Monthly Archive: May, 2020

ဗစ်တိုးရီးယားအမှုမှ အဓိကတာဝန်ရှိ ရဲအရာရှိကြီးသုံးဦးကို ရာထူးတိုးရပ် အရေးယူဟုဆို

တရားခံမပေါ် ပေါက်သေးသည့် ဗစ်တိုးရီးယား အမှုတွင် တာဝန်ကျေပွန်စွာ မဆောင်ရွက်သူ၊ လစ်ဟာမှုများ တွင် အဓိကတာဝန်ရှိသည့် မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး သုံးဦးကို ရာထူးတိုးမြှင့်ရပ်ဆိုင်း ခြင်းဖြင့် အရေးယူထားခြင်းသည် လုံးဝမျှတမှုမရှိကြောင်း ဗစ်တိုးရီး ယားဖခင်ဖြစ်သူက ပြောသည်။ ‘‘အဓိက တာဝန်ရှိတဲ့ ရဲအ ရာရှိကြီးသုံးဦးကို အရေးယူထား ပါတယ်။ ဘယ်လိုအရေးယူထား လဲဆိုတော့ ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းတဲ့ (Promotion stop) ပြစ် ဒဏ်နဲ့ အရေးယူထားတယ်လို့ ကျွန်တော်တို့ကို တင်ပြထားပါ တယ်’’ဟု သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ မေလ ၃၀ ရက်က အွန်လိုင်း မှတစ်ဆင့်ပြုလုပ်သည့် သမ္မတ အိမ်တော် သတင်းစာရှင်းလင်း ပွဲတွင် သတင်းထောက်တစ်ဦးက ဗစ်တိုးရီးယားအမှုတွင် တာဝန် မကျေပွန်သူ၊ လစ်ဟင်းသူ တာ ဝန်ရှိတဲ့သူများကို အရေးယူရန် သမ္မတကြီးက ညွှန်ကြားထား သည့်အပေါ်...

ပရဟိတအလုပ်တွေကို သူမတစ်သက်တာ တစ်ဘဝလုံးကို လုပ်ကိုင်သွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးလို့တင်စားရမယ့် မင်းသမီး ခိုင်နှင်းဝေကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သူမချစ်တဲ့ သူတွေနဲ့အတူတူ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်.။ မိဘမဲ့ ကလေးအယောက် (၃၀)အတွက် အကောင်းဆုံး အနေထားနဲ့ ထားနိုင်အောင် ကြိုးစားနေပြီး လာရောက်လှူဒါန်းပေးတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်တဲ့စိတ်နဲ့ အမြဲတမ်း မေတ္တာထား ကာ  တုံ့ပြန်တတ်သူပါ.။ ခိုင်နှင်းဝေဟာ သူမကိုယ်တိုင်လည်း လှူဒါန်းမှုတွေကို တစ်နိုင်တစ်ပိုင် လှူဒါန်းသလို သူများရဲ့ အလှူအတန်းတွေအတွက်လည်း လုပ်အားနဲ့ ကုသိုလ်ပါဝင်တတ်သူပဲဖြစ်ပါတယ်။ ချစ်သူနဲ့အတူ ပရဟိတအလုပ်တွေကို တက်ညီလက်ညီလုပ်ဆောင်နေရင်း ချစ်ရတဲ့ သားသမီးအယောက် (၃၀)ကိုလည်း အမြဲတမ်း သွားရောက် ကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်နေသူပါ.။ ဒီနေ့ မေလ (၃၀)ရက်နေ့မှာတော့ ခိုင်နှင်းဝေက သူမအတွက် ပရဟိတ လုပ်ဆောင်ရတာဟာ မရှိလို့ မလှူတာထက် သူများအကျိုးအတွက်...

တစ်နှစ်အတွင်း ကုန်ဈေးနှုန်း လေးရာခိုင်နှုန်းခန့်၊ အိမ်လခ ၂၉ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေး ကုန်ကျစရိတ် ခုနစ်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော်မြင့်တက်

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်ဈေးနှုန်း လေးရာခိုင်နှုန်းခန့်၊ အိမ်လခ ၂၉ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျ စရိတ် ခုနစ်ရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် ဧပြီလကထက် အစားအစာအုပ်စု ၃ ဒသမ ၉၇ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၁၂ ဒသမ ၄၆ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၃ ဒသမ ၅၆ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ် ပြင်ခအုပ်စု ၂၉ ဒသမ ၂၄ ရာခိုင်နှုန်း၊ အိမ် အသုံးအဆောင်ဈေးနှုန်းနှင့် ပြုပြင်ထိန်း သိမ်းစရိတ်အုပ်စု ၅...

