Monthly Archive: February, 2020

တတိယမြောက်ရင်သွေး သမီးလေးကို ပိုင်ဆိုင်ထားတာ ၆ လရှိသွားပြီဖြစ်တဲ့ အာဇာနည်ရဲ့ဇနီး ၀မ်း

အဆိုတော် Rဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ အခုဆိုရင် ၁၆ နှစ်ရှိပါပြီ။ အခက်အခဲများစွာလည်း ရင်ဆိုင်ခဲ့ရသလို အတူတူ ဖြတ်သန်းရတဲ့ အရာတွေမှာလည်း ဖေးမ ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ R ဇာနည်ကတော့ သားလေး ဖစ်ဖစ်တုန် ချစ်ချစ်တုန်တို့နဲ့ အတူပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်ကြီးအတွက် ဝမ်းသာစရာသတင်းလေးကို အာဇာနည်ရဲ့ ဇနီးဖြစိသူ ဝမ်းကပြောပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ တတိယမြောက် ရင်သွေးသမီးငယ်လေးရှိနေပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ တတိယမြောက်ရင်သွေးငယ်သမီးလေးကို ပိုင်ဆိုင်ထားတာ ၆ လရှိပြီလို့ အာဇာနည်ရဲ့မိန်းမ ၀မ်း ကပြောပြလာခဲ့ပါတယ်။ ဖစ်ဖစ်တုန်တို့ ညီအကိုကလဲ ညီမလေးရတော့မှာမို့ အရမ်းကိုပျော်နေကြပါတယ်။ နှစ်ယောက်သား ဗိုက်နားလာပြီး ညီမလေး ညီမလေးနဲ့ စကားလာလာပြောနေတယ်လို့ ဝမ်းကပြောခဲ့ပါတယ်။ ပရိသတ်ကြီးကလဲ တတိယမြောက် ရင်သွေးသမီးငယ်လေးရတော့မယ် R ဇာနည်အတွက် ဂုဏ်ပြုစကားလေးပြောပေးခဲ့ကြပါဦးနော်။

စင်ရော်မောင်မောင်နဲ့ ငွေကြေးညှိနှိုင်းမှုအဆင်မပြေတဲ့အကြောင်းပြောလာတဲ့ တရားလိုဒေါ်စန်းစန်းမြင့်

ဒေါ်စန်းစန်းမြင့်ကတော့ သူမဆီကို ဒါရိုက်တာစင်ရော်မောင်မောင်က ငွေကြေးကိစ္စ လာရောက်ညှိနှိုင်းပေမယ့် အခုချိန်ထိ မပေးသေးဘူးလို့ ဆိုပါတယ်။ မေသန်းနုကို နောက်တိုးအမှုအဖြစ် တရားစွဲဆိုထားတဲ့ ရုံးချိန်းကတော့ ဒီနေ့(ဖေဖော်ဝါရီလ ၂၇ ရက်) န့လယ်ပိုင်းက ရန်ကင်းတရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ တရားလို ဒေါ်စန်းစန်းမြင့်အနေနဲ့ မေသန်းနုရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် က သူမကို နစ်နာသွားတဲ့ ငွေကြေးတွေ ပြန်မပေးခဲ့တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ “နင့်ရဲ့ နစ်နာဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေ ပြန်ပေးမယ်ပြောလို့ ကျွန်မ သွားခဲ့တာပါ။ ကျွန်မ ဘဏ်စာရွက်၊ ကားတစ်စီးနဲ့ သိန်း ၄၀၀ အတွက် သိန်း၁၂၅၀ တောင်းတာပါ။ ကျန်တာ မဟုတ်ပါဘူး။ ဒါကို သူပေးရင် ကျွန်မယူမှာပါ။ ကျွန်မကို မပေးဖြစ်ပဲနဲ့ ဘယ်လိုပေးမယ်၊ ညာလိုပေးမယ်ဆိုတာတွေ သူပြောလို့ ကျွန်မ သွားခဲ့တာ။ ပိုက်ဆံလည်း မပါလာဘူး။...

