Monthly Archive: June, 2020

ကျောင်းမတက်ဖူးတဲ့ ကျော်စွာကို မျက်ရည်လည်စေခဲ့တဲ့ ယုန်လေးရဲ့ သီချင်းဗွီဒီယို

A4ကျော်စွာကတော့ ယုန်လေးရဲ့ဖေးမကူညီမှုနဲ့ ပရိသတ်အသိမှတ်ပြုအားပေးမှုရရှိခဲ့သူတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဖြစ်သလို ငယ်ရွယ်စဉ်အချိန်ကတည်းက ဆိုးမိုက်ပေတေမှုနဲ့ အသားကျခဲ့တဲ့ A4ကျော်စွာကတော့ အခုဆိုရင် သူယုံကြည်ရာဂီတခရီးလမ်းကို လျှောက်လှမ်းရင်း ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ယုန်လေးရဲ့ လက်ကမ်းခေါ်မှုနဲ့အတူ ” ဝမ်းစာ” ဆိုတဲ့သီချင်းလေးကို ယုန်လေး၊ A4 ကျော်စွာနဲ့ မင်းZ တို့သုံးယောက် ဖန်တီးခဲ့ကြပြီး အခုနောက်ထပ်တစ်ပုဒ်အနေနဲ့ ” စိတ်ကူး” ဆိုတဲ့သီချင်းလေး ချပြနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ယုန်လေးကတော့ မနေ့က “စိတ်ကူး” သီချင်းရဲ့ဗွီဒီယိုလေးကို ရိုက်ကူးရင်း အဖြူအစိမ်းဝတ်နဲ့ A4 ကျော်စွာရဲ့ပုံရိပ်လေးနဲ့အတူ “ဒီ မြင်ကွင်းလေးက ကျက်သရေ တော်တော်ရှိပါတယ်… ချစ်စရာ ကလေးလေး နှစ်ယောက်နဲ့ A4 ကျော်စွာ.. ဒီအကြောင်းလေး ရိုက်မယ်ဆိုတော့ ကျော်စွာ ချက်ချင်းမျက်ရည်ဝဲတက်လာတယ် . ကျွန်တော် အဖြူနဲ့အစိမ်း တစ်ခါမှ မဝတ်ဖူးဘူး.. တကယ်ဝတ်ရတော့မှာလား ကိုကြီးတဲ့...

ပုဂံဘုရားအချို့ ဌာပနာ ဖောက်ထွင်းခံရမှု CID ကစုံစမ်းနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားအချို့တွင် ဌာပနာ ဖောက်ထွင်းခံရမှု၊ မီးရှို့ခံရမှုများနှင့်ပတ်သက်၍ ကျုးလွန်သူများအားဖမ်းဆီးရမိရေး မှုခင်းရဲတပ်ဖွဲ့ (CID) က စုံစမ်းလျက်ရှိကြောင်း သိရသည်။ “အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗျူဟာမှူးတယောက်က အနီးကပ်ကြီးကြပ်ပြီး ဝိုင်းကူပေးနေပါတယ်။ နယ်မြေခံတပ်ရင်းက ထုတ်နှုတ်အင်အားတွေနဲ့အတူ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအင်အားတွေနဲ့ လှည့်ကင်းပတ်ကင်းတွေ၊ လိုအပ်တာတွေ ဝိုင်းဝန်းပံ့ပိုးပြီးတော့ ညှိနှိုင်းကွပ်ကဲပေးနေတယ်။ လုံခြုံရေးတွေချထားတယ်ဆိုတော့ လက်ရှိ ပုဂံအနေအထားကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ CID က ဒုတိယ ရဲမှူးကြီးတဦးနဲ့အဖွဲ့က တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်”ဟု ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၊ တောင်ဘီကျေးရွာအုပ်စုအတွင်း၊ ရွာဟောင်းကြီးဘုရားမြောက်ဘက် ဘုရာစုများအနက် ဘုရားငါးဆူသည် ပြီးခဲ့သည့် ဇွန်(၈)ရက်နေ့က ဖောက်ထွင်းခံခဲ့ရပြီး စူဠာမဏိဘုရားနှင့် ဓမ္မရံကြီးဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ (ရ၅၃/၇၅၁/၇၅၁-က) အစရှိသော ဘုရားများမှာလည်း ဇွန် (၉) ရက်နေ့တွင် ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။ “ဖောက်ထွင်းခံရတဲ့ဘုရားတွေကို ပြန်ပြီးစစ်ဆေးကြည့်တော့ (၁၂)ခုလောက်က...

