Monthly Archive: December, 2019

ကိုအောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ခြင်းသည် အချိန်စောသည်ဟု ရဲတပ်ဖွဲ့ပြော

ပြေည်တော်၊ ဒီဇင်ဘာ ၁၉ ။            ။ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံထားရသူ ယာဉ်မောင်းကိုအောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ခြင်းသည် အချိန်စောသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ယနေ့ နေပြည်တော်တွင်ပြုလုပ်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောကြားလိုက်ခြင်းဖြစ်သည်။ တင်သွင်းထားသော တရားလိုပြသက်သေ ၂၇ ဦးတွင် ၂၀ ဦးသာ စစ်ဆေးပြီးစီးသော်လည်း ကျန် ၇ ဦးကို မစစ်ဆေးသေးဘဲ ကိုအောင်ကြီးကို တရားရုံးကတရားရှင်လွှတ်ပေးလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သူ ရဲအရာရှိကြီးများက ဆိုသည်။အခင်းဖြစ်ပွားသည့်နေ့က ၀တ်ဆင်ခဲ့သည့် ယာဉ်မောင်းကိုအောင်ကြီး၏ ဘောင်းဘီတွင် သုတ်ရည်တွေ့ကြောင်း၊ ဗစ်တိုးရီးယားကလေးငယ်၏ ဘောင်းဘီနှင့်မိန်းမကိုယ်တွင် သုတ်ရည်တွေ့ကြောင်း၊ ယင်းအပြင် ကလေးမလေး၏ ဖခင်ကိုယ်တိုင်အပ်သောဗီဒီယိုထဲတွင် အကျီ င်္အဖြူနှင့်ပုဆိုးအပြာဝတ်ထားသောသူဖြတ်သွားချိန် ကလေးမလေးက (သမီးဖင်ဖုကို ဆိတ်တာ ဒီကိုကို)ဟုပြောထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ယင်းကဲ့သို့သော သက်မဲ့အထောက်အထားများကိုသာ အားကိုး၍ ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သက်ရှိအထောက်အထားများကို အားမကိုးခဲ့ကြောင်းရဲတပ်ဖွဲ့ကဆိုသည်။”အကြောင်းမဲ့သက်သက်စွဲတာမဟုတ်ပါဘူး။...

သူမနဲ့တစ်ပုံစံတည်းတူတဲ့ သမီးလေးကို ချစ်မဝဖြစ်နေတဲ့ မေမေ ခိုင်နှင်းဝေ

အများ​ကောင်းကျိုးကို ကြည့်​တတ်​လွန်းလို့ ပရိသတ်​တွေက ပရဟိတ မင်းသမီးကြီးလို့​တောင်​တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ပရိသတ်​တွေ လေးစား ချစ်ခင်ကြသူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ ခိုင်​နှင်း​ဝေက​တော့ လက်​ရှိမှာ အမွေစားအမွေခံနဲ့ မွေးစားထားတဲ့ သမီးလေးတစ်ယောက်အပြင်၊ မိဘမဲ့က​လေး​တွေကိုလည်း သူမကိုယ်​တိုင်​မိခင်​အဖြစ်​ခံယူပြီး​မွေးစား​နေတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ သားသမီးတွေနဲ့ အေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတဲ့ ခိုင်​နှင်း​ဝေက​တော့ လတ်တလောမှာ သူမနဲ့ တစ်ပုံစံတည်းတူတဲ့ သမီးလေး ရွှန်းရတီခိုင်နဲ့ လျှောက်လည်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်​ပရိသတ်​တွေ​အတွက်​ သူမရဲ့ကိုယ်ပွားလေးလို့တောင် ပြောရလောက်တဲ့အထိ ခိုင်နှင်းဝေနဲ့ တူလွန်းတဲ့ သမီးလေး ရွှန်းရတီခိုင်ရဲ့ ပုံရိပ်လေးတွေကို​ ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ ခိုင်​နှင်း​ဝေက​တော့ “အမေ့ရဲ့ ကိုယ်ပွားလေး ❤️❤️❤️💕💕💕😘😘😘 ” ဆိုပြီး ချစ်ရတဲ့ သမီးလေးနဲ့ လည်လည်ထွက်နေတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်​ယက်​မှာ ဝေမျှပေးထားတာပါ။ ခိုင်နှင်းဝေရဲ့ သမီးလေးကတော့ အိုက်တင်တွေကအစ...