ဝူဟန်မြို့ရောက် အိန္ဒိယနိုင်ငံသားများကို အိန္ဒိယ လေတပ်က ခေါ်ထုတ်ခဲ့ရာတွင် မြန်မာနှင့် အခြားနိုင်ငံသားများလည်း ပါဝင်လာခဲ့

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားခဲ့ရာ ၀ူဟန်မြို့ရောက် နိုင်ငံသားတွေကို အိန္ဒိယ အစိုးရက ခေါ်ထုတ်ခဲ့ရာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အပါအ၀င် အခြားနိုင်ငံသားတွေလည်း လိုက်ပါ လာခဲ့ကြောင်း bdnews24 သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။ ပိတ်မိနေသူတွေကို ခေါ်ထုတ်လာခဲ့တဲ့ အိန္ဒိယလေတပ် (IAF) ရဲ့ အထူးလေယာဉ်ဟာ ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၇) မနက်ပိုင်းက ဒေလီမြို့မှာ ဆင်းသက်ခဲ့ကြောင်း ဒါကာရှိ အိန္ဒိယသံရုံးက ဖော်ပြတယ်လို့ ဆိုပါတယ်။ မြန်မာအပါအ၀င် လေယာဉ်နဲ့ ခေါ်ထုတ်လာသူတွေဟာ ဒေလီမြို့က ဆင်ခြေဖုံးဒေသတွေရှိ အထူးအဆောက်အအုံတွေမှာ သီးခြားခွဲနေကြရဦးမှာဖြစ်ကြောင်း အိန္ဒိယသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်မှာ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ် ဂျေးရှန်ကာက တွစ်တာပေါ်မှာ ပြောဆိုခဲ့မှုအရ ခေါ်ထုတ်လာသူ တွေထဲမှာ အိန္ဒိယနိုင်ငံသား ၇၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မော်လ်ဒိုက်၊ တရုတ်၊ တောင်အာဖရိက၊ အမေရိကန်နဲ့...

ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ရတော့မှာဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်

နိုင်ငံကျော်မင်းသား မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေက ဆင်းရဲ၊ ချမ်းသာ ကာရိုက်တာမရွေး သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်က အခုလက်ရှိမှာလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးနဲ့အတူတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေးကို မြတ်သူလို့ နာမည်ပေးထားပြီး မြတ်သူလေးက အခုဆိုရင် (၁) နှစ်ကျော် အရွယ်ကို ရောက်နေပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြင့်မြတ်တို့ မိသားစုအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခု ပေါ်ထွက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဲ့ဒါက မြင့်မြတ်ရဲ့ ဇနီးချောလေး မခင်သူအောင်က ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဆိုတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ဒုတိယမြောက်ရင်သွေးလေးအတွက် အနုပညာအသိုင်းအဝိုင်းက ဝမ်းသာနေကြသလို မြင့်မြတ်ကို အားပေးကြတဲ့ ပရိသတ်တွေလည်း...

တော်တော်လေး ထိခိုက်နေတဲ့ မေသန်းနုရဲ့ ကျန်းမာရေးအခြေအနေကိုပြောလာတဲ့ စင်ရော်မောင်မောင်

မဆင့်ကို သွားတွေ့တဲ့အချိန်မှာ သူ့မျက်နှာတော်တော်မကောင်းဘူး။ အပြစ်ဒဏ်ခံနေရတဲ့ အချိန်မှာ စိတ်ဓာတ်တွေလည်းကျနေရှာတဲ့ မေသန်းနု အတွက် စိတ်မကောင်းတော်တော်ဖြစ်ရတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။ သရုပ်ဆောင် မေသန်းနုကတော့ အပြစ်ဒဏ်ခံနေရတဲ့အချိန်မှာ ကျန်းမာရေး တော်တော်လေး ထိခိုက်နေတယ်လို့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။ ဒါပေမယ့် မဆင့်က ဘုရား၊ တရားတော့ အမြဲတမ်း လုပ်နေတယ်လို့ ဆိုပါတယ်။ “မဆင့်ရဲ့ ကျန်းမာရေးအခြေအနေကတော့ နည်းနည်းကျလာတယ်။ ကျွန်တော် သွားတွေ့တုန်းကလည်း သူ့မျက်နှာ တော်တော်မကောင်းဘူး။ သူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒီကိစ္စတွေ ကြာလာတော့ သူ စိတ်ဓာတ်ကျတဲ့အကြောင်းတွေ သူ့ကို သွားတွေ့တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ တော်တော် ထိခိုက်ရတဲ့အကြောင်းပြောတယ်။ သူ ထောင်ထဲမှာ တရားတွေထိုင်တယ်လို့ သူ့ထောင်ပိုင်တို့ ညွှန်မှူးတို့က ပြောတယ်။ ထောင်ထဲမှာတောင် သူ ဆွမ်းကျွေးတယ်လို့ ကြားတယ်။ ထောင်ထဲကလူတွေ ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်တစ်ယောက်...

