Monthly Archive: January, 2020

ဝူဟန်ကကျောင်းသားတွေကို ၁၄ရက်ကြာစောင့်ကြည့်မယ့် အစီအစဉ်ကိုကြားသိပြီး မန္တလေးမြို့ရဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်လိုက်တဲ့ အလှူများ

စောင့်ကြည့်ကာလအတွင်း ကျောင်းသားတွေအဆင်ပြေစွာနေထိုင်နိုင်ဖို့ အစစ အရာရာထောင့်စေ့အောင် စီစဉ်ထားပေမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ်းလှမ်းလာသူတွေကို မြို့တော်ကိုယ်စားကျေးဇူးအထူးတင်ပါတယ်။ Myanmar Net က 50MB free wifi,MPT က ငွေဖြည့်ထားတဲ့ SIM card များ,Alpine သောက်ရေသန့်က လိုအပ်သမျှသောက်ရေသန့်များ,SP Bakery က မုန့် ၄မျိုးပါ အထုတ်ကြီး ၇၀ လိုအပ်ရင် ထပ်မံလှူဒါန်းမှာပါ,မြို့တော်ဘီစကစ်က အထုတ်၆၀ပါ ၁၇ဖာ လိုအပ်ရင်ထပ်မံ လှူဒါန်းမှာပါ,Premier Coffeemix က အထုတ် ၁၄၀၀ ထုတ် လိုအပ်ရင် ထပ်လှူမှာပါ,Pocari Sweat က အားဖြည့်အချိုရည် ၄၀၈ ပုလင်း,ဦးကာက ဒေါ်စိန် လက်ဖက်က လက်ဖက်သုပ်နဲ့ လက်ဖက်ခြောက်ဘူးများ လိုအပ်ရင် ထပ်လှူမှာပါ မြန်မာ တရုတ်ချစ်ကြည်ရေးအသင်းက စောင် ၆၅ထည် ရေနွေးဓာတ်ဘူး တစ်ခန်းတစ်လုံး ၄၀ လုံး...

မန္တလေး ကုတင် ၅၅၀ ကလေးဆေးရုံတွင် ကိုရိုနာ ဗိုင်းရပ်စ် သံသယ စောင့်ကြည့်ခံရသည့် မိသားစုသုံးဦး စိုးရိမ်စရာ မရှိသဖြင့် နေရပ် လွိုင်ကော်မြို့သို့ ပြန်သွားပြီဖြစ်ဟု ဆို

မန္တလေး ကုတင် ၅၅၀ ကလေးဆေးရုံတွင် ကိုရိုနာ ဗိုင်းရပ်စ် သံသယ စောင့်ကြည့်ခံရသည့် မိသားစုသုံးဦးမှာ စိုးရိမ်စရာမရှိသဖြင့် နေရပ်ဖြစ်သော လွိုင်ကော်မြို့သို့ ပြန်သွားပြီဖြစ်ကြောင်း Surveillance and Respond Team မှ အတွင်းရေးမှူး ဒေါက်တာသန်းသန်းမြင့်၏ ပြောကြားချက်အရ သိရသည်။ ယနေ့ (ဇန်နဝါရီ ၃၁ ရက်) နံနက် ၈ နာရီကျော်တွင် တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေးတံတားဦးလေဆိပ်သို့ ရောက်ရှိလာသည့်ခရီးသည်များအနက် ၂ နှစ် ၇ လ အရွယ် ကလေးငယ်တစ်ဦး ချောင်းဆိုးဖျားနာသည့်အတွက် ကုတင်၅၅၀ ကလေးဆေးရုံသို့ သီးသန့်စစ်ဆေးရန်စေလွှတ်ခဲ့သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိဖွယ်စောင့်ကြည့်နေမှုနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ SRT သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ” ကလေးလေးက ဖျားတယ်။ ဟုတ်တယ်။ Scan...

