Monthly Archive: April, 2020

Covid-19 ကာလမှာတောင် နာရေးကားကိုယ်တိုင်မောင်းပြီး အားဖြည့်ကူညီနေတဲ့ ရွှေပိုးအိမ်

ရွှေပိုးအိမ်ကတော့ မွန်မြတ်လှတဲ့ပရဟိတစိတ်တွေကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူတည်ထောင်ထားတဲ့ နာရေးကူညီမှုအသင်းကြီးမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ကူညီနေသူပါ။ သူတတ်ကျွမ်းတဲ့အနုပညာအလုပ်ကနေ ရရှိလာတဲ့ငွေကြေးတွေကိုလည်း ဝေပုံကျခွဲပြီး မကြာခဏဆိုသလို လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းလေ့ရှိသူပါ။ မနေ့က ဧပြီ(၂၉) ရက်နေ့မှာလည်း ရွှေပိုးအိမ်ကတော့ တနေ့တာလုပ်အားပေးကုသိုလ်အနေနဲ့ ရေဝေးသုဿန်မှာ သွားရောက်သဂြိုလ်မယ့် ရုပ်အလောင်းကို သေဆုံးသူနေအိမ်မှ ရေဝေးသုဿန်အထိ ကိုယ်တိုင်နိဗ္ဗာန်ယာဉ်ကိုမောင်းပြီး ပို့ဆောင်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းကြီးက မျှဝေခဲ့ပါတယ်။ အခုလို Covid -19 ကာလမှာတော့ ရောဂါပိုးကူးစက်ခံရမှုအန္တရာယ်လည်း များလွန်းတာကြောင့် တော်ရုံပရဟိတသမားတွေ အပြင်ထွက်မကူနိုင်တဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရွှေပိုးအိမ်ကတော့ Covid-19 ကာလမှာတောင် နာရေးကားကို သွားရောက်ကူညီမောင်းနှင်ပေးပြီး တစ်နေ့တာကုသိုလ်ယူခဲ့ကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

လွှတ်တော်တက်မည့် ကိုယ်စားလှယ်အားလုံးကို COVID-19 ရှိမရှိ စစ်ဆေးမည်

လာမယ့် မေလ ၁၈ ရက်နေ့မှာ ပြန်လည်ခေါ်ယူ ကျင်းပမယ့် လွှတ်တော်အစည်းအဝေး တွေကို တက်ရောက်မယ့် ကိုယ်စားလှယ် အားလုံးဟာ COVID-19 ရှိမရှိ ကျန်းမာရေး စစ်ဆေးခံမယ်လို့ သိပါရတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “နေပြည်တော်ကို လွှတ်တော်အစည်းအဝေးအတွက် မေလ (၉) ရက်နေ့ထက် မစော (၁၀) ရက်နေ့ထက် နောက်မကျပဲ လွှတ်တော်ကို သတင်းပို့ရမယ်ပေါ့၊ မိသားစုတွေအဖော်တွေလဲ ခေါ်မလာရဘူးပေါ့။ ပြီးတော့ ကိုယ်စားလှယ်တွေရောက်ကြောင်းသတင်းပို့ပြီးတာနဲ့ ကျန်းမာရေးက (Swab) ယူပြီး COVID-19 အတွက် ဓာတ်ခွဲဆေးစစ်မယ်တဲ့”လို့ ပြောပါတယ်။ အခုကျင်းပမယ့် လွှတ်တော်ဟာ ရက်တိုဖြစ်တာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်ရောက်မှ ခွင့်တိုင်တာမျိုးမလုပ်ဖို့နဲ့ ကျန်းမာရေးအရ အသက်အရွယ် အရ မလာဖြစ်ပါက ခွင့် အဖြစ်သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်ကို ရန်ကုန်အပါအဝင် COVID-19 ပိုးတွေ့ရှိဒေသမှ လာရောက်သူအားလုံး Quarantine ဝင်ဖို့...