ဦးနေ၀င်း၏ သားမက်ဖြစ်သူ ဦးအေးဇော်ဝင်း ကွယ်လွန်

ဦးနေ၀င်း၏ သားမက်တော်စပ်သူ၊ ကိုအေးနေ၀င်း၊ ကိုကျော်နေ၀င်းနှင့် ကိုဇွဲနေ၀င်းတို့ ၏ ဖခင် ဦးအေးဇော်ဝင်းသည် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက နေအိမ်၌ ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဦးအေးဇော်ဝင်းသည် တပ်မတော်အကြီးအကဲဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်း၏ သမီး ဒေါက်တာ ခင်စန္ဒာဝင်းနှင့် လက်ထပ်ထိမ်းမြားခဲ့သူဖြစ်ပြီး ကိုအေးနေ၀င်း၊ ကိုကျော်နေ၀င်းနှင့် ကိုဇွဲနေ၀င်းတို့ ၏ ဖခင်လည်းဖြစ်သည်။ဖခင်ဖြစ်သူ ကွယ်လွန်သွားမှုနှင့်ပတ်သက်၍ ကိုအေးနေ၀င်းက ဖေဖော်ဝါရီ ၂၆ ရက်ညပိုင်း၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို အတည်ပြုပေးခဲ့သည်။ ဦးအေးဇော်ဝင်းသည် လေဖြတ်နာမကျန်းရောဂါကို ကြာမြင့်စွာခံစားနေရသူလည်း ဖြစ်သည်။ ဦးအေးဇော်ဝင်းနှင့်သားများကို နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရက ၂၀၀၂ ခုနှစ်၌ ဖမ်းဆီးထောင်ချခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။ ဦးအေးဇော်ဝင်း ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီဟု သိရသည်။...

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာအပေါ်အကျိုးသက်ရောက်မှု ရှောင်ရှားမရနိုင်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံအပေါ်မှာ ကျန်းမာရေးနဲ့ စီးပွားရေး အကျိုးသက်ရောက်မှုရှိတဲ့အကြောင်းနဲ့ အဲဒီအကျိုးသက်ရောက်တွေကို ရှောင်ရှားလို့မရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ မနေ့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူထုကိုပြောကြားလိုက်တာပါ။ “အများသိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စက ကျမတို့ နိုင်ငံအပေါ်မှာ အကျိုးသက်ရောက်မှုရှိ ပါတယ်။ အဲဒီအကျိုးသက်ရောက်တွေကို ရှောင်ရှားလို့မရပါဘူး။ သို့သော် ကျမတို့က ပထမ ဦးဆုံး လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့နိုင်ငံတစ်ခုပါ။ ကျမတို့အနေနဲ့ ကျန်းမာရေးကိစ္စ သာမက စီးပွားရေးဘက်ကလည်း ထိခိုက်နိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး အစောကြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပါတယ်။” ဒါ့အပြင် ဝူဟန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တခြားနိုင်ငံတွေထက် အရင်ဆုံးပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ “ဝူဟန်မှာရှိနေတဲ့ ကျမတို့ရဲ့ လူငယ်နိုင်ငံသားတွေကို ပြန်ပြီးခေါ်တဲ့ အထဲမှာ ကျမတို့က...

တရုတ်နိုင်ငံကို ဗီဇာပိတ်လိုက်ပါက နှစ်နိုင်ငံချစ်ကြည်ရေးထိခိုက်နိုင်ဟု ဟိုတယ်ခရီးဒုဝန်ကြီးပြော

၂၀၂၀ တရုတ်သမ္မတ စီကျင်းပင် မြန်မာနိုင်ငံခရီးစဉ် တွင် တရုတ် -မြန်မာယဉ်ကျေးမှု နှင့် ခရီးသွားနှစ်ဟုကြေညာခဲ့သ ဖြင့် တရုတ်နိုင်ငံကို ဗီဇာပိတ်မည် ဆိုပါက နှစ်နိုင်ငံ ချစ်ကြည်ရေး ထိခိုက်နိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးတင်လတ်ကပြော သည်။မန္တလေးတိုင်းဒေသကြီး ဒေ သဆိုင်ရာ ခရီးသွားလုပ်ငန်းကော် မတီဝင်များအပါအဝင် ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဖေဖော်ဝါရီ ၂၃ရက်တွင် မန္တလေးမြို့ ၌ တွေ့ဆုံစဉ် ၎င်းကပြောကြား သည်။ ‘‘ဗီဇာပိတ်မယ်ဆိုရင် နှစ် နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ အတွက် ပေါ်ပေါ်ထင်ထင်မလုပ် ပါနဲ့။ Public မလုပ်ပါနဲ့လို့ အ စည်းအဝေးမှာပြောတယ်’’ဟု ၎င်း ကပြောသည်။ဝန်ကြီးဌာနပေါင်းစုံပါဝင် သော COVID-19 ဗိုင်းရပ်စ်ကာ ကွယ်ထိန်းချုပ်ရေးအစည်းအဝေး ကို ရည်ညွှန်း၍ ဦးတင်လတ်က ပြောသည်။ မြန်မာအစိုးရသည် တရုတ် ခရီးသွားများသို့ ဝန်ဆောင်မှုပေးအပ်နေသည့်...

