Category: အနုပညာ

သူတို့ရဲ့အကြားအမြင် ဗဟုသုတက အတော်နိမ့်ပါးတယ်။ သူတို့က ဂုဏ်တောင်ယူနေပုံရတယ်’ လို့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ပြော

ငါတို့အားလုံးရဲ့မြေ (စည်း လုံးသင့်ပြီ မြန်မာပြည်) ဂီတရုပ် သံဖန်တီးသည့် ယုန်လေးက ဩဂုတ် ၆ ရက်နံနက်က ရုပ်ရှင် အစည်းအရုံးသို့ သွားရောက်၍ တောင်းပန်ခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထား သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကို သွား ရောက် တွေ့ဆုံမေးမြန်းခဲ့ပါ သည်။ ငါတို့အားလုံးရဲ့မြေ (စည်းလုံး သင့်ပြီ မြန်မာပြည်) ဂီတရုပ်သံနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနက ရုပ်ရှင်အစည်းအရုံးနဲ့ပူး ပေါင်းစိစစ်မှုတွေလုပ်ဖို့ရှိတယ် ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။ ဩဂုတ် ၇ ရက်ကျရင် ကို ယုန်လေးရိုက်တဲ့ စည်းလုံးသင့်ပြီ မြန်မာပြည် သီချင်းနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်မှာ။ ပြန်ကြား ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင် ရွက်တာတွေကတော့ ဒီမှာလည်း ဘာမှမသိသေးပါဘူး။ စာအဝင်၊ အထွက်တွေလည်း ဘာမှမရှိသေး ပါဘူး။ ဒီနေ့(ဩဂုတ်၆) တော့...

ကျောင်းမတက်ဖူးတဲ့ ကျော်စွာကို မျက်ရည်လည်စေခဲ့တဲ့ ယုန်လေးရဲ့ သီချင်းဗွီဒီယို

A4ကျော်စွာကတော့ ယုန်လေးရဲ့ဖေးမကူညီမှုနဲ့ ပရိသတ်အသိမှတ်ပြုအားပေးမှုရရှိခဲ့သူတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဖြစ်သလို ငယ်ရွယ်စဉ်အချိန်ကတည်းက ဆိုးမိုက်ပေတေမှုနဲ့ အသားကျခဲ့တဲ့ A4ကျော်စွာကတော့ အခုဆိုရင် သူယုံကြည်ရာဂီတခရီးလမ်းကို လျှောက်လှမ်းရင်း ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ယုန်လေးရဲ့ လက်ကမ်းခေါ်မှုနဲ့အတူ ” ဝမ်းစာ” ဆိုတဲ့သီချင်းလေးကို ယုန်လေး၊ A4 ကျော်စွာနဲ့ မင်းZ တို့သုံးယောက် ဖန်တီးခဲ့ကြပြီး အခုနောက်ထပ်တစ်ပုဒ်အနေနဲ့ ” စိတ်ကူး” ဆိုတဲ့သီချင်းလေး ချပြနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ယုန်လေးကတော့ မနေ့က “စိတ်ကူး” သီချင်းရဲ့ဗွီဒီယိုလေးကို ရိုက်ကူးရင်း အဖြူအစိမ်းဝတ်နဲ့ A4 ကျော်စွာရဲ့ပုံရိပ်လေးနဲ့အတူ “ဒီ မြင်ကွင်းလေးက ကျက်သရေ တော်တော်ရှိပါတယ်… ချစ်စရာ ကလေးလေး နှစ်ယောက်နဲ့ A4 ကျော်စွာ.. ဒီအကြောင်းလေး ရိုက်မယ်ဆိုတော့ ကျော်စွာ ချက်ချင်းမျက်ရည်ဝဲတက်လာတယ် . ကျွန်တော် အဖြူနဲ့အစိမ်း တစ်ခါမှ မဝတ်ဖူးဘူး.. တကယ်ဝတ်ရတော့မှာလား ကိုကြီးတဲ့...

မင်းသား Sushant Singh Rajput မသေဆုံးခင်မှာရိုက်ကူးသွားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားအသစ်

ဟောလိဝုဒ်ရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့Sushant Singh Rajput ကတော့ တနင်္ဂနွေနေ့က ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးခဲ့သလို အောင်မြင်မှုများစွာရရှိထားသူတစ်ယောက်ပါ။ ဒါပေမဲ့လည်း ဘဝကိုလက်လျှော့သွားတာတကယ့်ကို ယူကြုံးမရစရာအခြေအနေပါပဲ။ မြန်မာပရိသတ်အများစုကတော့ နာမည်ကြီး PK ဇာတ်ကားထဲက ပါကစ္စတန်သားလေး Sarfaraz Yousuf အဖြစ်သိကြပါတယ်။ နောက်ဆုံးအနေနဲ့ Drive ဇာတ်ကားကိုထွက်ရှိထားတာဖြစ်ပြီး မထွက်ရှိရသေးတဲ့ဇာတ်ကားအသစ်လည်းကျန်ပါသေးတယ်။ ဒီဇာတ်ကားကတော့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရိုမန်တစ်ဒရမ်မာအမျိုးအစားဖြစ်တဲ့ Dil Bechara ဇာတ်ကားလေးဖြစ်ပြီး မင်းသမီး Sanjana Sanghi နဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးဟာ ထွက်ရှိဖို့အတွက်ကြာနေတာဖြစ်ပြီး ကပ်ရောဂါကြောင့်လည်း အခုထိရုံမတင်ရသေးပါဘူး။ မင်းသားရဲ့သေဆုံးမှုကတော့ ပရိသတ်တွေအံ့သြကာဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတာဖြစ်ပြီး မင်းသားဟာနောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားလေးရုံတင်တာကိုတောင်မှီမသွားခဲ့ပါဘူး။ Sushant တစ်ယောက် ကောင်းရာဘုံဘဝရောက်ပါစေ… Source : wiki

နှလုံးခုန်သံကိုသာစောင့်ကြည့်နေရတဲ့အခြေအနေကနေ မျက်လုံး ပြန်ပွင့်လာပြီဖြစ်တဲ့ ဦးမန်းဝင်း

ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းကတော့ ကျန်းမာရေး အနည်းငယ်ပြန်ကောင်းလာပြီလို့ ဟေမာမန်းဝင်းက ပြောပါတယ်။ဇွန်လ(၁၅) ရက်နေ့က ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတဲ့ ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဒီနေ့(ဇွန်လ ၁၆) ရက်မှာ မျက်လုံးလေး ပြန်ပွင့်ပြီး ပုံမှန်အတိုင်းအသိလေးရှိနေသေးတယ်လို့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ပြောပါတယ်။ “ အခုအဖေက မျက်လုံးလေး ပြန်ပွင့်လာပြီ။ စကားတော့ မပြောနိုင်သေးဘူး။ သတိကတော့ ရှိတယ်။ ဒီအခြေအနေက နည်းနည်းကောင်းလာပြီဆိုတဲ့ သဘောပေါ့နော်။ တစ်မိသားစုလုံး အရမ်းဝမ်းသာနေပါတယ်” ဆိုပြီးတော့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ဆိုပါတယ်။ ဦးမန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့က ဦးနှောက်သွေးယိုစိမ့်ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပါတယ်။ ဇွန်လ(၁၄) ရက်နေ့မှာတော့ နေအိမ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဟေမာမန်းဝင်းက Duwun...

သရုပ်ဆောင်ဘဝရဲ့ ပထမ၊ထာဝရလက်ဦးဆရာ ဦးကျော်ဟိန်းကို သတိတရရှိနေတဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းဟာဆိုရင် ဟိုးအရင်အချိန်ကတည်းက (Examplez)အဖွဲ့ဆိုပြီး သီချင်းလေးတွေများစွာသီဆိုခဲ့တာဖြစ်ပါတယ်။ထွန်းထွန်းတို့အဖွဲ့က အဲ့ဒီခေတ်တုန်းကဆိုရင် အရမ်းအောင်မြင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးခဲ့ရတာပါနော်။ထွန်းထွန်းက နောက်ပိုင်းမှာဆိုရင် ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။ လူငယ်ပီပီ အားသွန်ခွန်စိုက်ကြိုးစားအားထုတ်မှုတွေကြောင့် အခုချိန်မှာဆိုရင်တော့ အကယ်ဒမီထွန်းထွန်း ဆိုတဲ့ နာမည်တစ်လုံးနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ထွန်းထွန်းရဲ့လက်ဦးဆရာဖြစ်တဲ့ အကယ်ဒမီကျော်ဟိန်းဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့သူပါနော်။အခုချိန်မှာဆိုရင်တော့ ဦးကျော်ဟိန်းက တရားဘောင်သို့ ရာသက်ပန်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ထွန်းထွန်းက”ထွန်းထွန်း(Examplez)သရုပ်ဆောင်ဘဝရဲ့ ပထမ ထာဝရ လက်ဦးဆရာ”ဆိုပြီး ဦးကျော်ဟိန်းရဲ့ပုံလေးတွေကို သတိတရနဲ့မျှဝေလာတာဖြစ်ပါတယ်။အခုလို ဆရာသမားကို အမြဲဦးထိပ်ထားပြီး ကျေးဇူးသိတတ်လို့ ထွန်းထွန်းရဲ့စိတ်ဓာတ်လေးက လေးစားစရာပါနော်။ချောမောခန့်ညားပြီး တစ်ခေတ်မှာအရမ်းအောင်မြင်ခဲ့တဲ့ ဦးကျော်ဟိန်းရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ဖေဖေအမြန်ဆုံးနေကောင်းလာဖို့ ဆုတောင်းနေပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ပရိသတ်ရဲ့အချစ်တော် ထက်ထက်ကတော့ လတ်တလောမှာ စိတ်မကောင်းစရာအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့မှာနေတဲ့ သူ့ရဲ့ဖခင် သွေးတိုးပြီးလေဖြတ်သွားတာကြောင့် မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း မျှဝေခဲ့ပြီး သွေးတိုးရောဂါအခံရှိတဲ့ ပရိသတ်တွေကိုလည်း အားလုံးဂရုစိုက်ဆင်ခြင်ကြဖို့ စိတ်မကောင်းစွာ သတိပေးခဲ့ပါသေးတယ်။ ထက်ထက်ကတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာပြီဖြစ်လို့ ရန်ကုန်မှာပဲ အများဆုံးနေရသူဖြစ်ပေမယ့် ရံဖန်ရံခါဖခင်ရှိတဲ့ မိုးကုတ်မြို့လေးကို အလည်အပတ်ပြန်လေ့ရှိသူပါ။ အခုလို Covid-19 ကာလမှာတော့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတာကြောင့် ဖခင် လေဖြတ်တဲ့အချိန် ထက်ထက်ကတော့ အနီးကပ်ရှိနေခွင့်ရတာမို့ ကံကောင်းတယ်လို့ဆိုရမှာပါ ပရိသတ်ကြီးရေ… ဇွန်လ(၁၁) ရက်နေ့က အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ပြန်လည်မသက်သာလာသေးတဲ့ ဖခင်ရဲ့ဘေးမှာ ထက်ထက်ကတော့ အချိန်ပြည့်ရှိနေပြီး ဒီနေ့မှာတော့ “အဖေအမြန်ဆုံးသက်သာပါစေဖို့ မောင်နှမသုံးယောက်စလုံး ဆုတောင်းနေပါတယ်” ဆိုပြီး ရင်ထဲကဆန္ဒတချို့ကို မျှဝေခဲ့ပါတယ်။ အမျိုးမျိုးအဖုံဖုံကြုံတွေ့ခဲ့ရတဲ့ ထက်ထက်မိုးဦးရဲ့ဘဝမှာ ဘေးမှာ အမြဲရှိနေပေးတာကတော့ မိသားစုဝင်တွေပဲ ရှိတယ်လို့ ဆိုရမှာပါ။ အခုလို ဖခင်နေမကောင်းတဲ့အချိန်မျိုးမှာ ထက်ထက်တစ်ယောက်တော့ ဘယ်လောက်တောင်အားကိုးရာမဲ့နေမလဲ...