တောင်ဒဂုံမြို့နယ် အိမ်ထောင်စု ၂၄၀၀ စာအတွက် စားနပ်ရိက္ခာများ လှူဒါန်းခဲ့တဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေမှ သူမတည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတအသင်း၊ ရင်ခွင်မဲ့ ပရဟိတအသင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်တို့နှင့်ပူးပေါင်း၍ တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်အတွက်၊ တစ်ရပ်ကွက်လျှင် အိမ်ခြေ (၁၀၀) နှုန်းဖြင့် စုစုပေါင်း အိမ်ခြေ (၂၄၀၀) စာ ဆန်၊ ဆီ၊ စားနပ်ရိက္ခာများ ကူညီလှူဒါန်းသွားမယ့် အစီအစဉ်ကို ယနေ့ဧပြီလ (၃၀) ရက်နေ့တွင် စတင်လှူဒါန်းပေးခဲ့ကြပါတယ်။ ယနေ့တွင် အိမ်ခြေ ၄၀၀ အတွက် ကနဦးလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ကျန်ရှိသေးတဲ့အိမ်ခြေများကိုလည်း ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။”အိမ်ခြေ ၂၄၀၀ ကို လှူဒါန်းမှာပါ။ ဒါပေမဲ့ တစ်ရက်တည်းလှူဒါန်းဖို့က အဆင်မပြေတဲ့အတွက် ဒီနေ့ (ဧပြီ ၃၀) မှာ အိမ်ခြေ ၄၀၀ အတွက် လှူဒါန်းတာပါ။ ပြီးရင် မနက်ဖြန်ထပ်ထုပ်ပိုးမယ်။ သန်ဘက်ခါ ထပ်လှူမယ်။ ခွဲခွဲပြီး လှူသွားမှာပါ”လို့ ဆိုပါတယ်။ အိမ်ခြေ ၂၄၀၀...

ဧရာဝတီတိုင်းတွင် ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၈၀၀ ခန့် လေဘေးသင့်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ဧပြီလအတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူဦးရေ ၈၀၀ နီးပါး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၉၅ အိမ်နဲ့ ဘာသာရေးကျောင်း ၂ ကျောင်းပြိုကျပျက်စီးခဲ့ကာ လူဦးရေ ၇၅၄ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက တိုင်းဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကိုပြောပါတယ်။ “တိုင်းအတွင်းက ခရိုင် ၅ ခရိုင်မှာဖြစ်ခဲ့တယ်။ မဖြစ်တာဆိုလို့ မြောင်းမြခရိုင်ပဲရှိတယ်။ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့တာတွေ ပြုလုပ်ပေးထားပါတယ်။ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ ပေးတာတွေလည်းရှိပါတယ်”လို့ ပြောပါတယ်။ မိုးရာသီရောက်လာပြီဖြစ်တာမို့ လေပြင်းမုန်တိုင်းတွေ သဘာဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်ပြင်ဆင်နေတာရှိသလို လေဘေးသင့်တဲ့...

အင်းစိန် Quarantine စင်တာကနေ နေအိမ်ပြန်သူတချို့ အခန်းအတွင်းမှာ အညစ်ကြေးများစွန့်ပစ်ခဲ့

နယ်တွေကအလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေကို ထားရှိထားတာဖြစ်ပါတယ်။ အင်းစိန် GTI ကျောင်းမှာ Quarantine ဝင်နေပြီး ရက်ပြည့်လို့ ပြန်သွားသူတချို့အနေနဲ့ အခန်းတွင်းမှာ အညစ်အကြေးများစွန့်ပစ်ခဲ့ပြီး အမှိုက်တွေကိုလည်း စည်းကမ်းမဲ့စွန့်ပစ်သွားကြတဲ့ အတွက် Volunteers အဖွဲ့တွေက အခန်းတွေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အင်းစိန် GTI Quarantine စင်တာမှာ နယ်တွေကနေအလုပ်လုပ်ပြီးပြန်လာလို့ ရပ်ကွက်က လက်မခံတဲ့သူတွေကိုထားတာဖြစ်ပြီး ရက်ပြည့်လို့ အိမ်ပြန်တဲ့အခါမှာ အခုလိုလုပ်ရက်တွေလုပ်ခဲ့တာက လုံးဝအကျဉ်းတန်တဲ့လုပ်ရက်ဖြစ်တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။ “ ကျွန်တော်တို့က သူတို့ နေထိုင်စဉ်ကာလအတွင်းမှာလည်း စရိတ်တစ်ပြားမှမပေးရဘဲ အားလုံးအဆင်ပြေအောင်လုပ်ပေးခဲ့တာပါ။ ဒီရ်ပိုင်းအတွင်း ပြည်ပကဝင်ရောက်လာမယ့်သူတွေလည်းရှိတော့ နေရာတွေပြင်ဆင်တဲ့အနေနဲ့ လက်ရှိနေနေတဲ့ သူတွေထဲက ရက်ပြည့်တဲ့သူတွေပြန်သွားတဲ့အခန်းတွေကို ဆေးတွေဖြန်း၊ သန့်ရှင်းရေးတွေဝင်လုပ်တဲ့အခါမှာ အခုလိုတွေ့ရတာပါ။ ဘယ်သူဘယ်ဝါဆိုတာမသိပေမယ့် အခုဒီကိစ္စက လိုင်းပေါ်မှာလည်း ပြန့်နေပြီဆိုတော့ လုပ်ခဲ့တဲ့ သူကတော့ ကိုယ့်ကိုကိုယ်ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ကတော့...