သားလေးကို အမွေ ဆက်ခံစေချင်တဲ့ ဆန္ဒကို ရင်ဖွင့်လိုက်တဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်းဟာ ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာကို ဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားပေးနေခဲ့သူ တစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းကြောင့်လည်း မြန်မာ ဆိုတာကို တစ်ကမ္ဘာလုံးက နိုင်ငံတွေ တော်တော်များများက ချစ်လာ အားပေးလာကြတယ် ဆိုရင်လည်း မမှားပါဘူး။ လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အောင်လအန်ဆန်းဟာ အမြဲတမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင်ရရှိတိုင်းမှာလည်း မြန်မာ့ စပါးအုံးမြွေကြီး အဖြစ် တင်စားပြောဆိုခံရတာနဲ့ အညီ မြန်မာနိုင်ငံအလံကိုပဲ ခြုံပြီး အောင်ပွဲတွေ ခံတတ်သူ ဖြစ်တာကြောင့်လည်း မြန်မာပရိသတ်တွေက အောင်လအန်ဆန်းကို ပိုတိုးပြီး ချစ်ခင် အားပေးကြတာပါ။ အောင်လအန်ဆန်းဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ...

Myanmar Idol က ပြိုင်ပွဲဝင်တွေခဏခဏဝမ်းနည်းပြီး ငိုတာ မကောင်းဘူးလို့ ဇော်ဝင်းထွဋ် ပြော

ပရိသတ်ကြီးရေ.. ဂီတလောကမှာ အမိုက်စားတေးသီချင်းကောင်းတွေနဲ့ မိန်းကလေး ယောင်္ကျားလေး လူငယ် လူရွယ်မရွေး အားလုံးရဲ့ အားပေးကြိုက်နှစ်သက်မှုတွေနဲ့ ချစ်ခင်မှုတွေကို အခိုင်အမာရရှိအောင်မြင်နေတဲ့ ဂီတမင်းသားကြီးကတော့ Rocker အဆိုတော်ကြီး ဇော်ဝင်းထွဋ်ပဲ ဖြစ်ပါတယ်နော်..။ အသံပါဝါကောင်းကောင်းနဲ့ ဆယ်စုနှစ်တွေကတည်း အောင်မြင်လာတဲ့ ဇော်ဝင်းထွဋ်ရဲ့ အမိုက်စား Rock တေးသီချင်းကောင်းတွေကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲနေယူထားပြီး လူကြိုက်များအောင်မြင်နေဆဲပဲ ဖြစ်ပါတယ်နော်..။ ဝါရင့်အဆိုတော် ဇော်ဝင်းထွဋ်ကတော့ Myanmar Idol ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲဝင်တွေကို ခဏခဏဝမ်းနည်းပြီး ငိုတာတော့ မကောင်းတဲ့အကြောင်းလေးပြောထာပြီး အားပေးစကားလေး ဆိုလိုက်ပါတယ်နော်..။ ဝင်ပြိုင်တဲ့လူတွေကို ချီးကျူးသလို တချို့က ငယ်လွန်းကြတော့ ခဏခဏဝမ်းနည်းပြီး ငိုတာတော့ သိပ်မကောင်းဘူး ကိုယ့်ကိုကိုယ် အကောင်းဆုံးပြင်ဆင်ကာ စိတ်ချမ်းသာအောင်ထားပြီး ကိုယ်ကျရှုံးဝမ်းနည်းသွားတာတွေကို သူများမမြင်တော့ပိုကောင်းတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားပြီး ကိုယ်ခံစားနေရတာကို သူများမမြင်အောင် အေးဆေးလေးနေပြီး ကိုယ့်ကိုကိုယ် အတောင်စုံအောင်ပြန်ပြီးတည်ဆောက်ရတာပေါ့...

နှာခေါင်းနဲ့ Vote မပေးနဲ့ပြောလည်း ပရိသတ်က သူကြိုက်တာ သူပေးနေမှာပဲဆိုပြီး အမျိုးသမီး Winner ရစေချင်တယ်လို့ ဆိုလာတဲ့ ပိုးမီ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာဖြစ်စဉ်၌ တပ်မတော်မှဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်သည်ဆိုသည့် ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်သည် အေအေ တပ်ဖွဲ့ဝင် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်၌ စိတ္တရကျေးရွာအတွင်းပစ်ခတ်မှုများနှင့်ကြုံခဲ့ရသဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်း၍ စစ်ဆေးရာ ဦးဉာဏ်သိန်းနှင့် ဦးကျော်အေးမောင်တို့ ၂ ဦးကိုသေဆုံးလျက်တွေ့ရှိခဲ့ကြသည်။ လုပ်ထုံးလုပ်နည်းနှင့် အညီစစ်ဆေးရာ ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်အေးမောင် ၀တ်ဆင်ထားသည့် အနွေးအင်္ကျီအိတ်ကပ်အတွင်းမအေအေ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ပြုလုပ်သော စစ်ရေးပြအခမ်းအနား ၁ ခုတွင် ၎င်းကိုယ်တိုင်အေအေ အကြမ်းဖက် သောင်းကျန်းသူခေါင်းဆောင် ထွန်းမြတ်နိုင်၏ ရှေ့ဆောင်ဓားကိုင်အဖြစ် ပါဝင်သည့် မှတ်တမ်း ဓာတ်ပုံအား သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။၎င်းအပြင် မင်းပြားမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် မောင်မောင်သန်း (ဘ)ဦးထွန်းအေးကြိုင် အပါအ၀င် မသင်္ကာဖွယ်အမျိုးသား ၇ ဦးမှလည်း သေဆုံးသူ ဦးကျော်အေးမောင် သည်အေအေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဝင် ၁ ဦးဖြစ်ကြောင်း...

