန်

၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထုရဲ့ သဘောထားအတိုင်း ရပ်တည်သွားမှာဖြစ်ပြီး မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားတာကို အသိအမှတ်ပြုလက်ခံဖို့ SNLDက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ၁ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းယူလိုက်တဲ့ လုပ်ရပ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေနဲ့ တိုင်းရင်းသား ပြည်သူတွေအကြား ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆန့်ကျင်နေတာကြောင့် အဲဒီ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း SNLDက ဆိုပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကိုလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLDက တောင်းဆိုထားပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အောင်မြင်ဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။