လူနာအမှတ် ၁၁၀ သေဆုံး၊ သေဆုံးသူ ၆ ဦးရှိလာ

တောင်ဥက္ကလာပအထူးကုဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေတဲ့ COVID-19 ဓာတ်ခွဲအတည်ပြု လူနာအမှတ် ၁၁၀ ဟာ ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁နာရီ ၁၅မိနစ်မှာ သေဆုံးသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးရသည့်အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်း အတွင်း ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းနှင့် ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်းတို့ကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အသက် ၆၃ နှစ်အရွယ်ရှိ လူနာအမှတ် ၁၁၀ ဟာ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူ အမျိုးသားတစ်ဦးဖြစ်ပြီး ဘာသာရေးပွဲတက်ရောက်သူ ပိုးအတည်ပြု လူနာအချို့နဲ့ဆက်စပ်မှုရှိခဲ့ပြီး ဧပြီ ၁၉ ရက်နေ့မှာ ပိုးတွေ့ရှိကြောင်း အတည်ပြု ခံခဲ့ရတာဖြစ်ပါတယ်။အဆိုပါအမျိုးသားမှာ နဂိုသွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိသူလည်းဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံပိုင်စက်ရုံများတွင် COVID- 19 အတွက် လိုအပ်သည့် ဆေးပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

လတ်တလော လည်ပတ်နိုင်ခြင်းမရှိသည့် နိုင်ငံပိုင်စက်ရုံများတွင် COVID- 19 အတွက် လိုအပ်သည့် ဆေးပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ပြောကြားသည်။ COIVD- 19 ကပ်ရောဂါကြောင့် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို နိုင်ငံတကာဈေးကွက်မှ ဝယ်ယူလျက်ရှိသကဲ့သို့ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံနှင့် နှာခေါင်းစည်းများကိုလည်း ပြည်တွင်းထုတ် လုပ်သူများထံမှ ဝယ်ယူနိုင်ရေး ဆောင်ရွက်ထားပြီဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန် ကြီးဦးသောင်းထွန်း ရေးသားသည့် “ကပ်ရောဂါတိုက်ဖျက်ဖို့ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြပါစို့” ဆောင်းပါးတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID- 19 ကပ်ရောဂါကို ကာကွယ်၊ ကုသ ထိန်းချုပ်နိုင်ရေးအတွက် COVID- 19 ရောဂါစမ်းသပ်ရေးကိရိယာများ၊ အသက်ရှူစက်များ ပိုမိုထောက်ပံ့ပေးနိုင်ရေး ဆေးရုံနှင့် ဆေးခန်းများ တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ COVID- 19 ရောဂါစမ်းသပ်ရေးကိရိယာ...

၅ မိနစ်ထက်ပိုပြီးလမ်းမလျှောက်နိုင်တာ ၂ လကျော်နေကာ ညာဘက်ခြေထောက်စိုးရိမ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရတဲ့ မီးမီးခဲ

အဆိုတော်မီးမီးခဲကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာအချိန်အတော်ကြာနေရာယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်ချိန်ကအောင်မြင်နေတဲ့ ထိပ်တန်းအဆိုရှင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကိုရရှိခဲ့တဲ့ သူမကတော့ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုရော ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိထားခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ကင်ဆာဝေဒနာကို ခံစားနေရတဲ့ ပြည်သူချစ်အနုပညာတစ်ယောက်ဖြစ်ပေမယ့် အားမငယ်ဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ သူမရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရတဲ့ အကြောင်းကို ချစ်ရတဲ့ ပရိသတ်တွေထံ အသိပေးလာခဲ့ပါတယ်။ သူမကတော့ ” ဆေးစစ်ချက်အဖြေအရ ကျွန်မရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရပါတယ်..၅ မိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ပါပြီ..မတ်တပ်လဲကြောကြာမရပ်နိုင်ခဲ့ပါဘူး..အဖြေက တော့ ကင်ဆာ ပြန့်ပွားမှုက တော့ပုံမှန်ပေမဲ့ ကင်ဆာဆေး ကြောင့် ဆိုကျိုးကို ခံစားရတာပါ..အားလုံးကို ဆုတောင်းသတိရပေးပါလို့..God Bless You All....