မင်းသား Sushant Singh Rajput မသေဆုံးခင်မှာရိုက်ကူးသွားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားအသစ်

ဟောလိဝုဒ်ရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့Sushant Singh Rajput ကတော့ တနင်္ဂနွေနေ့က ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးခဲ့သလို အောင်မြင်မှုများစွာရရှိထားသူတစ်ယောက်ပါ။ ဒါပေမဲ့လည်း ဘဝကိုလက်လျှော့သွားတာတကယ့်ကို ယူကြုံးမရစရာအခြေအနေပါပဲ။ မြန်မာပရိသတ်အများစုကတော့ နာမည်ကြီး PK ဇာတ်ကားထဲက ပါကစ္စတန်သားလေး Sarfaraz Yousuf အဖြစ်သိကြပါတယ်။ နောက်ဆုံးအနေနဲ့ Drive ဇာတ်ကားကိုထွက်ရှိထားတာဖြစ်ပြီး မထွက်ရှိရသေးတဲ့ဇာတ်ကားအသစ်လည်းကျန်ပါသေးတယ်။ ဒီဇာတ်ကားကတော့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရိုမန်တစ်ဒရမ်မာအမျိုးအစားဖြစ်တဲ့ Dil Bechara ဇာတ်ကားလေးဖြစ်ပြီး မင်းသမီး Sanjana Sanghi နဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးဟာ ထွက်ရှိဖို့အတွက်ကြာနေတာဖြစ်ပြီး ကပ်ရောဂါကြောင့်လည်း အခုထိရုံမတင်ရသေးပါဘူး။ မင်းသားရဲ့သေဆုံးမှုကတော့ ပရိသတ်တွေအံ့သြကာဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတာဖြစ်ပြီး မင်းသားဟာနောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားလေးရုံတင်တာကိုတောင်မှီမသွားခဲ့ပါဘူး။ Sushant တစ်ယောက် ကောင်းရာဘုံဘဝရောက်ပါစေ… Source : wiki

နှလုံးခုန်သံကိုသာစောင့်ကြည့်နေရတဲ့အခြေအနေကနေ မျက်လုံး ပြန်ပွင့်လာပြီဖြစ်တဲ့ ဦးမန်းဝင်း

ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းကတော့ ကျန်းမာရေး အနည်းငယ်ပြန်ကောင်းလာပြီလို့ ဟေမာမန်းဝင်းက ပြောပါတယ်။ဇွန်လ(၁၅) ရက်နေ့က ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတဲ့ ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဒီနေ့(ဇွန်လ ၁၆) ရက်မှာ မျက်လုံးလေး ပြန်ပွင့်ပြီး ပုံမှန်အတိုင်းအသိလေးရှိနေသေးတယ်လို့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ပြောပါတယ်။ “ အခုအဖေက မျက်လုံးလေး ပြန်ပွင့်လာပြီ။ စကားတော့ မပြောနိုင်သေးဘူး။ သတိကတော့ ရှိတယ်။ ဒီအခြေအနေက နည်းနည်းကောင်းလာပြီဆိုတဲ့ သဘောပေါ့နော်။ တစ်မိသားစုလုံး အရမ်းဝမ်းသာနေပါတယ်” ဆိုပြီးတော့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ဆိုပါတယ်။ ဦးမန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့က ဦးနှောက်သွေးယိုစိမ့်ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပါတယ်။ ဇွန်လ(၁၄) ရက်နေ့မှာတော့ နေအိမ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဟေမာမန်းဝင်းက Duwun...