ကုန်းဘောင်နန်းတွင်းအရူပ်တော်ပုံ နန်းတွင်း လူသတ်ပွဲကြီး ဒီနေရာမှာ ကျင်းပခဲ့တယ်

ကုန်းဘောင်မင်းဆက်ကိုအကျည်းတန်စေခဲ့တဲ့ မက္ခရာမင်းသားကြီး၊ ၃၀မင်းသားကြီးအပါအဝင် မင်းညီမင်းသားအပါး(၄၀)ကျော်နဲ့ မင်းဆွေမင်းမျိုးတွေကို စီရင်ဖျောက်ဖျက်ခဲ့တဲ့ ကြေးတိုက်… ခရစ်နှင် ၁၈၇၈ ခုနှစ်အတွင်း မင်းတုန်းမင်းကြီး လွန်စွာနာမကျန်းဖြစ်၍ ယဲ့ယဲ့မျှသာ ကျန်တော့ချိန်တွင် မန္တလေးနန်းတွင်း၌ အရေးပေါ်ပြဿနာ များ ပေါ်ပေါက်လာသည် ယင်းမှာ နောင်တတ်မည့် ဘုရင် ဘယ်မင်းသား ဖြစ်မည်နည်းဟူသော မေးခွန်းဖြစ်ပါသည်။ မင်းတုန်းမင်းကြီးက ညီတော်အိမ်ရှေ့စံကနောင်မင်းသား နတ်ရွှာလား ပြီးသည့် နောက် မည်သည့် သားတော်ကိုမျှ နန်းလျာ ( အိမ်ရှေ့မင်း ) အဖြစ် ရွှေးချယ်ခဲ့ခြင်း မရှိ၍ ဖြစ်သည် မူးကြီး အမတ်ကြီများက အိမ်ရှေမင်း အဖြစ်သားတော်တပါးအား ရွှေးချယ်ပါရန် တင်ပြခဲ့ကြ၍ မက္ခရာမင်းသားကြီးအား အိမ်ရှေ့အရာထားရန် စီစဉ်သေးသော်လည်း အထမမြောက်ခဲ့ မင်းတုန်းမင်းကြီးက သားတော်တပါးအား အိမ်ရှေ့အရာ ထားသော် ထိုသူ့အား သေတွင်းသို့ ပို့ထားသည်နှင့်သာ တူလိမ်ါမည်ဟု မိန့်ကာ ခါးခါးသီးသီး ငြင်းခဲ့သည်။ အိမ်ရှေ့စံ...

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း ၁၇ နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ သုံးသိန်းခွဲကျော်အထိ မြင့်တက်လာ

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း ၁၇ နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ သုံးသိန်းခွဲကျော်အထိ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်အရ သိရသည်။ မေ ၂၇ ရက်အထိ ရရှိထားသော စာရင်းများအရ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေအရ အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ တစ်သိန်းလေးသောင်းကျော်၊ စင်ကာပူနိုင်ငံတွင် ၃၁၀၀၀ ကျော်၊ ကာတာနိုင်ငံတွင် ၄၄၀၀၀ ကျော်၊ ဂျပန်နိုင်ငံတွင် ၁၆၀၀၀ ကျော်၊ အင် ဒိုနီးရှားနိုင်ငံတွင် ၂၃၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံတွင် ၁၁၀၀၀ ကျော်၊ ယူအေအီးနိုင်ငံတွင် ၃၀၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၃၆၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၇၄၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၃၀၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံတွင် ၁၂၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံ တွင် ၃၂၆ ဦး၊...

ကျောင်းပြန်ဖွင့်လျှင် ကျောင်းသားဦးရေများသော ကျောင်းများကို နှစ်သုတ်တက်ပြောင်းဖွင့်ရန် စီစဉ်

အခြေခံပညာကျောင်းများပြန်ဖွင့် ပါက ကျောင်းသားဦးရေများ သောကျောင်းများကို နှစ်သုတ် တက်ကျောင်းများအဖြစ် ပြောင်း ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။COVID-19 ကြောင့် အခြေ ခံပညာကျောင်းများကို ပုံမှန် ကျောင်းဖွင့်ချိန် ဇွန်လတွင် မဖွင့် နိုင်ဘဲ အစောဆုံးဇူလိုင်လတွင် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန က စီစဉ်နေသည်။ ကျောင်းပြန်ဖွင့်ပါက Social Distancing(ခပ်ခွာခွာနေထိုင် ခြင်း)အတွက် စာသင်ခန်းတစ် ခန်းလျှင် ကျောင်းသားဦးရေ ၂၀ မှ ၃၀ ဦးအထိသာထားရန်၊ တစ် ဦးလျှင် ခြောက်ပေအကွာထားရန် အခြေခံပညာဦးစီးဌာနကအခြေခံ ပညာကျောင်းများသို့ ညွှန်ကြား ထားသည်။ ကျောင်းသားဦးရေများသော ကျောင်းများအနေဖြင့် ကျောင်း ချိန်နှစ်ချိန်ခွဲကာ နှစ်သုတ်တက် ရသည့် ကျောင်းများအဖြစ် ဖွင့်ရ မည်ဖြစ်ပြီးကျောင်းတစ်ကျောင်း ချင်းအလိုက် ကျောင်းသားဦးရေ ပေါ်မူတည်ကာ တစ်သုတ်တက်၊ နှစ်သုတ်တက်ကျောင်းဖွင့်မည့် အစီအစဉ်ကိုမေလတတိယပတ် တွင် အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရန် အခြေခံပညာကျောင်း...