မြန်မာနိုင်ငံမှာနိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအနည်းဆုံး၃ ဦး ရှိကြောင်း သမ္မတရုံးအတည်ပြု

မြန်မာနိုင်ငံမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် အနည်းဆုံး ၃ ဦးကို တွေ့ရှိထားကြောင်း သမ္မတရုံးတာဝန်ရှိသူက သတင်းထုတ်ပြန်ပါတယ်။ ဒီမနက်ပိုင်းက China Southern လေကြောင်းလိုင်းနဲ့ ကွမ်ကျိုးကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ ခရီးသည် ၇၉ဦးထဲမှာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံမှာ သီးခြားထားပြီး ကုသပေးနေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ မန္တလေးနဲ့ မိတ္ထီလာမှာလည်း ဒီရောဂါပိုး အကူးစက်ခံရသူ သံသယလူနာ ၂ ဦးရှိနေတယ်လို့ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် ဒီသံသယ လူနာတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာ ဟုတ် မဟုတ်ဆိုတဲ့ အတည်ပြုချက် ရယူရအုံးမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။ တရုတ်နိုင်ငံ၊ ကွမ်ကျိုးလေဆိပ်ကနေ ထွက်လာတဲ့ China Southern...

တရုတ်နံပါတ်ပြားတပ် မော်တော်ယာဉ်များကိစ္စနှင့် ပတ်သက်ပြီး မသိရှိသေးဘဲ စုံစမ်းခိုင်းထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြော

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ နေသည့် တရုတ်နံပါတ်ပြားတပ်မော်တော် ယာဉ်များကိစ္စနှင့် ပတ်သက်ပြီး မသိရှိသေးဘဲ စုံစမ်းခိုင်းထားကြောင်း  နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား သည်။ “ ဓာတ်​ပုံ​တွေ​တွေ့တယ်​။မေးထားတယ်​ ဘယ်​က​နေပြီး​တော့ ဝင်​လာလဲဆိုတာ။အဖြေ မရ​သေးဘူး။ စုံစမ်းတုန်းပဲရှိ​သေးတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။အဆိုပါ တရုတ်နံပါတ်ပြားတပ်ဆင်ထား သည့် မော်တော်ယာဉ်များမှာ ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ ဇန်နဝါ ရီ ၃၁ ရက်တွင် မန္တလေးမြို့၌ လည်းကောင်း ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တွေ့ရှိမှုအား လူမှုကွန်ရက်စာ မျက်နှာများပေါ်သို့ တင်ခဲ့ပြီး မည်သူများ ဖြစ် သည်ကို မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ရှိခဲ့သည့် အဆိုပါ မော်တော်ယာဉ်များ နှင့် ပတ်သက်ပြီး Aung Phone Oo အကောင့် ပိုင်ရှင်က ‘တရုတ်ကားနံပါတ်တပ်ကားတစ်စီး...

ထိုင်းမှာ ပထမဆုံး လူအချင်းချင်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်တွေ့ရှိခဲ့ပြီး ဗြိတိန်ကလည်း ပထမဆုံး ပိုးကူးစက်ခံရသူတွေ တွေ့ရှိကြောင်း အတည်ပြု

ထိုင်းနိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် လူအချင်းချင်းကူးစက်ခံရတဲ့ ပထမဆုံးလူနာ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက သောကြာနေ့ မှာ ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံမှာ ပိုးတွေ့ရှိသူ ၁၉ ဦး အထိရောက်ရှိလာကာ တရုတ်နိုင်ငံပြီးရင် ဒုတိယအမြင့်ဆုံး အရေအတွက်ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာပဲ ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသူဟာ တက္ကစီဒရိုင်ဘာတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန လက်ထောက် အထွေထွေညွှန်ကြားရေးမှူး တာနာရတ် ပီပတ် က ပြောဆိုပါတယ်။ “သူက တရုတ်ကို ခရီးသွားဖူးတဲ့ မှတ်တမ်းမှတ်ရာ မရှိပါဘူး၊ ဖြစ်နိုင်တာကတော့ နာမကျန်းတဲ့ တရုတ် ခရီးသည် တစ်ဦးဆီက ကူးစက်ခဲ့ဖွယ်ရှိပါတယ်” လို့  တာနာရတ် က ပြောဆိုခဲ့ပါတယ်။အာဏာပိုင်တွေဟာ မိသားစုဝင် သုံးဦးအပါအ၀င် ယင်း တက္ကစီဒရိုင်ဘာနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူ ၁၃ ဦးကို စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ကနဦး တွေ့ရှိချက်အဖြေအရတော့ ၄င်းတို့အားလုံး ပိုးကူးစက်ခံထားရခြင်း မရှိဘူးလို...