တရားမဝင် ဝင်လာသူများကိုအသိပေးခြင်းမှာ ချောက်တွန်းခြင်းမဟုတ်ဘဲအများပြည်သူကို ရောဂါမကူးအောင် ကာကွယ်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အားကိုးလောက်သည့် နိုင်ငံတော်ပေါ်ထွန်းရန် အားကိုး လောက်သည့် ပြည်သူများလည်း ရှိရန်လိုအပ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ သတင်းစကားပါးသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန်လ ၁၃ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ထည့်သွင်းရေးသားခြင်းဖြစ်ပြီး ကိုဗစ်အခက်အခဲကြုံနေချိန်တွင် ပြည်သူများက နိုင်ငံတော်ကိုယုံကြည်အားကိုးသည်မှာ ဂုဏ်ယူစရာဖြစ်ကြောင်းပြောသည်။ ‘‘နိုင်ငံတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဟာ အင်မတန် အရေးကြီးပါတယ်။ နိုင်ငံတော်လို့ ဆိုရာမှာ အစိုးရကဦးဆောင်ရတဲ့၊ နိုင်ငံကို လည်ပတ်စေတဲ့ သက်ရှိ၊ သက်မဲ့ ယန္တရားကြီးတစ်ခုလုံးကို ထည့်သွင်း အဓိပ္ပာယ်ဖော်ပါတယ်။ အားကိုးလောက်တဲ့ နိုင်ငံတော်ပေါ်ထွန်းဖို့၊ အားကိုးလောက်တဲ့ ပြည်သူတွေရှိဖို့လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ COVID-19 ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့နေချိန်တွင် နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးဖြင့်ပြဿနာကို ကိုင်တွယ်နေကြပြီး မြန်မာနိုင်ငံတွင် ပြည်သူသာအဓိကဆိုသောယုံကြည်မှုအပေါ် ခိုင်မာစွာ ရပ်တည်ထားကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ ‘‘ပြည်သူကို တန်ဖိုးထားသလို ပြည်သူ့အားကိုယူကာ၊ တစ်ဦးအတွက်အားလုံး၊ အားလုံး အတွက်တစ်ဦး စိတ်ဓာတ်ကို...

ကလေးဝတွင် တောင်နံရံမြေသား ပြိုကျ၍ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ကလေးဝမြို့တွင် မိုး သည်းထန်စွာရွာသဖြင့် တောင်နံ ရံမြေသား ပြိုကျ၍ ဆိုင်ကယ်ပေါ် ပိမိကာ ဆိုင်ကယ်နောက်မှ ထိုင် စီးလာသူ အမျိုးသမီးသေဆုံးပြီး မောင်းသူအမျိုးသား ဒဏ်ရာရခဲ့ ကြောင်း ကလေးဝခရိုင် မီးသတ် ဦးစီးမှူးဦးမြင့်စန်းက ပြောသည်။ သစ်ချောက်ကျေးရွာနေ ၎င်း တို့နှစ်ဦးသည် ဇွန်လ ၁၁ ရက် ညနေ ၆ နာရီခွဲခန့်က ကလေးဝ မြို့မှသစ် ချောက်ကျေးရွာသို့အ ပြန် ကားလမ်းတွင် တောင်နံရံမြေ သားပြိုကျခြင်းဖြစ်ပြီး အသက် (၃၉)နှစ်အရွယ် အမျိုးသမီးသေ ဆုံးကာ (၃၃)နှစ်အရွယ် အမျိုး သား ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ‘‘တောင်နံရံပြိုကျလို့ မြေ သားပိတဲ့အမျိုးသမီးက စိုးရိမ် ဒဏ်ရာရလို့ ကလေးမြို့ပြည်သူ့ ဆေးရုံကို ပို့ရင်း လမ်းမှာ သေဆုံး သွားတယ်။ ဆိုင်ကယ်စီးတဲ့အမျိုး သားက ဒဏ်ရာအနည်းငယ် ရခဲ့ တယ်။ သစ်ချောက်နဲ့...