သွေးရည်ကြည်ကုထုံးအတွက် သွေးလှူခဲ့တဲ့ နီတာ

နီတာကတော့ Quarantine ကာလပြီးသွားတဲ့ အချိန်မှာ ပထမဆုံးအနေနဲ့ ဝေဘာဂီဆေးရုံကြီးမှာ သွေး လှူခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။အဆိုတော် နီတာကတော့ ဒီနေ့ မေလ (၂၈) ရက်က ဝေဘာဂီဆေးရုံကြီးမှာရှိတဲ့ သွေးရည်ကြည်ကုထုံး အတွက် သွေးလှူခဲ့တယ်လို့ သိရပါတယ်။ သူ Quarantine ဝင်ချိန်မှာ ပြုစုပေးခဲ့ကြတဲ့ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဂုဏ်ပြုသီချင်း ဆိုပေးခဲ့တယ်လို့ ပြောလာပါတယ်။ “ ဆေးရုံကို လာဖြစ်တဲ့အကြောင်းက ကျွန်တော် Quarantine လည်း ပြည့်သွားပြီဆိုတော့ ဆေးစစ်တာလည်း ပြန်လုပ်ရမယ်။ ပြီးတော့ သွေးရည်ကြည်ကုထုံးအတွက် သွေးလှူဖို့လည်း ရှိသေးတော့ ဆေးရုံကို သွေးလှူဖို့အတွက်လာတာပါ။ ပြီးတော့ ဆေးရုံမှာရှိတဲ့ ဆရာ၊ ဆရာမတွေအတွက် အစ်ကို ဂုဏ်ပြုသီချင်း(၄) ပုဒ်ဆိုပေးခဲ့တယ်။ ဆရာ ၊ ဆရာမတွေရဲ့ ပြုစုမှုကြောင့် အများကြီး နေကောင်းလာတာဖြစ်တဲ့အတွက် အစ်ကို့ အနေနဲ့ ကျေးဇူးတင်လွန်းလို့ အခုလို ဆိုပေးဖြစ်တာပါ။...

သက်ကြီးရွယ်အိုနဲ့ နာမကျန်းတဲ့သူရှိတဲ့ အိမ်ထောင်စုတွေကို စားနပ်ရိက္ခာလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ဒီနေ့ မေလ (၂၇) ရက်မှာ လှူခဲ့တဲ့ အလှူကတော့ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်း လူနာရှိတဲ့ အိမ်ထောင်စုတွေကို ဦးစားပေး လှူခဲ့တယ်လို့ ဆိုပါတယ်။ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ မေလ (၂၇) ရက်နေ့ ညနေပိုင်းက လှိုင်သာယာ မြို့နယ်၊ အလယ်ရွာကြီး ကျေးရွာ၊ ငွေပင်လယ် စက်မှုဇုန်အနီးမှာရှိတဲ့ “အောင်ဇေယျမင်း” ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်းရှိ “ခိုင်မီးအိမ်” စာကြည့်တိုက်ကနေတဆင့် အနီးအနားမှာရှိတဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်နေသူတွေ ရှိတဲ့ အိမ်ထောင်စုတွေကို ဦးစားပေးပြီး စားနပ်ရိက္ခာတွေ လှူခဲ့တဲ့အကြောင်း  ပြောပြလာပါတယ်။ “ ဒီနေ့ အလှူကတော့ လှိုင်သာယာ မီးခွက်ဈေးနားမှာရှိတဲ့ ဘုန်းတော်ကြီး စာသင်တိုက်မှာ အစ်မရဲ့ ခိုင်မီးအိမ် စာကြည့်တိုက် ဖွင့်ထားပါတယ်။ ဒီစာကြည့်တိုက်ကနေ အလှူလေး လုပ်ပေးချင်တဲ့အတွက် လာလှူခဲ့တာပေါ့နော်။ စာကြည့်တိုက်လေးအကြောင်းပြောင်းရင်းနဲ့ ဘုန်းဘုန်းကလည်း...