မိုးအောင်ရင် ထောင်ကလွတ်လာပြီး နောက်ပိုင်းလည်း လင်မယားအရာ မြောက်သည်အထိ အတူနေခဲ့တယ်ဆိုတဲ့ ခင်မြတ်နိုး

သရုပ်ဆောင်မိုးအောင်ရင် မူးယစ်ဆေးဝါးအမှုနှင့် ထောင်က လွတ်လာပြီးသည့် နောက်ပိုင်းလည်း မိမိတို့နှစ်ဦး လင်မယားအရာမြောက်ခဲ့သည်အထိ အတူနေခဲ့ကြောင်း တရားလို ခင်မြတ်နိုးက ဇန်နဝါရီ ၃၁ ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။ သရုပ်ဆောင်မိုးအောင်ရင်အား တရားစွဲဆိုထားသည့် ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ကို ယနေ့ ရန်ကင်းတရားရုံးတွင် တရားလို မခင်မြတ်နိုး ကို စတင် စစ်ဆေးခဲ့သည်။ “စစ်ဆေးတဲ့ အခါမှာ အခုလိုမျိုးကတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သူ့တို့ဘက်က စပြောကတည်းက ကိုယ့် အရှက်ကို ခွဲပြီးသွားပြီလေ။ အရှက်က ကမ်းကုန်အောင် ကုန်နေပြီဆိုတော့ မထူးတော့ဘူး။ ကိုယ်လည်း ပြောစရာရှိတာကို သတ္တိမွေးပြီးတော့ ပြောရမှာပဲ။ အခုလိုပြောင်းလဲသွားတာက ထောင်ထဲက ထွက်လာမှ ပြောင်းလဲသွားတာပါ။ ထောင်က လွတ်လာတုန်းကလည်း သူ့အိမ်မှာ လင်မယားအရာမြောက်ခဲ့ပါတယ်။ သူ့အမေ၊ အဖေတွေ ကိုယ်တိုင် ခေါ်သွားခဲ့တာဆိုတော့ လင်မယားအရာမြောက်ခဲ့ပါတယ်။ အရင်ကတည်းက...

မန္တလေးမြို့တွင် လူ (၃)ဦးအား ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် ကုတင်(၅၅၀)ဆေးရုံ၌ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ လေဆိပ်မှ မန္တလေးအပြည်​ပြည်ဆိုင်ရာလေဆိပ်သို့ ​ယနေ့ (ဇန်နဝါရီ ၃၁ ရက်) ရောက်ရှိလာသည့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိဘနှစ်ပါး(အဖေ တရုတ်နိုင်ငံသား၊ အမေ မြန်မာနိုင်ငံသား)တွင် ကိုယ်အပူချိန်မြင့်မားနေသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် မန္တလေးမြို့ ကုတင်(၅၅၀) ဆေးရုံ၌ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ၀ူဟန်ဗိုင်းရပ်စ် သံသယ လူနာများ တွေ့ရှိထား

ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ၀ူဟန်ဗိုင်းရပ်စ် သံသယ လူနာ ၃ ဦး တွေ့ရှိထားပြီး လတ်တလော စောင့်ကြည့် ဆေးကုသမှုများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ကျ အရာရှိများထံမှ စုံစမ်းမေးမြန်းချက် အရ သိရှိရသည်။ သိရှိထားသော ၀ူဟန်ဗိုင်းရပ်စ် သံသယလူနာများ၏ အခြေအနေကို ဖော်ပြလိုက်ပါသည်။ ရန်ကုန်မြို့မှ ၀ူဟန်ဗိုင်းရစ်သံသယလူနာ ========================== ရန်ကုန်မြို့တွင် ယနေ့ နံနက်ပိုင်း တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် China Southern လေကြောင်းလိုင်းပေါ်တွင် ဖျားနာနေသည့် အသက် ၅၅ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး တွေ့ရှိရ၍ ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ပြီး ၀ူဟန်ဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ်လိုက်သည်။ ၎င်းနှင့်အတူ လိုက်ပါလာသော လေယာဉ်မှ ကျန်းမာရေး ကောင်းမွန်သည့် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း စောင့်ကြည့်လျက်ရှိသည်။    ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း အဆိုပါ တရုတ်နိုင်ငံသားကို...

