ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံရမည်မဟုတ်ဘဲ မိမိဆန္ဒအရ လာရောက်ထိုးနှံရမည်ဟု ကျန်းမာရေးတာဝန်ရှိသူပြော
ကိုဗစ်-၁၉ ကာကွယ် ဆေးကို မဖြစ်မနေထိုးရန် သတ် မှတ်မည်မဟုတ်ဘဲ မိမိစိတ်ဆန္ဒ အရ လာရောက်ထိုးနှံရမည်ဖြစ် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။ ‘‘ကာကွယ်ဆေးသည် မဖြစ် မနေ ထိုးကိုထိုးရမယ် မဟုတ်ပါ ဘူး။ မိမိထိုးချင်စိတ်ရှိမှ ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး စုရပ်ကို လာပြီဆိုရင် ကာကွယ် ဆေးထိုးဖို့အတွက် သဘောတူညီ တယ်လို့ယူဆတဲ့အတွက်ကြောင့် Contract Form တွေ၊ ဘာတွေ မှာ လက်မှတ်မထိုးခိုင်းတော့ပါ ဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ အလုပ်ပိုတွေ လျှော့ချချင်တယ်။ နောက် ကာကွယ်ဆေးထိုးလုပ် ငန်းရဲ့ လူအင်အားအသုံးပြုတာပါ လျော့သွားဖို့ ဆောင်ရွက်တာဖြစ် ပါတယ်’’ ဟု ဒေါက်တာခင်ခင် ကြီးက ရှင်းပြသည်။ ထို့အပြင် ကိုဗစ်ကာကွယ် ဆေးထိုးနှံရာတွင် သိသင့်သိထိုက် သည့် အချက်အလက်များကို...