အသက်(၃)နှစ်ပဲကွာပေမယ့် ညီမလေးကပိုချောပါတယ်ဆိုပြီး စည်သူဝင်းကို စနောက်လိုက်တဲ့ ဝေလာရီ

လွန်ခဲ့တဲ့ လပိုင်းတွေက ထုတ်လွှင့်ပြသခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက ပရိသတ်တွေကြားမှာ တော်တော်လေး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ “နှင်းဆီ” က ဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်သလို သရုပ်ဆောင်တွေကလည်း အင်မတန် သရုပ်ဆောင်ကောင်းကြတာကြောင့် ပေါက်သွားခဲ့တယ်ဆိုလည်း မမှားပါဘူး။ ပရိသတ်တွေကလည်း “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားသည့်တိုင်အောင် ထိုဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကို ဒီနေ့ဒီအချိန်ထိ သတိရနေကြဆဲ ဖြစ်ပါတယ် ဒီတစ်ခေါက်မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲရဲ့ ပင်တိုင်သရုပ်ဆောင်များဖြစ်ကြတဲ့ စည်သူဝင်းနဲ့ ဝေလာရီတို့က ရိုက်ကူးရေးတစ်ခုကို အတူတူ ရိုက်ကူးနေကြတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ ဝေလာရီက သူမနဲ့ စည်သူဝင်းတို့ရဲ့ အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ဝေလာရီတို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဝေလာရီက “အသက် ၃ နှစ်ပဲ ကွာပါတယ် .. (ညီမလေးက ပိုချောပါတယ်...

ပြည်သူက ရဲတပ်ဖွဲ့ကို ကြောက်နေခြင်းမဟုတ်ဘဲ အားကိုးတန်ဖိုးထားအောင် လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရဲချုပ်နှင့်ရဲတပ်ဖွဲ့ကို ခေါ်ပြော

ပြည်သူများက ရဲတပ်ဖွဲ့ကို ကြောက်နေခြင်းမဟုတ်ဘဲ အားကိုးတန်ဖိုးထားအောင် လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရဲချုပ်နှင့်ရဲတပ်ဖွဲ့ကို ယနေ့ခေါ်ယူတွေ့ဆုံ၍ ပြောကြားခဲ့သည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲအရာရှိကြီး များအား ယနေ့နံနက် ( ၉ ) နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ တွေ့ဆုံ၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသည် ရဲများကိုကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုး ဖြစ်အောင်လုပ်ရမည်ဖြစ်ကြောင်း၊ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ပြည်သူလူထု၏လုံခြုံရေးကို ဆောင်ရွက်နေခြင်းကို ပြည်သူကမြင်ပါက ကျေးဇူးတင်တန်ဖိုးထားကြမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်သည့်အခါ လိုအပ်သည့်အင်အားကိုပဲသုံးပြီး ကိုယ့်အလုပ်ကိုယ့်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းသည် တစ်ကမ္ဘာလုံးက လက်ခံထားသည့်စံနှုန်းတစ်ခုဖြစ်ပါကြောင်း၊ လိုအပ်သည် ထက် ပိုသည့်အင်အားသုံးခဲ့ပါက ပြဿနာရှိပါကြောင်း၊ ပြည်သူလူထု၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များ ရွေးချယ်သည့်နေရာတွင် စိတ်ပိုင်းဆိုင်ရာစိစစ်သည့်အခါ ဩဇာအာဏာရှိသည့်လူတစ်ယောက် ဖြစ်သင့်သည့်စိတ်ဓာတ်လား ၊ လုပ်ပိုင်ခွင့်ရှိသည့်အတွက်...

