Category: သတင်း

ရုရှားက ကုလသမဂ္ဂဝန်ထမ်းတွေကို ကာကွယ်ဆေးအခမဲ့ပေးဖို့ကမ်းလှမ်း

ကုလသမဂ္ဂရဲ့ ၇၅ နှစ်ပြည့်အထွေထွေညီလာခံမှာ ရုရှားသမ္မတပူတင်က ကုလသမဂ္ဂဝန်ထမ်းတွေကို Sputnik-V ကာကွယ်ဆေးအခမဲ့ပေးမယ်လို့ ကမ်းလှမ်းလိုက်ကြောင်း AP သတင်းမှာ ဖော်ပြပါရှိပါတယ်။ ရုရှားရဲ့ Sputnik-V ကာကွယ်ဆေးဟာ လေ့လာမှုရလဒ်အနည်းငယ်ကိုသာ ထုတ်ပြန်ရသေးတဲ့အပြင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေပြီး ဆေးရဲ့ဆိုးကျိုးတွေအတွက်လည်း ပူပန်မှုတွေမြင့်တက်လျက်ရှိပါတယ်။ အခုနှစ်ရဲ့ကုလသမဂ္ဂအထွေထွေညီလာခံဟာ ကပ်ရောဂါကြောင့် သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် Work From Home ပုံစံနဲ့သာ ကျင်းပခဲ့ရပါတယ်။ ရရှားအနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ကုလသမဂ္ဂဝန်ထမ်းတွေကို ကာကွယ်ဆေးအခမဲ့ထိုးပေးဖို့ အဆင်သင့်ပဲဖြစ်သလို ကုလသမဂ္ဂလက်အောက်က အဖွဲ့ခွဲတွေအတွင်းမှာ ကာကွယ်ဆေးအထိုးခံချင်သူတွေရှိရင်လည်း ပေးအပ်သွားဖို့အဆင်သင့်ပဲလို့ သမ္မတပူတင်က ဆိုခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူက သမ္မတပူတင်ရဲ့ရက်ရောတဲ့ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါကြောင်းနဲ့ ကုလသမဂ္ဂရဲ့ ဆေးပညာအဖွဲ့အစည်းတွေက စဉ်းစားဆုံးဖြတ်ပေးပါမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ စက်တင်ဘာလ ၂၁ ရက်မှာ ရုရှားကျန်းမာရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့ WHO ရဲ့ဥရောပဆိုင်ရာဒါရိုက်တာ ဟန်စ်ကလူဂီကတော့ ရုရှားရဲ့ကာကွယ်ဆေးကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အစိုးရဖြစ်ရင် တိုင်းပြည်စီးပွားရေးပြန်ကောင်းအောင် လုပ်ဆောင်ပေးမယ်လို့ပါတီဒုက္ကဌပြော

ပြည်ခိုင်ဖြိုးပါတီ အစိုးရဖြစ်ရင် တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်ပေးမယ်လို့ ပါတီ ဒုဥက္ကဋ္ဌဦးလှထွန်းကပြောကြားလိုက်ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်ရှိ ပြည်သူများနဲ့သွားရောက်တွေ့ဆုံရာတွင် ဦးလှထွန်းက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌဦးလှထွန်းက“ကျွန်တော်တို့ ပြည်သူတွေ များသော အားဖြင့်တောင်သူ ဦးကြီးတွေပေါ့။ ဒီကာလတွေမှာ သီးနှံဈေးနှုန်းတွေမကောင်းတော့ စီးပွားရေးအဆင်မပြေကြဘူး။ အဲ့ဒီတော့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစရာအခက်ခဲတွေရှိလာတယ်။ တိုင်းပြည် စီးပွားရေး ကျဆင်းလာတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ခဲ့ရင် ဒါတွေပြန်လည် ကောင်းမွန်အောင်လုပ်မယ်။ ကျွန်တော်တို့ ပါတီရဲ့ ပြည်သူ့အာမခံချက် (၁၁) ချက်မှာလည်း လယ်ယာထုတ်ကုန်များ သင့်တင့်မျှတတဲ့ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့အာမခံထားပြီးဖြစ်တယ်” လို့ဆိုပါတယ်။ Myanmar Platform

