Category: သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရမချင်း စာသင်ကျောင်းများ ဖွင့်လှစ်မည်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

နိုင်ငံအချို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရမချင်း ကျောင်းသားများကို ကျောင်းသွား ခွင့်ပေးမည်မဟုတ်ကြောင်း သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားခဲ့သည်။ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ပြီးနောက် မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသား ၂၅ သန်းအတွက် စာသင်ခန်းများကို မတ်လတွင် ပိတ်ပစ်ခဲ့ပြီးနောက် သြဂုတ်အကုန်တွင် ကလေးများ ကျောင်းပြန်တက်ရန် စီစဉ်ထားခဲ့သည်။ သို့သော် မေ ၂၅ ရက်နှောင်းပိုင်းက မိန့်ခွန်းပြောကြားမှုတွင် ကလေးများ ပညာတတ်မြောက်မှုကို လက်ကိုင်ထားသော်လည်း အန္တရာယ်ကြီးမားလွန်းသည်ဟု ဒူတာတေးက ပြောကြားခဲ့သည်။ “သူတို့တွေ တကယ့်ကို အန္တရာယ်ကင်းပြီလို့ ကျွန်တော် သေသေချာချာမပြောနိုင်သေးဘူးဆိုရင် စာသင်ခန်းတွေ ဖွင့်လှစ်ဖို့အကြောင်း ပြောတာတွေက အချည်းနှီးပါပဲ။ ကျွန်တော့်အတွက် ကာကွယ်ဆေးက ပထမပဲ။ ဖိလစ်ပိုင်မှာ ကာကွယ်ဆေးရပြီဆိုရင် အဆင်ပြေပြီ။ ဘယ်သူမှ ဘွဲ့မရဘူးဆိုရင်လည်း ရှိပါစေတော့” ဟု ဒူတာတေးက ပြောကြားခဲ့သည်။သုတေသနပညာရှင်များက ကာကွယ်ဆေးကို...

မန္တလေးဈေးချိုတော်ပိတ်ရက်၌ မီတာခ ၂၆ သိန်းကျော်ကျခြင်းမှာ မှားယွင်းမှုတစ်ခုကြောင့်ဟုဆို

မန္တလေးဈေးချိုတော်ကို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ဖေဖော်ဝါရီလကုန်ရက်မှ စတင်ပိတ်ခဲ့ရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိသည့် ဧပြီ ၅ ရက်မှ မေ ၅ ရက်ထိမီတာခအဖြစ် ၂၆သိန်းကျော်တောင်းခံလာခြင်းမှာ မီတာဖတ်ရာတွင် တစ်စုံတစ်ခုမှားယွင်းမှုကြောင်ဖြစ်နိုင်သည်ဟု ဈေးချိုတော်လျှပ်စစ်မီးကော်မတီမှ သိရသည်။ ဈေးချိုတော် တိုက်တန်းကြီး မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးတို့ကို ကျန်းမာရေးဌာနညွှန်ကြားချက်များနှင့် အညီ မေ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ဈေးရောင်းဈေးဝယ်များနှင့် ပုံမှန်လည်ပတ်နေပြီဖြစ်သည်။ “ဈေးပိတ်ရက်မှာ လျှပ်စစ်မီတာခ ၂၆ သိန်းကျော်ကျတော့ ကျွန်တော်တို့မှာအခက်အခဲတွေ့တယ်။အမှားအယွင်း ဖြစ်နိုင်ခြေကို စဉ်းစားတော့ မီတာဖတ်မှားတာလားလို့ သုံးသပ်တယ်။ လက်ရှိမီတာမှာက သူတို့ ဖတ်တာထက် ပိုနေပြန်တယ်။ဧပြီ ၅ ရက်နေ့ကဖတ်သွားတာက သူတို့အခက်အခဲရှိလို့ ခန့်မှန်းဖတ်တာ ဖြစ်နေသလားပေါ့” ဟု ဈေးချိုတော်လျှပ်စစ်မီးကော်မတီမှ ဦးမြတ်ကျော်ဦးက ပြောသည်။ မီတာဖတ်ရာတွင် ပါဝါမီတာနှင့် ရိုးရိုးမီတာဖတ်သူ ၂ ဦးဖြစ်ပြီး လျှပ်စစ်မီတာခအဖြစ် လစဉ်ပေးဆောင်ရသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခ(မီတာခ)မှ ပျမ်းမျှအားဖြင့် တစ်လလျှင်...

ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

အဂတိလိုက်စားမှု လေးမှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်ပါတယ်။ အမိန့်ချဖို့ နောက်တစ်မှုကျန်ပါသေးတယ်။ဒေါ်လဲ့လဲ့မော်နဲ့ အမှုတွဲဖြစ်တဲ့ လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ GGS ကုမ္ပဏီက ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်ပါတယ်။ အခု စစ်ဆေးနေတဲ့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တရားခွင်မှာ နောက်ထပ်ကျန်တဲ့အမှုအတွက် အမိန့်ဖတ်ကြားနေဆဲဖြစ်ပြီး ခုချခံရတဲ့ ထောင်ဒဏ်တွေက တစ်ပေါင်းတည်းကျခံရမှာလား၊ သီးခြားစီလားဆိုတာတော့ မသိရသေးပါဘူး။နောက်ဆက်တွဲသတင်းအပြည့်အစုံကို ဘီဘီစီက ဆက်လက်ဖော်ပြပါမယ်။

တရုတ်ကုမ္ပဏီများ အားကိုးဖြင့် နွေရာသီ လျှပ်စစ်မီး ပိုရရှိရေး ကြိုးပမ်းမှု အောင်မြင်မှု နည်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)အစိုးရသည် ယခုနှစ် နွေရာသီတွင် လျှပ်စစ်မီး ပုံမှန်ရရှိရန် တရုတ်နိုင်ငံ ကုမ္ပဏီများ ၏ အားကိုးဖြင့် နိုင်ငံခြားမှ တင်သွင်းလာသော သဘာဝဓါတ်ငွေ့ ရည်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲနိုင်သည့် (LNG to Power) ပရောဂျက်များကို ဖော်ဆောင်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အချိန်မီ မပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်း အလုံ၊ သန်လျင်၊ သာကေတ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မကွေးတိုင်း ကွန်းချောင်းတို့ကို တရုတ် ကုမ္ပဏီ များနှင့် ပူးပေါင်းပြီး မီဂ္ဂါဝပ် ၁၀၀၀ ကျော် ထုတ်လုပ်၍ ယခုနှစ်၊ နွေရာသီ ကာလတွင် လိုအပ်ချက် အချိန်မီ ဖြည့်ဆည်း နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်း LNG to Power စီမံကိန်းများသည် ကမ္ဘာ့ ကပ်ရောဂါ...

ကျောင်းများ မူလတန်းမှစဖွင့်မည့်အစား အထက်တန်းမှစဖွင့်ရန် ပြန်စဉ်းစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံပညာကျောင်း များ ပြန်ဖွင့်လျှင် မူလတန်းအဆင့် မှစဖွင့်ရန် ဆုံးဖြတ်ထားသော် လည်း ဆရာကိုယ်စားလှယ်နှင့် ကျောင်းသားမိဘ ကိုယ်စားလှယ် တို့၏ အကြံပြုချက်ကြောင့် အ ထက်တန်းအဆင့်မှ စဖွင့်ရန် စဉ်း စားမည်ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီမံခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကို လေးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကိုယ် စားလှယ် မူလတန်းပြဆရာမ ဒေါ်နီလာဝင်း၊ ကျောင်းသားမိဘ ဦးကျော်ဌေးတို့နှင့် မေလ ၁၉ရက် က အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ သည်။ အခြေခံပညာကျောင်းများ ကို ကြာကြာပိတ်ထားရန် မဖြစ် နိုင်၍ ကျောင်းပြန်ဖွင့်ရန် အစိုးရ ကစီစဉ်နေပြီး အစောဆုံး ဇူလိုင် လဆန်းတွင် ပြန်ဖွင့်နိုင်မည်ဖြစ် ကြောင်း၊ အွန်လိုင်းသင်ကြားမှု...

တောင်ငူမြို့တွင် ဝက်ဝံတစ်ကောင်က အသက် ၉၀ ကျော် အဘိုးအိုတစ်ဦးကို ရန်ပြုတိုက်ခိုက်မှုဖြစ်ပွား

တောင်ငူမြို့တွင် မေ ၁၈ ရက် နေ့လယ် ပိုင်းက နေအိမ်တွင် မွေးထားသော အသက် သုံးနှစ်အရွယ်ခန့်ရှိ ဝက်ဝံတစ်ကောင်က အ သက် ၉၀ ကျော်အရွယ်ရှိသည့် အဘိုးအိုတစ်ဦးကို ရန်ပြုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အဖိုးအိုတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ အဆိုပါ ဝက်ဝံမှာ တောင်ငူမြို့ အမှတ် (၁)ရပ်ကွက် ထီးလှိုင်လေးလမ်းသွား လမ်းမကြီးနံဘေးရှိ ကိုစိုးမိုးအောင်၏ ဆိုင်တွင် မွေးမြူထားသော ဝက်ဝံ ၁၂ ကောင်အနက် အသက်သုံးနှစ် အရွယ်ခန့်ရှိသည့် ပြာလချောင်ဟုခေါ်သော ဝက်ဝံထီးတစ်ကောင်ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်၌ လှောင်အိမ်ထဲမှ လွတ်ထွက်ပြီး ခြံခြင်းကပ်လျက် နောက်ဘက်ရှိ နေအိမ်ထဲသို့ ရောက်ရှိကာ နေအိမ်အတွင်းရှိ ဦးရွှေရိုး (၉၇ နှစ်) ဆိုသူအား ရန်ပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။...

စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်

စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။ ”မုန်တိုင်းက မေ ၂၀ ညနေခင်းမှာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်နိုင်ပါတယ်။ မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး ရေပြင်မြေပြင်လေက တစ်နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်ထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်က မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၉ ကနေ ၁၄ ပေခန့် ရှိနိုင်ပါတယ်”ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၁၈ရက် နံနက် ၇ နာရီ မိနစ် ၃၀...

ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံအနှံ့ ၄၈နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောတာပါ။ “မုန်တိုင်းရဲ့ အခြေအနေကြောင့်မို့ နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ်လောက် မိုးထစ်ချုန်းရွာနိုင်တဲ့ အနေအထားရှိပါတယ်။” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက  ပြောပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိအချိန်မှာ ပင်လယ်ပြင်ကို ရောက်ရှိနေပြီဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့မှာ ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာတော့ လေပြင်းတိုက်ခတ်တာတွေပါ ကြုံရနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ မုန်တိုင်းရဲ့ အခြေအနေကိုလည်း လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခုလိုပြောပြပါတယ်။...

COVID-19 ကို ၁၀၀ ရာခိုင်နှုန်း ဟန့်တားပေးနိုင်တဲ့ ပဋိပစ္စည်းတွေ့ရှိကြောင်း အမေရိကန်ကုမ္ပဏီ ကြေညာ

ကျန်းမာတဲ့လူတစ်ဦးရဲ့ ဆဲလ်အတွင်း COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်ခြင်းကို တားဆီးပေးပါတယ်။ အမေရိကန် ကယ်လီဖိုးနီးယားအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတစ်ခုက လူ့ခန္ဓာကိုယ်ကို ကိုရိုနာဗိုင်းရပ်စ်ကနေ အကာအကွယ်ပေးနိုင်ပြီး လူတစ်ဦးကို လေးနာရီအတွင်း ဗိုင်းရပ်စ်ကင်းစင်စေတဲ့ ပဋိပစ္စည်းတစ်မျိုး ရှာဖွေတွေ့ရှိခဲ့ကြောင်း Fox News မှာ သတင်းဖော်ပြထားပါတယ်။ ကုထုံးတစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ အလေးအနက် ဖော်ပြချင်ပါတယ်၊ ၁၀၀ ရာခိုင်နှုန်း အလုပ်ဖြစ်တဲ့ အဖြေတစ်ခုရှိပါတယ် ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုမြို့အခြေစိုက် Sorrento Therapeutics ဇီဝနည်းပညာကုမ္ပဏီက သောကြာနေ့ (မေ ၁၅ ရက်) နှောင်းပိုင်းမှာ ၎င်းတို့ရဲ့ ရှာဖွေတွေ့ရှိမှုကို ထုတ်ဖော်ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ၎င်းတို့ စမ်းသပ်လေ့လာလမှုကနေ တွေ့ရှိထားတဲ့ STI-1499 လို့ခေါ်တဲ့ ပဋိပစ္စည်းဟာ ကျန်းမာတဲ့လူတစ်ဦးရဲ့ ဆဲလ်တစ်ခုအတွင်း ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဝင်ရောက်ခြင်းကို တားဆီးပေးတယ်လို့ သိရပါတယ်။ စမ်းသပ်လေ့လာမှုတွေအရ...

တရုတ်နိုင်ငံသားတစ်ဦးအား ဓါးဖြင့် ထိုးသတ်သွားသူ(၂)ဦးကို ဖမ်းဆီးရမိ

အမှုမှာ ၁၁-၅-၂ဝ၂ဝ ရက်နေ့ ၁၅၃ဝ အချိန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ ဦးထွန်းညိုလမ်းမဘေးတွင် ရပ်ထားသောကားပေါ်၌ တရုတ်နိုင်ငံသား တစ်ဦး ရင်ညွန့်ဝဲဘက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာနံကြားထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ သောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သော အမှုဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ် ပတ်ဝန်းကျင်အား လိုက်လံစုံစမ်းဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်သူများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ညောင်ရွာနေ ရဲကိုကို နှင့် ငပွေး(ခ)ဟန်ဝင်းထွန်း တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ၁၃-၅-၂ဝ၂ဝ ရက်နေ့ ၁၄၃ဝ အချိန် ရဲကိုကို အား ၎င်း၏နေအိမ်မှလည်းကောင်း၊ ငပွေး(ခ)ဟန်ဝင်းထွန်း အား ထိုနေ့ ၂၂၁၅ အချိန် တိုက်ကြီးမြို့နယ်၊...