ဗစ်တိုးရီးယားကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက် ဓာတ်ခွဲခန်းမှန်ပြားအား ထိုင်းနိုင်ငံတွင် DNA စစ်ဆေးရန် ဥပဒေရုံးသို့လျှောက်ထား

ဗစ်တိုးရီးယားကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက် ဓာတ်ခွဲခန်းမှန်ပြားအား ထိုင်းနိုင်ငံသို့ DNA သွားရောက်စစ်ဆေးရန် ဥပဒေရုံးသို့ ကလေး၏ဖခင်ဖြစ်သူမှ လျှောက်ထားခဲ့ကြောင်း သိရသည်။ ဗစ်တိုးရီးယားကလေး၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက်ဓာတ်ခွဲခန်းမှန်ပြားတွင် ကလေးငယ်၏ DNBA နှင့် ကျူးလွန်ခဲ့သူ၏ DNA ပါရှိနေသည့်အတွက် အဆိုပါဓာတ်ခွဲခန်းမှန်ပြားအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆေးရုံသို့ DNA သွားရောက်စစ်ဆေးရန်အတွက် ဗစ်တိုးရီးယားလေး၏ဖခင်ဖြစ်သူမှ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ဒက္ခိဏခရိုင်ဥပဒေရုံးသို့ လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့လုပ်ဆောင်ခြင်းမှာ DNA နှင့် ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်လာမည်ဟု ယူဆသဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မှန်ပြားတွင် ကလေးငယ်၏ DNA နှင့် ကျူးလွန်သူ၏ DNA နှစ်မျိုးစလုံး ပါနိုင်သည်ဟု ယူဆကြောင်း ဗစ်တိုးရီးယားအမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို(ခ) ဒေါက်တာဝင်းကိုကိုသိန်းက ပြောကြားသည်။“ဒီ Slide ပြားထဲမှာ DNA က နှစ်မျိုးပါနိုင်တယ်။...

ခရစ္စမတ်အင်္ကျီလေးဝတ်ဆင်ကာ မေမေအသည်းယားရလောက်အောင် ချစ်စရာကောင်းလွန်းနေတဲ့ Treasure လေး

သီချင်းလေးတွေကို ပရိသတ်တွေနားထဲထိစွဲနေအောင် သီဆိုနိုင်သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပါ။ ဒီးဒီဟာ မြန်မာနိုင်ငံမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အောင်မြင်မှုတွေများစွာ ရရှိနေသူတစ်ယောက်ပါ။ လတ်တလောမှာလည်း သီချင်းအသစ်တွေ လုပ်နေတာပါ အဆိုတော်စန္ဒီမြင့်လွင်ဟာ သာယာကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ပါ။ သူမရဲ့သမီးလေးဟာလည်း ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။ သမီးရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ရှိတာပါ။ အခုမှာလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သမီးလေးရဲ့ပုံလေးတွေ တင်ထားတာပါ။ “ Mary’s x mas &Happy new year ကိုမေမေနဲ့ မီးမီးဟော့ဒလိုလေးကြိုဆိုလိုက်ပါတယ်ရှင့် #treasurelwin #sandymyintlwin #lwinfamily #5monthsbaby” ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

အနုပညာသမားဖြစ်တာကြောင့် မွေးနေ့မှာတောင် မိသားစုနဲ့ အတူမရှိနိုင်ခဲ့ဘူးဆိုတဲ့ မင်းရာဇာ

မင်းရာဇာကတော့ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ တစ်ခေတ်တစ်ခါက တော်တော်လေးကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသားတစ်လက်ပါ။အခုနောက်ပိုင်းမှာတော့ မင်းရာဇာဟာ အနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲသာလုပ်ဆောင်နေတာကို တွေ့ရပါတယ်။တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသပြီး ဆွဲဆောင်မှုအပြည့်ရှိလှတာကြောင့် တရုတ်နိုင်ငံကရိုက်ကူးတဲ့ “Line Walker 2″ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ခွင့်ရရှိပြီး သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဒီဇင်ဘာလ (၁၇)ရက်နေ့လေးကတော့ မင်းရာဇာရဲ့ မွေးနေ့ရက်မြက်လေးပဲဖြစ်ပါတယ်။မင်းရာဇာကတော့ မွေးနေ့လေးမှာတော့ ရိုက်ကူးရေးတွေနဲ့ ခရီးထွက်နေရတာကြောင့် မိသားစုတွေနဲ့ အတူတူမရှိနေနိုင်တာကို စိတ်မကောင်းဖြစ်နေတာဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေလည်း “မွေးနေ့မှာ မိသားစုနဲ့ခွဲပြီး ခရီးထွက်ခဲ့ရတယ်။အနုပညာသမားလုပ်မယ်ဆိုရင် ကိုယ်ပိုင်အခွင့်အရေးဆုံးရှုံးတယ်ဆိုတာတကယ်ပါ။နားလည်ပေးတဲ့ ချစ်ဇနီးလေးကိုသိပ်ကျေးဇူးတင်မိတယ်။”လို့ ဖော်ပြထားတာပါ။ မွေးနေ့ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။မင်းရာဇာက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ပရိသတ်တွေကိုလည်း မိသားစုတွေကို အချိန်ပေးနိုင်ကြဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ မင်းရာဇာရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးသွားပါဦး။