Monthly Archive: September, 2020
ရန်ကုန်ကိုဗစ်ကို အပြီးတိုက်ရန်အတွက် ကရင်ပြည်နယ် မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးလာရောက်ကူညီ
ရန်ကုန်ကိုဗစ်ကို အပြီးတိုက်ရန်အတွက် ကရင်ပြည်နယ် မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးသည် လာရောက်ကူညီဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)တွင် တာဝန်ထမ်းဆောင်ရန် အတွက် ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးသည် ယနေ့၊ နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြကြောင်းသိရပါတယ်။ Myanmar Platform
လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်
လူနာတင်ယာဉ်များ စက်တင်ဘာလ (၂၉) ရက်ကစတင်ကာ အောက်တိုဘာ လကုန်အထိ တစ်ရက်လျှင် စက်သုံးဆီ (၂၅)လီတာ အခမဲ့ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ သိရသည်။ လူနာတင်ယာဉ်များ အခမဲ့ စက်သုံးဆီထုတ်ယူခွင့်ရယူနိုင်ရန်အတွက် Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လျှောက်ထားသူများကို (၂၄)နာရီအတွင်း စက်သုံးဆီ အခမဲ့ထုတ်ယူခွင့်ကတ်များကို ပြန်လည် ဆက်သွယ်၍ ထုတ်ပေးသွားမည် ဖြစ်ပြီး ဧရာဝတီစင်တာ စီမံခန့်ခွဲမှုရုံး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဂိတ်(၂)တွင် လာရောက်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ အခမဲ့ ထုတ်ယူလိုသည့် လူနာတင်ယာဉ်များ အနေဖြင့် အဖွဲ့အစည်းအမည်၊ လူနာတင်ယာဉ်အမှတ်၊ တာဝန်ခံယာဉ်မောင်းအမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာ၊ မော်တော်ယာဉ်၏ ဓာတ်ပုံတို့နှင့်အတူ Ayeyarwady Center ၏ Messenger (သို့) Viber (09 88 760...
ကမ္ဘောဇဘဏ် က ငွေကျပ် သိန်း (၇၀၀၀) ကနဦးမတည်ပြီး ရွှေသံလွင်ကုမ္ပဏီက ငွေကျပ် သိန်း (၃၀၀၀) ထည့်ဝင် လှူဒါန်းထား
ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Skynet) တို့ အင်းယားလိတ်ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင် (၁၀) ရက်အတွင်းပြီးစီးနိုင်ရေး တည်ဆောက်လျက်ရှိကြောင်းနှင့် ကမ္ဘောဇဘဏ် က ငွေကျပ် သိန်း (၇၀၀၀) ကနဦးမတည်ပြီး ရွှေသံလွင်ကုမ္ပဏီက ငွေကျပ် သိန်း (၃၀၀၀) ထည့်ဝင် လှူဒါန်းထားကြောင်း သတင်းရရှိသည်။ COVID-19 ကူးစက်လူနာ (၅၀၀) ဦးအထိ လက်ခံကုသပေးမည့် အင်းယားလိတ် ကိုဗစ်စင်တာတည်ဆောက်ရေးအတွက် ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း (၇၀၀၀) ဦးဆောင်မတည်ထားပြီး ရွှေသံလွင်ကုမ္ပဏီ (Skynet) မှလည်း ငွေကျပ် သိန်း (၃၀၀၀) ထည့်ဝင် လှူဒါန်းထားကာ စင်တာကို (၁၀) ရက်အတွင်းပြီးစီးနိုင်ရန်ဆေးဘက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက အဆောင်များတိုးချဲ့ကာ ကုတင် (၁၀၀၀) အထိ ထားရှိသွားရန် လျာထားဆောင်ရွက်လျက်ရှိသည်။...
ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်၏မိခင်ကွယ်လွန်
ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဦးမြင့်အောင်၏ဇနီး၊ ထပ်ဆင့်အကယ် ဒမီ မင်းသမီး မို့မို့မြင့်အောင်၏မိခင်ကြီး အသက် ၉၉ နှစ်အရွယ် ဒေါ်သန်းရင် သည် ယနေ့ မွန်းလွဲပိုင်းက လူကြီးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်က လုပ်ဖော်ကိုင်ဖက်အနုပညာရှင်များနှင့် ပရိသတ်များအား သူ့မိခင်ကွယ်လွန်သွားသည့်အကြောင်းကို လူမှုကွန်ရက်က အသိပေးထားခြင်း ဖြစ်သည်။ ” မို့ ကြေကွဲစွာခံစားနေရပါတယ်။ မို့ မိခင်ကြီး အသက်(၉၉)နှစ် ၃၀-၉-၂၀၂၀ နေ့လယ် ၁ နာရီ ၅မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန် သွားပါပြီ။ မို့ ခံစားနေရသလို သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ်။ Covid နဲ့ Lockdown ကြောင့်မို့ပါ။ မို့ စာအများကြီးမရေး နိုင်တာ ခွင့်လွှတ်ပါ ” ဟုယင်းကရေးသားထားသည်။
အထူး Stay at Home ကြေညာပြီး ( ၉ )ရက် မြောက်နေ့ ရန်ကုန်မြို့လယ် မြင်ကွင်း
ယနေ့ စက်တင်ဘာ ၃၀ ရက်၌ ရန်ကုန်မြို့လယ်တွင် လူအသွားအလာနှင့် ယာဉ်အသွားအလာ ရှင်းလင်းနေမှုအား အထူး Stay at Home ကြေညာပြီး ( ၉ )ရက် မြောက်နေ့ မြင်ကွင်းအားဖေါ်ပြပေးလိုက်ပါသည်။ ပိုမိုတင်းကျပ်သည့် Stay at Home အမိန့်တွင် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ အိမ်မှလုပ်ငန်းဆောင်ရွက်ရန် နှင့် CMP စက်ရုံ အလုပ်ရုံ ဝန်ထမ်းများ အား စက်တင်ဘာ ၂၄ ရက်မှစ၍ ၁၄ ရက် ရပ်နားရမည်ဟု အပါအဝင် ရပ်ကွက်ကျော်ပြီးမထွက်ရဟု ကန့်သတ်မှုများလည်းပါဝင်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက် နေ့ နံနက် ၈:၀၀ နာရီ မှ စတင်၍ အမိန့် က အသက်ဝင်ကြောင်းကြေညာခဲ့သည်။ စက်တင်ဘာ ၂၄ ရက် မှစတင်ကာ ရန်ကုန်ကို စည်းကမ်းတင်းကျပ်သွားမည် ဟု...
ပျဉ်းမနားမြို့တွင် NLD အောင်နိုင်ရေး မော်တော်ယာဉ်တန်းဖြင့် လှည့်ပတ်အင်အားပြ
နေပြည်တော်၊ ပျဉ်းမနားမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အောင်နိုင်ရေး ယာဉ်တန်းများသည် ယ နေ့(စက်တင်ဘာ ၃၀ ) နံနက် ၉ နာရီမှ စတင်ကာ မြို့ပေါ်နှင့် ကျေးရွာသို့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် လှည့်ပတ် အင်းအားပြခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ မော်တော်ယာဉ်များတွင် NLD စတစ်ကာများတပ် ဆင်ထားပြီး အောင်နိုင်ရေးတွင် လိုက်ပါသူများကလည်း NLD တံဆိပ်ပါ နှာဖူးစည်းများတပ်ဆင်ခြင်း၊အလံများ ကိုင်ဆောင်ခြင်းများ ပြုလုပ်၍ NLD အောင်ရမည်ဆိုသည့်ကြွေး ကြော်သံများနှင့် အတူ လည့်ပတ်ခဲ့ကြခြင်းဖြစ် သည်။ NLD အောင်နိုင်ရေး မော်တော်ယာဉ်တန်းတွင် ယာဉ်အစီး ရေ ၂၀၀ ၀န်းကျင်ခန့်နှင့် ဆိုင်ကယ်အစီးရေ ၁၀၀ နီးပါးရှိခဲ့ပြီး ၎င်း ယာဉ်များပေါ်မှ လိုက်ပါဝန်းရံသူ ၅၀၀၀ နီးပါခန့်ရှိမည်ဟု လိုက်ပါသူများမှ ပြောဆိုခဲ့ကြသည်။ “ရုံးက စထွက်တာတော့ လူ အင်းအား ၂...