ရန်ကုန်တွင် ရှိသော ကွမ်းယာဆိုင်များကို စက်တင်ဘာလ ၂၄ ရက်က စ၍ ပိတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ကွမ်းယာဆိုင်များကို စက်တင်ဘာလ(၂၄)ရက်ကစ၍ ပိတ်ခိုင်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ က သိရသည်။ ပိတ်သိမ်းမှုပြုလုပ်ခြင်းကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီများက စီစဉ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ကွမ်းယာဆိုင်များတွင် လာဝယ်သူများ အနေဖြင့် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားမှုကို ဖြစ်စေနိုင် သောကြောင့် ဖြစ်ကြောင်းလည်း သိရသည်။ “ပထမလှိုင်းတုန်းကတော့ဒီအတိုင်း ထားခဲ့တယ်။အဲတော့လူတွေအများကြီးအုံလာတာ ရှိတယ်။အခုက ညွှန်ကြားတာနဲ့ဆိုတော့ ကျွန်တော်တို့ လိုက်ပြီးအော်တယ်။မနက်ဖြန် ပိတ်ရမယ်လို့ပေါ့”ဟု တာမွေမြို့ နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြည်မြန်မာကို ပြောသည်။ အဆိုပါ ညွှန်ကြားချက်မှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးရှိမြို့နယ်များအားလုံးအတွက်အကျူံးဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ပြည်မြန်မာကို ပြောသည်။ ဓာတ်ပုံ-မျိုးကျော်စိုး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာစွာရှိကြောင်း ဦးဇော်ဌေး ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်ပါတယ်။ စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး အထူး(အထူး)ကောင်းမွန်ကြောင်း သတင်းစကား ပါးလိုပါတယ်။ (Positive တွေ့တယ် ဆိုတာ လုံးဝ မဟုတ်ပါ) ဒါ့အပြင် လူ အစားထိုးတယ် ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်။ လုံးဝ မှားယွင်းတဲ့ သတင်းတုတွေပဲ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတဲ့ သတင်းတုတွေနဲ့ ပတ်သက်ပြီး အထင်အရှား ပေါ်ပေါက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပိုပြီး များလာပါတယ်။ ဘယ်သူတွေက သတင်းမှားတွေ လုပ်ကြသလဲ၊ ဒီလူတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ သာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်။ အဲ့ဒီ သတင်းမှားတွေ ထုတ်လွှင့်တဲ့ Page တွေနဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ...

Music Zone​ ပိုင်ရှင်ကို သိထားပြီးဖြစ်သော်လည်း တရားစွဲဆိုရန် အဆင့်ဆင့်တင်ပြနေရသဖြင့် ကြန့်ကြာနေ

ကိုဗစ်ကာလအတွင်း တရားမဝင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းပေါ်မှာရှိတဲ့ Music Zone Restaurant & KTV ဆိုင်ပိုင်ရှင်မှာ ဦးဇော်မင်းဖြစ်ကြောင်း သိရှိရပြီဖြစ်သော်လည်းသက် ဆိုင် ရာအဆင့်ဆင့်သို့ တင်ပြနေရသဖြင့် တရားစွဲဆိုရန် ကြန့်ကြာနေကြောင်း သိရသည်။ ဦးဇော်မင်းသည် ယင်း Music Zone အ​ဆောက်အအုံ တည် ဆောက်ထားသည့် မြေဂရမ်ပိုင်ရှင်ဖြစ်သလို ယင်းအ​ဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့် တောင်းခံရာတွင် လည်း ဦးဇော်မင်း အမည်ဖြစ်သာ တောင်းခံတည်ဆောက်ထားခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။ “အခုအချိန်ထိ တရားလိုလုပ်တိုင်မယ့် ဇဝန အုပ်ချုပ်ရေးမှူးကို အမှုဖွင့်ဖို့ ရဲစခန်းက ခေါ်တာ မရှိသေးပါဘူး။ မနေ့ကအထိ ကျွန်တော်တို့ သိထားတာတော့ မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌက ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌကိုတ ရားစွဲဖို့ ခွင့်ပြုမိန့်တောင်းထားတယ်လို့ သိထားတယ်”ဟု...

ရန်ကုန်တွင် ကိုဗစ်ပိုးတွေ့လူနာ နေအိမ်များ လော့ဒ်ဒေါင်း ချသည့်ပုံစံ ပြောင်းလဲမည်

ရန်ကုန်တွင် ပိုးတွေ့လူနာ တွေ့ရှိပါက တိုက်ခန်းဖြစ်လျှင် အခန်းတစ်ခန်းတည်း သို့မဟုတ် နေအိမ်ဖြစ်လျှင် နေအိမ်တစ်ခုတည်းကိုသာ လော့ဒ်ဒေါင်းချရန် ညွှန်ကြားထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။ “ဒီတိုက်တစ်ခုလုံးကို ချသင့်၊ မချသင့် အဲ့တာကို ဒေသဆိုင်ရာ ကိုဗစ်ကော်မတီက ဆုံးဖြတ်တယ် အခြေအနေတွေရှိတယ်.. လှေကားတစ်ခုတည်းကို တက်တယ် အပေါ်ထပ်ကို ထားမလား၊ အောက်ထပ်ကို ထားမလား အဲ့ဒီ ဟာမျိုး တွေ စဉ်စားဖို့က အခြေခံပဲ တစ်ခုချင်းရဲ့ အခြေအနေပေါ် မူတည်ပြီး case by case (တစ်ခုချင်းစီ) ဆုံးဖြတ်ဖို့ ဒေသန္တရ ကိုဗစ်ကော်မတီ လက်ထဲကိုပဲ ပေးထားတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး က ဆိုသည်။ ယခင်က ပိုးတွေ့လူနာတွေ့ရှိရသည့် လမ်း၊ နေအိမ်၊ တိုက်ခန်း တစ်ခုလုံးကို လော့ဒ်ဒေါင်းချသည့်စနစ်မှ လိုအပ်သောနေရာများကိုသာ လော့ဒ်ဒေါင်းချရမည့် ပုံစံသို့ပြောင်းလဲမည်ဖြစ်ကာ...

ယူအေအီးကျန်းမာရေးဝန်ကြီးက နိုင်ငံတွင်အဦးဆုံးအနေနှင့် Covid-19 ကာကွယ်ဆေး စတင်ထိုး

ယူအေအီးနိုင်ငံမှာ Covid-19ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးအဘဒူရာမန်မိုဟာမက်အယ်အိုဝါအစ်က နိုင်ငံမှာအဦးဆုံးအနေနဲ့ စတင်ထိုးနှံခဲ့တာလို့ သိရပါတယ်။ တရုတ်ရဲ့ Sinopharma CNBG ကာကွယ်ဆေးကို ယူအေအီးနိုင်ငံမှာ အဆင့်၃စမ်းသပ်လေ့လာမှုစတင်ခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်းအနေနဲ့ အဦးဆုံးစတင်ထိုးနှံခဲ့သူတွေထဲမှာ ကျန်းမာရေးဝန်ကြီးအပြင် အဘူဒါဘီကျန်းမာရေးဌာနဥက္ကဋ္ဌ ရှိတ်အဘဒူလာဘင်မိုဟာမက်အယ်ဟာမက်နဲ့ အတွင်းရေးမှူးဒေါက်တာဂျမေးလ်အယ်လ်ကာဘီတို့လည်း ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။ ကျန်းမာရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာန (MoHAP)ရဲ့အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံမှုတွေစတင်ခဲ့တာဖြစ်ပြီး ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေဆီမှာ ကနဦးထိုးနှံမှုတွေဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ အခုနှစ်အတွင်းမှာတင် စေတနာ့ဝန်ထမ်း ၁၃၀၀၀ဦးထိ ကာကွယ်ဆေးထိုးပေးသွားဖို့ စီစဉ်ထားပြီး စမ်းသပ်ထိုးနှံပြီးသွားသူတစ်ချို့မှာ လည်ချောင်းနာနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးမှာလိုမျိုးအလားတူတဲ့ မပြင်းထန်တဲ့တုံ့ပြန်မှုလက္ခဏာတွေပြခဲ့တယ်လို့ သိရပါတယ်။ ယူအေအီးနိုင်ငံမှာ ကာကွယ်ဆေးအဆင့်၃ စမ်းသပ်မှုနဲ့ ကာကွယ်ဆေးထုတ်လုပ်မှုတွေပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့ဇွန်လ ၂၃ရက်က အဘူဒါဘီမြို့မှာ ယူအေအီးကျန်းမာရေးဝန်ကြီးအဘဒူရာမန်မိုဟာမက်အယ်အိုဝါအစ်နဲ့ တရုတ်သံအမတ်နီကျန်းတို့က သဘောတူလက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အတွက် အဘူဒါဘီကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီရဲ့စီမံခန့်ခွဲမှုနဲ့ ဆေးရုံငါးရုံမှာထိုးနှံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၂ရက် Worldometers စာရင်းအရ ယူအေအီးနိုင်ငံမှာ Covid-19ကူးစက်သူဦးရေ ၈၅၅၉၅ဦးထိ ရှိခဲ့ပြီး သေဆုံးသူ ၄၀၅ဦးရှိခဲ့ပြီလို့သိရပါတယ်။ ကူးစက်သူတွေထဲကနေ ပြန်သက်သာလာသူက...

COVID -19 အတည်ပြုလူနာများအား အာရှတော်ဝင်ဆေးရုံတွင် မကုပေးနိုင်ကြောင်း ထုတ်ပြန်

COVID -19 အတည်ပြုလူနာများကို အာရှတော်ဝင်ပုဂ္ဂလိကဆေးရုံကြီးမှာ လက်ခံကုသပေးနိုင်ခြင်းမရှိခြင်းကြောင့် နားလည်ခွင့်လွှတ်ပေးဖို့ အာရှတော်ဝင်ဆေးရုံလူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။ ကိုဗစ်၁၉ လူနာတွေကို ပုဂ္ဂလိကဆေးရုံကြီးတွေမှာ စီစစ်ကုသပေးဖို့ စီစဉ်နေတယ်လို့အစိုးရက ထုတ်ပြန်ပြီး ၂ရက်အကြာမှာ အာရှတော်ဝင်ပုဂ္ဂလိကဆေးရုံကြီးကအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ”မိမိတို့ဆေးရုံတွင် အဓိက ရောဂါဌာနများ ဖြစ်သော နှလုံး,ဦးနှောက်နှင့် အာရုံကြော, အရိုးအကြော, အထွေ ထွေ ဆေးပညာ, အထွေထွေခွဲစိတ်, မီးယပ် နှင့် ကလေး လူနာများအား အချိန်မရွေးပြုစုကုသပေးနေပါတယ် ။ ယခု လက်ရှိဆေးရုံ အနေအထားအရ Covid-19 သံသယ လူနာများ လက်ခံကုသမူ့ မပြုနိုင်ခြင်းအား နား လည်ခွင့်လွှတ်ပေးပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။” လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အာရှတော်ဝင်ဆေးရုံကြီးအပြင် တခြားသော ပုဂ္ဂလိကဆေးရုံကြီးတွေဖြစ်တဲ့ ဂရန်း(ဒ်)ဟံသာအပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ယခုအချိန်အထိ ကိုဗစ်၁၉လူနာတွေကို လက်ခံကုသပေးခြင်းမရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဂရန်း(ဒ်)ဟံသာအပြည်ပြည်ဆိုင်ရာ ဆေးရုံအဝင်ပေါက်မှာ ကိုဗစ်၁၉နဲ့ပတ်သက်တဲ့စစ်ဆေးချက်တွေကိုစနစ် တကျပြုလုပ်ပြီး လိုအပ်ပါက...