အနုပညာရှင်ကြီးတွေရဲ့ အမြင်ကပ်တာ ခံခဲ့ရဖူးတယ်ဆိုတဲ့ ဖြူဖြူထွေး

ဘယ်သူတွေပဲ သဘောမကျဘူးလို့ ပြောနေပါစေ သူမရဲ့ ဖြစ်တည်မှုက မှန်ကန်တဲ့အတွက် အကုန်လုံးကို လိုက်ရှင်းပြနေစရာမလိုဘဲ တစ်ချိန်မှာ အားလုံးက နားလည်သွားကြမှာပါလို့ သူက ပြောပါတယ်။ ဖေ့စ်ဘွတ်ဆယ်လီကနေ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ ဖြူဖြူထွေးဟာ ဝေဖန်မှုတွေ များစွာ ခံခဲ့ရသူ တစ်ဦးပါ။ တခြားသူတွေရဲ့ ဝေဖန်မှုတွေလည်း ခံရသလို အနုပညာရှင်ကြီးတွေရဲ့ သဘောမကျမှုတွေကိုလည်းခံခဲ့ရတဲ့ အကြောင်း ယခုလို ပြောပြခဲ့ပါတယ်။ “ပထမတုန်းကဆိုရင် အနုပညာရှင်ကြီးတွေက သမီးကို အရမ်းအမြင်ကပ်တာ မိန်းကလေးလို့လည်း မဟုတ်ဘူးပေါ့ ပြောကြတယ်။နောက်ပိုင်းကျတော့သမီးရဲ့ လမ်းကြောင်းမှန်ကို လုပ်နိုင်တဲ့အတွက် သမီးကို ချီးကျူးကြတယ်။အကုန်လုံးကလည်းချစ်ကြတယ်။အဲ့ဒါလေးတွေ ပြန်ကြားရတော့ ကိုယ်မှာ ပီတဖြစ်တယ်အရင်တုန်းက မကောင်းခဲ့ပေမယ့် အခုချိန်မှာ အကောင်းဆုံးနဲ့လမ်းကြောင်းမှန်ကို လျှောက်နိုင်တော့သူတို့က ကြည့်ပြီး ပီတဖြစ်ကြတယ်။ ဝေဖန်သူတွေအနေနဲ့ သူတို့ဘာသာ မဟုတ်တာပြောပြော ဟုတ်တာပြောပြော ကိုယ့်စိတ်ထဲမှာ ကိုယ်ခံယူထားတာ ရှိတဲ့အတွက် သူတို့ပြောလည်း သူတို့ပြောတဲ့အရာတွေက မတိုးဘူးဖြစ်နေတယ်” လို့...

မင်းရာရဲ့ အမှုကို နိုဝင်ဘာ(၆) ရက်နေ့မှာ စွဲချက်အမိန့်ချနိုင်ဖို့ တရားလိုဘက်က ပြင်ဆင်ထား

သရုပ်ဆောင် မင်းရာဇာရဲ့ အမှုမှာတော့ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အတိုင်း စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ပြန်ကြားရေး ဦးအောင်နေမျိုးက အခုလို ပြောပြလာပါတယ်။ အိမ်အကူ မိန်းကလေး အား ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုတွေ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ (ဇွန်လ ၁၂ ရက်) က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးချိန်းခေါ်ဆိုခဲ့ပါတယ်။ အမှုအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သတင်းပြန်ကြားရေး အရာရှိ ဦးအောင်နေမျိုး က မီဒီယာတွေကို အခုလို ပြောပြခဲ့ပါတယ်။ “ ဒီနေ့ မင်းရာဇာရုံးချိန်း အခြေအနေက ပြီးခဲ့တဲ့ တစ်ပတ်က တရားလို စစ်ဖို့ ဆိုပြီးတော့ (၁၀၄) ပုံစံ ထုတ်တယ်။ (၁၀၄) ပုံစံ အတည်မဖြစ် ပြန်သွင်းတယ်။ အဲဒီတော့ ဒီနေ့က တရားလိုကို စစ်ခွင့်မရဘူးပေါ့နော်။ ကျွန်တော်တို့...