သရုပ်ဆောင်ဘဝရဲ့ ပထမ၊ထာဝရလက်ဦးဆရာ ဦးကျော်ဟိန်းကို သတိတရရှိနေတဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းဟာဆိုရင် ဟိုးအရင်အချိန်ကတည်းက (Examplez)အဖွဲ့ဆိုပြီး သီချင်းလေးတွေများစွာသီဆိုခဲ့တာဖြစ်ပါတယ်။ထွန်းထွန်းတို့အဖွဲ့က အဲ့ဒီခေတ်တုန်းကဆိုရင် အရမ်းအောင်မြင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးခဲ့ရတာပါနော်။ထွန်းထွန်းက နောက်ပိုင်းမှာဆိုရင် ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။ လူငယ်ပီပီ အားသွန်ခွန်စိုက်ကြိုးစားအားထုတ်မှုတွေကြောင့် အခုချိန်မှာဆိုရင်တော့ အကယ်ဒမီထွန်းထွန်း ဆိုတဲ့ နာမည်တစ်လုံးနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ထွန်းထွန်းရဲ့လက်ဦးဆရာဖြစ်တဲ့ အကယ်ဒမီကျော်ဟိန်းဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့သူပါနော်။အခုချိန်မှာဆိုရင်တော့ ဦးကျော်ဟိန်းက တရားဘောင်သို့ ရာသက်ပန်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ထွန်းထွန်းက”ထွန်းထွန်း(Examplez)သရုပ်ဆောင်ဘဝရဲ့ ပထမ ထာဝရ လက်ဦးဆရာ”ဆိုပြီး ဦးကျော်ဟိန်းရဲ့ပုံလေးတွေကို သတိတရနဲ့မျှဝေလာတာဖြစ်ပါတယ်။အခုလို ဆရာသမားကို အမြဲဦးထိပ်ထားပြီး ကျေးဇူးသိတတ်လို့ ထွန်းထွန်းရဲ့စိတ်ဓာတ်လေးက လေးစားစရာပါနော်။ချောမောခန့်ညားပြီး တစ်ခေတ်မှာအရမ်းအောင်မြင်ခဲ့တဲ့ ဦးကျော်ဟိန်းရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်‌အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဟု ဗဟိုဘဏ်ပြော

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက‌ပြောသည်။ဇွန်လ ၁၅ရက်‌နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက”ကာလကတော့ ဒီ၁၀လအတွင်းမှာလားဆိုတော့ ဒါကတော့ ရိုက်နှိပ်တဲ့အပေါ်မှာ မူတည်ပါတယ်။ သုံးစွဲနေတဲ့ Denomination တွေအားလုံးအတွက် ဗိုလ်ချုပ်ရုပ်ပုံကိုတော့ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။ ငါးထောင်တန်ရော တစ်သောင်းတန်ရော ငါးရာတန်ရော အဲ့လိုဟာမျိုး Denomination အားလုံးအတွက်ထုတ်သွားမှာပါ”ဟုပြောသည်။ ဗဟိုဘဏ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူသစ်များကို လွတ်လပ်ရေးနေ့အမှတ်တရအဖြစ် ယခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ဂုဏ်ပြုထုတ်ဝေခဲ့သည်။ သို့သော် ဇန်နဝါရီလ ၄ရက်နေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် ရုံးဖွင့်ရက်ဖြစ်သည့် ဇန်နဝါရီလ ၇ရက်နေ့တွင် အများပြည်သူသို့ဖြန့်ဝေခဲ့သည်။ “လောလောဆယ်စထုတ်တဲ့အချိန်မှာ limitရှိတဲ့အတွက် ဒီအချိန်မှာအားလုံးကို ပြန့်သွားအောင်ထုတ်တဲ့အတွက် ဒီဟာက အကုန်လုံးကို ပျံ့နှံ့တဲ့ သဘောမရှိတော့ သုံးတဲ့ အနေအထားကို မရောက်တော့ပဲနဲ့ လူတွေက မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားတဲ့အနေအထားမှာရှိပါတယ်။...

ကျောင်းပြန်ဖွင့်ပါက ကျောင်းတိုင်းတွင် အရန်အခန်းလွတ်တစ်ခုထားရန် ညွှန်ကြား

အခြေခံပညာကျောင်း များ ပြန်ဖွင့်ပါက ကျောင်းတိုင်း တွင် အရန်အခန်းလွတ်တစ်ခန်းသီးခြားစီစဉ်ထားရှိရန် ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားထား သည်။ ကျောင်းချိန်အတွင်း COVID-19 သံသယရောဂါလက္ခဏာရှိ သော ကျောင်းသား၊ကျောင်းသူ ဆရာ၊ ဆရာမများ တွေ့ရှိပါကကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လာရောက်စစ်ဆေးမှု မပြုမီအထိ ၎င်းကို သီးခြားထားရန် ကျောင်းတိုင်းတွင် အရန်အခန်း လွတ်တစ်ခု စီစဉ်ထားရန် ညွှန်ကြားခြင်းဖြစ်သည်။ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ‘‘စာသင်ခန်းတစ်ခန်းကို လူ ၂၀ နှုန်းနဲ့ အခန်းတွေ ခွဲရပါမယ်။ အဲဒီလို စာသင်ခန်းတွေ ခွဲပြီးရင် နောက်ထပ် အခန်းလွတ်တစ်ခု ပေါ့။ အကယ်၍ သံသယရှိတဲ့သူ တွေ့ရင် ကျန်းမာရေးက လာ မခေါ်ခင် တခြားသူတွေနဲ့ ရော မနေအောင် သူ့ကို သီးခြားထားရ မှာပေါ့။ အဲဒီအတွက် အခန်းတစ်ခု ကျောင်းတိုင်းသီးခြား ထားခိုင်း...

ပုဂံဘုရားများ ဌာပနာဖောက်မှုဖြစ်စဉ်သည် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိကြောင်း သူရဦးအောင်ကို ပြော

ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ စေတီပုထိုးများ ဌာပနာဖောက်ခံရမှုနှင့် လောကထိပ်ပန်ဘုရား မီးရှို့ခံရမှုဖြစ်စဉ်သည် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိလာနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောသည်။ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့်အဖွဲ့သည် ဇွန်လ ၁၃ ရက်က ပုဂံဒေသသို့ သွား ရောက်စစ်ဆေးပြီးနောက် ပုဂံရှေး ဟောင်းသုတေသနပြတိုက် အ စည်းအဝေးခန်းမ၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြော ကြားခြင်းဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ထုတ်ပြန်သည်။ လောကထိပ်ပန်ဘုရား အ ဝင်မုခ်ဦးအတွင်း သံပန်းတံခါး တွင် တပ်ဆင်ထားသော ဝါးယင်း လိပ်မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ ကြောင်း၊ အဆိုပါဖြစ်စဉ်သည် မသမာသူအချို့က ထင်းရှူးဆီ အသုံးပြု၍ မီးရှို့ဖျက်ဆီးခြင်းဖြစ် သည်ဟု စစ်ဆေးတွေ့ရှိရ...