အမေရိကန်မှာ ရဲအဖြစ်အမှုထမ်းနေတဲ့ တိဘက်လူမျိုး တရုတ်သူလျှိုတစ်ဦးကို ဖမ်းဆီး

အမေရိကန်အာဏာပိုင်တွေဟာ နယူးယောက်ရဲအဖြစ်အမှုထမ်းနေတဲ့ တိဘက်လူမျိုးတစ်ဦးကို သူလျှိုမှုနဲ့ တရားစွဲလိုက်ပါတယ် နယူးယောက်မှာနေထိုင်ကြတဲ့ တိဘက်လူမျိုးစု အသိုင်းအဝိုင်းရဲ့ သတင်းအချက်အလက်တွေကို တရုပ်အစိုးရဆီကို ပေးပို့နေမှုနဲ့ တရားစွဲဆိုလိုက်ပါတယ် နယူးယောက်မြို့ Queen Section မှာတာဝန်ကျတဲ့ အဲ့ဒီရဲဟာ တရုပ်ကောင်စစ်ရုံး ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာနေရသူဖြစ်တယ်လို့စွဲချက်လွှာအရသိရပါတယ် အသက် ၃၃ နှစ်အရွယ်ရှိသူဖြစ်ပြီး ၂၀၁၈ ကနေ ၂၀၂၀ အတွင်းမှာ တိဘက်အသိုင်းအဝိုင်းရဲ့ လှုပ်ရှားမှုတွေ လုပ်ကိုင်နေထိုင်နေမှုတွေ သတင်းရနိုင်တဲ့အလားအလာရှိတဲ့နေရာတွေကို စုဆောင်းပေးခဲ့တယ်လို့ တိဘက်မိသားစုတွေထဲမှာရှိတဲ့သူ့ရဲ့ အဆက်အသွယ်တွေဆီကတဆင့် သိရတယ်။ သူဟာ အမေရိကန်အရန်တပ်ဖွဲ့မှာလည်း အရာရှိဖြစ်ပါတယ် သူဟာ တရုပ်ကောင်စစ်ရုံးကဝန်ထမ်းအဖွဲ့တွေကို နယူးယောက်ရဲတပ်ဖွဲ့ရဲ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ရဖို့လည်းခွင့်ပြုခဲ့တယ် လို့စွဲချက်မှာပါပါတယ် တရုပ်အာဏာပိုင်တွေဟာ ဒီလိုလုပ်ပေးတဲ့အတွက် သူ့ကို ဒေါ်လာသောင်းပေါင်းများစွာပေးခဲ့တယ်လို့ လည်းစွပ်စွဲထားပါတယ် တရုပ်မှာမွေးတယ် နိုင်ငံရေးခိုလှုံခွင့်နဲ့အမေရိကရောက်တယ် (သူဟာတိဘက်လူမျိုးဖြစ်လို့တရုပ်အစိုးရက နှိပ်စက်တာခံရတယ် လို့ဆိုပြီး ခိုလှုံခွင့်ရခဲ့တယ်) ပြန်စစ်ဆေးတဲ့အခါ သူ့ရဲ့မိဘနှစ်ဦးစလုံးဟာ တရုပ်ကွန်မြူနစ်ပါတီဝင်တွေဖြစ်နေကြတယ်။ သူလျှိုမှုကို စစ်ဆေးပြီးတရားရုံးက အတည်ပြုချက်အမိန့်ချရင် တရုပ်ကွန်မြူနစ်ပါတီဟာ...

နိုင်ငံ့ဝန်ထမ်းများကို လစာ (၂) လစာ ထုတ်ချေးခြင်း စတင်မည့်ရက် ‌ကြေငြာပြီ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ အပေါ် ကုစားနိုင်ရေး အတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအား လစာ (၂) လစာ ကြိုတင် ထုတ်ပေး၍ ဆိုင်းငံ့ကာလ (၆) လ၊ ပြန်ဆပ်ကာလ (၁) နှစ် သတ်မှတ်ကာ အတိုးမဲ့ ထုတ်ချေးခြင်းကို အောက်တိုဘာ (၁) ရက်နေ့တွင် စတင် ဆောင်ရွက်မည် ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြဲထမ်းဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် ငွေကျပ် ၅၅၄.၉၇၃ ဘီလီယံ ကို ထုတ်ချေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။ ပြန်လည် ပေးဆပ်ရမည့် ချေးငွေ ဖြစ်သောကြောင့် ပုံမှန်ဝင်ငွေ ရရှိသောအမြဲတမ်း ဝန်ထမ်းများကိုသာ ထုတ်ချေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ Credit