တကယ်လိုအပ်နေတဲ့ ဆေးရုံမှာ အသက်ရှုစက်လှူမယ်ဆိုတဲ့ စမိုင်းလ်

စမိုင်းလ် ကတော့ ရန်ကုန်မှာရှိတဲ့ ဆေးရုံကြီး တစ်ခုခုမှာ အသက်ရှုစက်လှူချင်တယ်လို့ ဆိုပါတယ်။စမိုင်းလ်ကတော့ အခုလို COVID-19 ကာလမှာ တကယ်အရေးတကြီးလိုအပ်မှုတွေရှိနိုင်တဲ့ ဆေးရုံတစ်ခုခုမှာ အသက်ရှု စက်လှူချင်တယ်လို့ ဆိုလာပါတယ်။ မကြာသေးခင်ကလည်း သူမတို့ မိသားစုဟာ COVID-19 ကာလမှာ စားနပ်ရိက္ခာ အဆင်မပြေကြတဲ့ မိသားစုဝင်တွေအတွက် We Love Yangon ကနေတဆင့် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ “အသက်ရှူစက်လှူချင်ပါတယ်။ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးနေရာ ဘယ်နေရာဖြစ်မလဲဟင်” ဆိုပြီးတော့ ဧပြီလ ၂၈ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ တကယ်လိုအပ်တဲ့နေရာတွေကို ပြောပေမယ့် စမိုင်းလ်က ရန်ကုန်မှာပဲ လှူဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ ” စက်ကမှာထားရပါတယ်။ တစ်ပတ် ၊ ၁၀ရက်ကြာရင်ရမယ်ပြောပါတယ်။ အခုတော့လူဦးရေအများဆုံးနဲ့ ရောဂါအများဆုံးဖြစ်နေတဲ့ ရန်ကုန်ကိုပဲလှူလိုက်ပါ့မယ်။...

၂၈ ရက်နေ့ည၈း၃၀အချိန်ကမန္တလေးအောင်မြေသာစံမြို့နယ်အနှိပ်တော်ရပ်ကွက်တွင် သံသယလူနာတွေ့ရှိ

ကိုဗစ်ရောဂါနှင့်ပတ်သတ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ၂၈ ရက်နေ့ညနောက်ဆုံးထုတ်ပြန်ချက်တွင် သံသယလူနာ ၁၄၉ ဦးအထိရှိလာခဲ့ပြီး သေဆုံးသူ ၅ ဦး ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦးအထိရှိလာပြီဖြစ်ပါတယ်။ယခုညနေတွင် အသက်ရှုကြပ်ပြီး အနံ့မရတော့သောသံသယလူနာတစ်ဦးကိုမန္တလေးမြို့တွင်ထပ်မံတွေ့ရှိခဲ့ရပါသည်။ မန္တလေး၊အောင်မြေသာစံမြို့နယ်၊အနှိပ်တော်ရပ်ကွက်၊ ၆၂လမ်း×၆၁လမ်းကြား၊၁၉လမ်းနှင့် ၂၀လမ်းကြား ခင်မကန်ကျောင်း မြောက်ဘက်ပေါက်အနီးရှိ အိမ်မှ အမျိုးသားတစ်ဦး အသက်ရှုကြပ်ရောဂါခံစားရကာ အနံမရသဖြင့် ယနေ့ည ၀၈း၁၅ နာရီတွင် နန်းတော်ရှေ့လူမှု့ကယ်ဆယ်ရေးအသင်းမှ Quarantine ဝင်ရောက်ရန်ခေါ်ဆောင်ခဲ့ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ကနဦး ပို့ဆောင်ခဲ့သည်ဟု သိရှိရပါသည်။ ၎င်းအမျိုးသားသည် တရုတ်ပြည်မှ လွန်ခဲ့သော ၁၄ ရက်ခန့်က ပြန်လည်ရောက်ရှိလာကာ Quarantine ဝင်ရောက်ခဲ့ခြင်းမရှိပဲ နေထိုင်ခဲ့ကာ ထီအားကားဖြင့်လှည့်လည်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်ကြောင်း သတင်းရရှိပါသည်။ #Mandalay_True_News