ဖေဖေအမြန်ဆုံးနေကောင်းလာဖို့ ဆုတောင်းနေပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ပရိသတ်ရဲ့အချစ်တော် ထက်ထက်ကတော့ လတ်တလောမှာ စိတ်မကောင်းစရာအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့မှာနေတဲ့ သူ့ရဲ့ဖခင် သွေးတိုးပြီးလေဖြတ်သွားတာကြောင့် မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း မျှဝေခဲ့ပြီး သွေးတိုးရောဂါအခံရှိတဲ့ ပရိသတ်တွေကိုလည်း အားလုံးဂရုစိုက်ဆင်ခြင်ကြဖို့ စိတ်မကောင်းစွာ သတိပေးခဲ့ပါသေးတယ်။ ထက်ထက်ကတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာပြီဖြစ်လို့ ရန်ကုန်မှာပဲ အများဆုံးနေရသူဖြစ်ပေမယ့် ရံဖန်ရံခါဖခင်ရှိတဲ့ မိုးကုတ်မြို့လေးကို အလည်အပတ်ပြန်လေ့ရှိသူပါ။ အခုလို Covid-19 ကာလမှာတော့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတာကြောင့် ဖခင် လေဖြတ်တဲ့အချိန် ထက်ထက်ကတော့ အနီးကပ်ရှိနေခွင့်ရတာမို့ ကံကောင်းတယ်လို့ဆိုရမှာပါ ပရိသတ်ကြီးရေ… ဇွန်လ(၁၁) ရက်နေ့က အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ပြန်လည်မသက်သာလာသေးတဲ့ ဖခင်ရဲ့ဘေးမှာ ထက်ထက်ကတော့ အချိန်ပြည့်ရှိနေပြီး ဒီနေ့မှာတော့ “အဖေအမြန်ဆုံးသက်သာပါစေဖို့ မောင်နှမသုံးယောက်စလုံး ဆုတောင်းနေပါတယ်” ဆိုပြီး ရင်ထဲကဆန္ဒတချို့ကို မျှဝေခဲ့ပါတယ်။ အမျိုးမျိုးအဖုံဖုံကြုံတွေ့ခဲ့ရတဲ့ ထက်ထက်မိုးဦးရဲ့ဘဝမှာ ဘေးမှာ အမြဲရှိနေပေးတာကတော့ မိသားစုဝင်တွေပဲ ရှိတယ်လို့ ဆိုရမှာပါ။ အခုလို ဖခင်နေမကောင်းတဲ့အချိန်မျိုးမှာ ထက်ထက်တစ်ယောက်တော့ ဘယ်လောက်တောင်အားကိုးရာမဲ့နေမလဲ...

တရားမဝင် ဝင်လာသူများကိုအသိပေးခြင်းမှာ ချောက်တွန်းခြင်းမဟုတ်ဘဲအများပြည်သူကို ရောဂါမကူးအောင် ကာကွယ်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အားကိုးလောက်သည့် နိုင်ငံတော်ပေါ်ထွန်းရန် အားကိုး လောက်သည့် ပြည်သူများလည်း ရှိရန်လိုအပ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ သတင်းစကားပါးသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန်လ ၁၃ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ထည့်သွင်းရေးသားခြင်းဖြစ်ပြီး ကိုဗစ်အခက်အခဲကြုံနေချိန်တွင် ပြည်သူများက နိုင်ငံတော်ကိုယုံကြည်အားကိုးသည်မှာ ဂုဏ်ယူစရာဖြစ်ကြောင်းပြောသည်။ ‘‘နိုင်ငံတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဟာ အင်မတန် အရေးကြီးပါတယ်။ နိုင်ငံတော်လို့ ဆိုရာမှာ အစိုးရကဦးဆောင်ရတဲ့၊ နိုင်ငံကို လည်ပတ်စေတဲ့ သက်ရှိ၊ သက်မဲ့ ယန္တရားကြီးတစ်ခုလုံးကို ထည့်သွင်း အဓိပ္ပာယ်ဖော်ပါတယ်။ အားကိုးလောက်တဲ့ နိုင်ငံတော်ပေါ်ထွန်းဖို့၊ အားကိုးလောက်တဲ့ ပြည်သူတွေရှိဖို့လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ COVID-19 ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့နေချိန်တွင် နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးဖြင့်ပြဿနာကို ကိုင်တွယ်နေကြပြီး မြန်မာနိုင်ငံတွင် ပြည်သူသာအဓိကဆိုသောယုံကြည်မှုအပေါ် ခိုင်မာစွာ ရပ်တည်ထားကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ ‘‘ပြည်သူကို တန်ဖိုးထားသလို ပြည်သူ့အားကိုယူကာ၊ တစ်ဦးအတွက်အားလုံး၊ အားလုံး အတွက်တစ်ဦး စိတ်ဓာတ်ကို...