Monthly Archive: August, 2020

(၃၉) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို နာရေးကူညီမှုအသင်းသူ၊ အသင်းသားများနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ကျော်သူနဲ့ ရွှေဇီးကွက်တို့ဇနီးမောင်နှံ

မင်းသားချော ကျော်သူကတော့ အနုပညာအလုပ်တွေမှာ ကိုယ်ရောစိတ်ပါနှစ်ပြီး အကောင်းဆုံးလုပ်ဆောင်သလို လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်သူကတော့ သားသမီး၊ မြေးတွေနဲ့အတူတူ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ဇနီးလေး ရွှေဇီးကွက်နဲ့လည်း ပရဟိတအလုပ်တွေကို လုပ်ကိုင်ရင်း အေးချမ်းစွာ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၃၁) ရက်နေ့ကတော့ ကျော်သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည် (၃၉) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ကျော်သူတို့ဇနီးမောင်နှံက မင်္ဂလာနှစ်ပတ်လည်အလှူအဖြစ် နံနက်စာ အအေးနှင့် ဘဲသားမုန့်များ၊ နေ့လည်ခင်းတွင် ထောပတ်ထမင်းတို့ဖြင့် နာရေးကူညီမှုအသင်းသူ၊ အသင်းသားများနဲ့တကွ (၇) ရက်သားသမီးများကို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်သူနဲ့ ရွှေဇီးကွက်တို့ကတော့ (၃၉) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို ရန်ကုန်နာရေးကူညီမှုအသင်းမှာပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဦးကျော်သူနဲ့ ရွှေဇီးကွက်တို့ ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် မင်္ဂလာနှစ်ပတ်လည်နေ့တွေကို အခုလိုပဲ ပျော်ရွှင်ကျန်းမာစွာနဲ့...

ဝန်ထမ်းအချို့ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိခဲ့သော်လည်း အောင်ဘာလေထီဖွင့်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးမှ ဝန်ထမ်းအချို့ မှာ COVID-19 ဓါတ်ခွဲအ တည် ပြုလူနာနှင့် ထိတွေ့ ဆက်စပ်မှုရှိခဲ့သော်လည်း ပုံမှန်အတိုင်း ရုံးဖွင့်မည်ဖြစ်ပြီး လာမည့်(၁၉) ကြိမ်မြောက် ထီဖွင့်ပွဲကိုလည်း ပုံမှန် အတိုင်းကျင်းပသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။ အောင်ဘာလေသိန်းဆုဌာနခွဲရုံးမှ ဝန်ထမ်းတဦးမှာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်မှုရှိခဲ့သည့်အ တွက် ၄င်းနှင့် ထိတွေ့မှုရှိခဲ့သည့် ဝန်ထမ်း၂ဝဦးခန့်ကို HOME QUARANTINE /FACILITY QUARANTINE သို့ ပို့ဆောင်ထားပြီး အောင်ဘာ လေထီရုံးကိုလည်း တိုင်းကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။ “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးအဖွဲ့ကိုချပြထားတယ်။ ကျန်းမာရေးအဖွဲ့ကလည်း လိုအပ်တဲ့စစ်ဆေးမှုတွေ၊ လိုအပ်တဲ့ ပိုးသက်ဆေးဖြန်းတာတွေ အားလုံး ဆောင်ရွက်ပြီးပါပြီ။ ပုံမှန်လည်ပတ်လို့ရတယ်ဆိုလို့ ကျွန်တော်တို့အနေနဲ့...

Covid ကာလမှာ ရင်ဆိုင်ခဲ့ရတဲ့ စီးပွားရေးအခြေအနေကို ပြောပြလာတဲ့ လွင်မိုး

လွင်မိုးကတော့ Covid ကြောင့် လီလီပန်းတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်လွင်မိုးကတော့ အခုချိန်မှာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ မှစပြီး ဖြစ်ပေါ်ခဲ့တဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေတွေကြောင့် စီးပွားရေး ထိခိုက်သွားရတာတွေရှိတယ်လို့ မီဒီယာတွေကနေ ပြောပြလာပါတယ်။ “ ပန်းခင်းကိုတော့ ဒီ့ထက် နည်းနည်းအေးတဲ့ နေရာတစ်နေရာကို ထပ်ရွှေ့ထားပါတယ်။ ထပ်ပြီးတော့ စိုက်နေပါပြီ။ ပထမဆုံး Lockdown စချတော့ ကျွန်တော်က ဧပြီ (၂၁) ရက်နေ့အတွက် ချိန် ပြီးတော့ စိုက်ထားတာလေ။ အဲဒီမှာ Lockdown နဲ့ဆိုတော့ အလျင်မမီတော့ မသယ်နိုင်တော့တာ။ အဲဒီအချိန်မှာ အခင်းထဲမှာပဲ ပန်းတွေက အကုန်ပွင့်သွားတာ ။ ပွင့်လိုက်ရင် ကျွန်တော်တို့က ပါကင်ထုတ်လို့မရတော့ဘူး။ အဲဒီလို အဖြစ်တွေနဲ့ ဆုံးရှုံးသွားရတာပဲ”...

အိမ်သုံးအမျိုးအစား လျှပ်စစ်မီးသုံးစွဲမှုကိုဒီဇင်ဘာလကုန်အထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ ပေးမည်

အိမ်သုံးအမျိုးအစား လျှပ်စစ်မီးသုံးစွဲမှုကို သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ လစဉ် ၁၅၀ ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဆက်လက် ပေးသွား မည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့( ဩဂုတ် ၁၈)တွင် သတင်းထုတ်ပြန်လိုက်သည်။ COVID – 19 ကြောင့် ပြည်သူများ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကြပ်တည်းခြင်း များစွာ ရှိနေခြင်းကြောင့် ယင်းသို့ ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဆက်လက် ပေးသွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့်​ လစဉ် သုံးစွဲမည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ လျှပ်စစ် ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခ ကျသင့်ငွေ...

သူတို့ရဲ့အကြားအမြင် ဗဟုသုတက အတော်နိမ့်ပါးတယ်။ သူတို့က ဂုဏ်တောင်ယူနေပုံရတယ်’ လို့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ပြော

ငါတို့အားလုံးရဲ့မြေ (စည်း လုံးသင့်ပြီ မြန်မာပြည်) ဂီတရုပ် သံဖန်တီးသည့် ယုန်လေးက ဩဂုတ် ၆ ရက်နံနက်က ရုပ်ရှင် အစည်းအရုံးသို့ သွားရောက်၍ တောင်းပန်ခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထား သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကို သွား ရောက် တွေ့ဆုံမေးမြန်းခဲ့ပါ သည်။ ငါတို့အားလုံးရဲ့မြေ (စည်းလုံး သင့်ပြီ မြန်မာပြည်) ဂီတရုပ်သံနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနက ရုပ်ရှင်အစည်းအရုံးနဲ့ပူး ပေါင်းစိစစ်မှုတွေလုပ်ဖို့ရှိတယ် ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။ ဩဂုတ် ၇ ရက်ကျရင် ကို ယုန်လေးရိုက်တဲ့ စည်းလုံးသင့်ပြီ မြန်မာပြည် သီချင်းနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်မှာ။ ပြန်ကြား ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင် ရွက်တာတွေကတော့ ဒီမှာလည်း ဘာမှမသိသေးပါဘူး။ စာအဝင်၊ အထွက်တွေလည်း ဘာမှမရှိသေး ပါဘူး။ ဒီနေ့(ဩဂုတ်၆) တော့...