ကျန်းမာရေးမှတာဝန်ရှိသူများ တစ်ရက်(၂)ကြိမ်virusအခြေအနေကြေညာပေးပါလို့ တောင်းဆိုလိုက်တဲ့ လွင်မိုး

နိုင်ငံကျော်သရုပ်ဆောင် မင်းသားကြီး လွင်မိုးကတော့ လတ်တလောမှာ ပြည့်သူတွေစိုးရိမ်နေကြတဲ့ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်သံသယရှိနေတဲ့ လူနာ မြန်မာ့လေဆိပ်မှာတွေ့ရှိခဲ့ရတဲ့အပေါ်မှာ “ “တခွန်တည်းပြောမယ်” ကျန်းမာရေးမှတာဝန်ရှိသူများ တစ်ရက်(၂)ကြိမ်virusအခြေအနေကြေညာပေးပါ” လို့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့နယ်ကနေစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာတစ်လွှမ်းကို တဖြည်းဖြည်းနဲ့ ကူးစက်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ဖြစ်တဲ့ ယနေ့ မနက်ပိုင်းက China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာတဲ့ ဝူဟန်မြို့က တရုတ်အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေတယ်လို့ သံသယရှိတာကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားရှိတာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည်တွေထဲမှာမှ မြန်မာနိုင်ငံသား ၂ ဦးကိုသာလျှင် ပြန်ခေါ်ထားမည်ဖြစ်ပြီး ကျန်ခရီးသည်များအားလုံးကို ထိုလေယာဉ်ဖြင့် ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။ အခုလိုအခြေအနေတွေကြောင့် ပြည်သူတွေမှစိုးရိမ်နေကြတာဖြစ်ပြီး နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးမှလည်း ပြည်သူတွေစိုးရိမ်နေတဲ့ ဗိုင်းရပ်စ်အခြေအနေကို တစ်ရက်(၂)ကြိမ်လောက် ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။ ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ...

တရုတ်တွေကို ဘာလို့ အဲ့လောက်တောင် အခွင့်ရေးပေးတာလဲလို့ မေးခွန်းထုတ်လာတဲ့ ယုန်လေး

အဆိုတော်တစ်ယောက်ဖြစ်တဲ့ ယုန်လေးဟာ နောက်ပိုင်းမှာ သရုပ်ဆောင်နဲ့ ဒါရိုက်တာအဖြစ် လုပ်ဆောင်ရင်း ပရိသတ် အားပေးမှုကို ရရှိနေသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ရင်းကောင်းပြီး ဘွင်းဘွင်းရှင်းရှင်းသာပြောတတ်တဲ့ ယုန်လေးက သူ့စိတ်ထဲမှာရှိတာကို ဟန်မဆောင်ပဲ ပြောတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ယုန်လေးက လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။ ယုန်လေးက “ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ Save ဖြစ်အောင်နေရာတိုင်း သတိရှိရှိနဲ့ စစ်ဆေးသင့်တာစစ်ဆေး တားသင့်တာတားရတာ. အပိုအလုပ်မှ မဟုတ်တာ။” “တရုတ်တွေကို ဘာလို့ အဲ့လောက်တွေ အခွင့်ရေးပေးတာလဲ။ တရုတ်ဆိုတာနဲ့ ကျွန်တော်တို့နိုင်ငံထဲက တရုတ်လူမျိုး မြန်မာနိုင်ငံသားတွေကို ပြောချင်းမဟုတ်ပါ ။ ကျွန်တော်လည်း တရုတ်သွေးပါပါတယ် ။” ” ကျွန်တော်တို့ မြန်မာ့နိုင်ငံသားတွေ အကုန်သနားဖို့ကောင်းတယ်။ နိုင်ငံခြားသား ဆို ဟုတ်ဟုတ် မဟုတ်ဟုတ် အထင်ကြီးတယ် ။ ကိုယ့်လူမျိုးထက် ပိုပြီး တလေးတစားဆက်ဆံတယ်။...