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရမချင်း စာသင်ကျောင်းများ ဖွင့်လှစ်မည်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

နိုင်ငံအချို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရမချင်း ကျောင်းသားများကို ကျောင်းသွား ခွင့်ပေးမည်မဟုတ်ကြောင်း သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားခဲ့သည်။ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ပြီးနောက် မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသား ၂၅ သန်းအတွက် စာသင်ခန်းများကို မတ်လတွင် ပိတ်ပစ်ခဲ့ပြီးနောက် သြဂုတ်အကုန်တွင် ကလေးများ ကျောင်းပြန်တက်ရန် စီစဉ်ထားခဲ့သည်။ သို့သော် မေ ၂၅ ရက်နှောင်းပိုင်းက မိန့်ခွန်းပြောကြားမှုတွင် ကလေးများ ပညာတတ်မြောက်မှုကို လက်ကိုင်ထားသော်လည်း အန္တရာယ်ကြီးမားလွန်းသည်ဟု ဒူတာတေးက ပြောကြားခဲ့သည်။ “သူတို့တွေ တကယ့်ကို အန္တရာယ်ကင်းပြီလို့ ကျွန်တော် သေသေချာချာမပြောနိုင်သေးဘူးဆိုရင် စာသင်ခန်းတွေ ဖွင့်လှစ်ဖို့အကြောင်း ပြောတာတွေက အချည်းနှီးပါပဲ။ ကျွန်တော့်အတွက် ကာကွယ်ဆေးက ပထမပဲ။ ဖိလစ်ပိုင်မှာ ကာကွယ်ဆေးရပြီဆိုရင် အဆင်ပြေပြီ။ ဘယ်သူမှ ဘွဲ့မရဘူးဆိုရင်လည်း ရှိပါစေတော့” ဟု ဒူတာတေးက ပြောကြားခဲ့သည်။သုတေသနပညာရှင်များက ကာကွယ်ဆေးကို...

မန္တလေးဈေးချိုတော်ပိတ်ရက်၌ မီတာခ ၂၆ သိန်းကျော်ကျခြင်းမှာ မှားယွင်းမှုတစ်ခုကြောင့်ဟုဆို

မန္တလေးဈေးချိုတော်ကို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ဖေဖော်ဝါရီလကုန်ရက်မှ စတင်ပိတ်ခဲ့ရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိသည့် ဧပြီ ၅ ရက်မှ မေ ၅ ရက်ထိမီတာခအဖြစ် ၂၆သိန်းကျော်တောင်းခံလာခြင်းမှာ မီတာဖတ်ရာတွင် တစ်စုံတစ်ခုမှားယွင်းမှုကြောင်ဖြစ်နိုင်သည်ဟု ဈေးချိုတော်လျှပ်စစ်မီးကော်မတီမှ သိရသည်။ ဈေးချိုတော် တိုက်တန်းကြီး မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးတို့ကို ကျန်းမာရေးဌာနညွှန်ကြားချက်များနှင့် အညီ မေ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ဈေးရောင်းဈေးဝယ်များနှင့် ပုံမှန်လည်ပတ်နေပြီဖြစ်သည်။ “ဈေးပိတ်ရက်မှာ လျှပ်စစ်မီတာခ ၂၆ သိန်းကျော်ကျတော့ ကျွန်တော်တို့မှာအခက်အခဲတွေ့တယ်။အမှားအယွင်း ဖြစ်နိုင်ခြေကို စဉ်းစားတော့ မီတာဖတ်မှားတာလားလို့ သုံးသပ်တယ်။ လက်ရှိမီတာမှာက သူတို့ ဖတ်တာထက် ပိုနေပြန်တယ်။ဧပြီ ၅ ရက်နေ့ကဖတ်သွားတာက သူတို့အခက်အခဲရှိလို့ ခန့်မှန်းဖတ်တာ ဖြစ်နေသလားပေါ့” ဟု ဈေးချိုတော်လျှပ်စစ်မီးကော်မတီမှ ဦးမြတ်ကျော်ဦးက ပြောသည်။ မီတာဖတ်ရာတွင် ပါဝါမီတာနှင့် ရိုးရိုးမီတာဖတ်သူ ၂ ဦးဖြစ်ပြီး လျှပ်စစ်မီတာခအဖြစ် လစဉ်ပေးဆောင်ရသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခ(မီတာခ)မှ ပျမ်းမျှအားဖြင့် တစ်လလျှင်...