ပညာရေးဝန်ကြီးကို စော်ကားပြောဆိုနေသည့်အကောင့်များကို အရေးယူရန် စောင့်ကြည့်မည်

ပညာရေးဝန်ကြီးဌာန၏ ဝန်ကြီးအပါအဝင် ထိပ်ပိုင်းအကြီးအကဲများကို စော်ကားပြောဆိုနေသည့် Facebook အကောင့်များနှင့် ပညာရေးသတင်းအမှားတင်နေသည့်အကောင့်များကို အရေးယူရန်စောင့်ကြည့်မည့် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။ လူမှုကွန်ယက်မီဒီယာ အချက်အလက်များ လေ့လာစောင့်ကြပ်သုံးသပ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးအဖွဲ့(အခြေခံပညာဦးစီးဌာန)ကို ဖွဲ့စည်းထားပြီး ပညာရေးသတင်းအမှားများကို တင်သူ ၊ ပညာရေးဝန်ကြီးဌာန၏ ထိတ်ပိုင်းအကြီးအကဲများကို အလွန်အကျူးစော်ကားပြောဆိုမှုများအပေါ် ဥပဒေကြောင်းအရအရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ပညာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တစ်ချို့က အမြဲဆန့်ကျင်တယ်။ ဝန်ကြီး ၊ အကြီးအကဲတွေကို အပြုသဘောမျိုးမဟုတ်ပဲ စော်ကားပြောဆိုတာတွေ စောင့်ကြည့်ပြီး ပြန်လည်တုန့်ပြန်ဖို့ပေါ့။ သိပ်လွန်လာရင်တော့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာရင်တော့ ဥပဒေကြောင်းအရဆောင်ရွက်မှာပါ့” ဟု ၎င်းကဆိုသည်။ လေ့လာစောင့်ကြပ်သုံးသပ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးအဖွဲ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပြီး ဌာနတွင်းရှိ ညွှန်ကြားရေးမှူးများဖြင့် ဖွဲ့စည်းထားပြီး ပညာရေးသတင်းများနှင့် ပတ်သက်ပြီး သတင်းမမှန်ထုတ်လွှင့်မှုများ ၊ လုပ်ငန်းများ ကြန့်ကြာစေရန် နှောင့်နှေးစေရန် ရည်ရွယ်ချက်ရှိရှိ ပွဲဆူစေရန်ဆောင်ရွက်နေမှုများရှိပါက အဆိုပါအဖွဲ့သည်...

မြန်မာ့တပ်မတော်က တရုတ်ပြည်သူများအတွက် ဒေါ်လာ ၃ သိန်းဖိုး ဆေးစ္စည်းများပေးပို့လှူဒါန်း

တရုတ်နိုင်ငံတဝန်းမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) တိုက်ဖျက်ရေးလုပ်ငန်းတွေ အောင်မြင်စေဖို့ မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ဖိုး တရုတ်နိုင်ငံထံ လေယာဉ်နဲ့ ပေးပို့လှူဒါန်းလိုက်ပါတယ်။ တရုတ်ပြည်သူတွေအတွက် မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၅ မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်ပြီး တပ်မတော် လေယာဉ်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်ပေးပို့လှူဒါန်းခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ လှူဒါန်းတဲ့ ပစ္စည်းတွေထဲမှာ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ Surgical Masks (2 Ply) ၉၀၀၀၀ ခု Type-N 95(SM Particulate Respirator Masks) ၉၀၀၀၀ ခု၊ SaFety Goggles ၉၀၀၀၀ ခု စတဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပါဝင်တယ်လို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။ခုလိုမြန်မာ့တပ်မတော်က...