အင်းစိန်ရှိ ဓမ္မဝါဒီစာသင်တိုက်မှ သီလရှင်အပါး ၃၀ တွင် ကိုဗစ်ရောဂါပိုးထပ်မံတွေ့
အင်းစိန်၊ စက်တင်ဘာ ၃၀။ အင်းစိန်မြို့နယ်အတွင်းရှိ ဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးအပါး ၃၀အထိ ကိုဗစ်ရောဂါပိုး တွေ့ရှိထားတယ်လို့ စာသင်တိုက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ အဆိုပါဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးစုစုပေါင်း ၆၈ပါးကို ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာက သီလရှင်အပါး ၃၀မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့သည် စက်တင်ဘာလ ၂၇ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်မှာ ကိုဗစ်လူနာသစ် ၁၂ဦး တွေ့ရှိခဲ့ရာမှာ ဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ ဆရာလေး ၆ပါး ပါဝင်ခဲ့ပါတယ်။ ထိုသို့ စာသင်တိုက်မှာ ကိုဗစ်ပိုးတွေ့မှုရှိသည့် ဆရာလေး ၆ပါးနဲ့ထိတွေ့ခဲ့သည့် သီလရှင်ဆရာလေးများကို ပိုး စစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့တယ်လို့ ယနေ့ နေ့လည်ပိုင်းအချိန်မှာ စာသင်တိုက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ
နှင်းဆီပါတီဟု လူသိများသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် အား ယမန်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အတည်ပြု ပြောဆိုသည်။ “Confirmed ဖြစ်ပါတယ်။ မနေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၂၄) အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေး ဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာ ဖြစ်ပါတယ်” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်များသို့ ပြောကြားသည်။   ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒနယ် ဒုတိယအများဆုံး ဝင်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဋ္ဌ၏ ထောင်ပြေးအမှုကို လုံခြုံရေး အဖွဲ့အစည်းများက စုံစမ်း စိစစ်နေသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဖားကန့်မြို့နယ်တွင် အတည်ပြုလူနာ (၂၃)ဦး ထပ်တွေ့
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စက်တင်ဘာ(၃၀)ရက် ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြု လူနာ(၂၃)ဦး ထပ်မံတွေ့ရှိတယ်လို့ သိရပါတယ်။ အခုတွေ့ရှိတဲ့ အတည်ပြုနာတွေဟာ လူနာအမှတ်(၁၇၁၂)နဲ့ ထိတွေ့ဆက်စပ်ခဲ့သူ(၄)ဦးပါဝင်ပြီး ကျန်ပိုးတွေ့လူနာတွေကတော့ တောင်ပြိုကျေးရွာက တစ်ရွာတည်း နေထိုင်သူတွေ ဖြစ်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ အဲ့ဒီနေ့ တစ်ရက်တည်းမှာပဲ မြစ်ကြီးနားမြို့နယ်က (၁)ဦးနဲ့ မိုးညှင်းမြို့နယ်မှာ (၂)ဦးကိုလည်း တွေ့ရှိတာကြောင့် စုစုပေါင်း(၂၆)ဦး ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ ထပ်မံတွေ့ရှိတဲ့ ပိုးတွေ့လူနာတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် ဆရာဝန်ကြီးဒေါက်တာ မင်းလွင်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တာ မှန်ပေမယ့် အချက်အလက် အတိအကျမရရှိသေးတာကြောင့် အတည်မပြုနိုင်သေးဘဲ အချက်အလက် အတိအကျရရှိချိန်မှာ ပြန်လည်ဆက်သွယ်မေးမြန်းဖို့ဖြေကြားခဲ့တာပါ။ လက်ရှိ ကချင်ပြည်နယ်မှာ စက်တင်ဘာ လ (၃၀)ရက်အထိ ကိုဗစ်-၁၉ အတည်ပြု...