Author: admin

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ကျဆုံးသွားသူများအတွက် ဆုတောင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း မြို့ နယ်အချို့တွင် အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူများအ တွက် ဆုတောင်းပွဲများကို ညအ ချိန်တွင် ပြုလုပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။ ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများအတွက် ဆု တောင်းပွဲများကို မတ်လ ၅ ရက် ညပိုင်းက မုံရွာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ကလေးဝ၊ ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ရွှေဘို၊ ကလေး စသည့် မြို့နယ်များအတွင်း ရပ် ကွက်၊ ကျေးရွာများတွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသခံတစ်ဦးက ‘‘မတ်လ ၄ ရက်ကစပြီး ညတိုင်း ဆု တောင်းပွဲလုပ်တယ်။ စစ်အာဏာရှင်ကျဆုံးရေးမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဖယောင်း တိုင်တွေထွန်းပြီး လက်ပံတောင်း တောင်အနီး ပတ်ဝန်းကျင်ရွာတွေက ချင်းတွင်းမြစ်ကမ်းမှာ ဆု တောင်းတာပါ။ စစ်အာဏာရှင်အမြန်ကျဆုံးပါစေလို့ ချင်းတွင်း မြစ်ကို သက်သေတည်ပြီး ဆု...

CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား လစာမပေးဘဲဆိုင်းငံ့ထားမည်ဟု ရှမ်းပြည်နယ်စည်ပင် ခြိမ်းခြောက်

အာဏာသိမ်းစစ်ကောင် စီလက်အောက်တွင် တာဝန်မ ထမ်းဆောင်လိုကြောင်း အာဏာ ဖီဆန်သော CDM လှုပ်ရှားမှုပြု လုပ်နေသည့် စည်ပင်ဝန်ထမ်းများ အားလစာမပေးရန် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနက ခြိမ်း ခြောက်အကျပ်ကိုင်မှု ပြုလုပ်နေ သည်ဟု CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်းများက ပြောသည်။ ရှမ်းပြည်နယ် စည်ပင်သာ ယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနခွဲမြို့နယ်နှင့် မြို့နယ်ခွဲ စည် ပင်သာယာရေးဌာနများရှိ CDM ပြုလုပ်နေသည့် ဝန်ထမ်းများ၏ လစာစရိတ်ကို အဆိုပါဝန်ထမ်း များ၏ရုံးတက်သည့် ရက်များအ တွက်သာ ထုတ်ပေးမည်ဖြစ်ပြီး ကျန်သည့်ရက်များအတွက် လစာ မပေးဘဲဆိုင်းငံ့ထားမည်ဟု ရှမ်း ပြည်နယ် စည်ပင်သာယာရေးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ညွှန်ကြားစာ ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ဖိအား ပေး လုပ်ဆောင်လာမည်ဆိုသည် ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သ ဖြင့် တုန်လှုပ်ခြင်းမရှိသလို CDM လှုပ်ရှားမှုအား ရပ်တန့်သွားမည်မ...

ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများကိုအကြမ်းမဖက်ရန် သြစတြေးလျနှင့်နယူးဇီလန် သံအမတ်များလည်းတောင်းဆို

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများနှင့် အရပ်သားများကို အကြမ်းမဖက်ရန် သံအမတ်များစုပေါင်းတောင်းဆိုသည့် ကြေညာချက်တွင် သြစတြေးလျ နှင့် နယူဇီလန် နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများလည်း ပါဝင်လက်မှတ်ထိုးလာသောကြောင့် သံအမတ် ၁ရ ဦးထိရှိလာပြီဖြစ်သည်။ တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြ သူများနှင့် အရပ် သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို တောင်းဆိုကြောင်း မြန်မာ နိုင်ငံဆိုင်ရာသံအမတ်ကြီးများက ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းက ကြေညာချက်ထုတ်ပြန်ထား ခြင်းဖြစ်သည်။ ယခင် ကြေညာချက်တွင် ပါဝင်လက်မှတ်ထိုးထားသည့် သံအမတ်ကြီးများမှာ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ – နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား...

မန္တလေးက တရုတ်သံရုံးရှေ့ဆန္ဒပြနေချိန် လူရမ်းကားများနှောက်ယှက်

မန္တလေးမြို့ ရှိတရုတ်သံရုံးအရှေ့ဘက်တွင် လူငယ်များစုပေါင်းဆန္ဒပြနေချိန် ညနေ ၅နာရီခန့်က လူရမ်းကားအုပ်စုတစ်စုရောက်ရှိလာလို့ဆိုပြီး ဆန္ဒပြလူငယ်တွေ လူစုခွဲလိုက်ပါတယ်။ အားကစားသိပ္ပံနဲ့ မျက်နှာချင်းဆိုင် ၇၃ လမ်းပေါ်က သံရုံးမှာ လမ်းပိတ်ထားပြီး လုံခြုံရေးရယူပေးထားတဲ့ရဲတပ်ဖွဲ့လည်းရှိနေချိန်မှာ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအပါအဝင် လူငယ်တစ်ချို့ဟာ အာဏာသိမ်းအစိုးရကို ထောက်ပံ့ပေးတာမပြုဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ရှိတဲ့နေရာနဲ့ တစ်ဘက်မျက်နှာစာမှာ အေးချမ်းစွာ ဆန္ဒပြနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ညနေ၅နာရီဝန်းကျင်မှာ တုတ်များကိုင်ဆောင်ထားသော လူရှစ်ဦးကရောက်ရှိလာပြီး ဆန္ဒဖော်ထုတ်နေတဲ့သူတွေရဲ့ ရှေ့ကနေ ရဲတပ်ဖွဲ့အနီးကပ်ပြီးအော်ဟစ်သလို လမ်းသွားလမ်းလာတွေကိုလည်း အဲဒီနေရာမှာဆန္ဒပြဖို့လှုံ့ဆော်တာတွေ လုပ်လာခဲ့ပါတယ်။ လူငယ်တွေက “၅၀၀၀ တန်တွေ လာပြီ ပြန်ကြ ပြန်ကြ”ဆိုပြီး လိုက်လံ နှိုးဆော်ခဲ့တာကြောင့် လူစုခွဲလိုက်ကြပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထုသဘောထားအတိုင်း ရပ်တည်မယ်လို့ SNLD ထုတ်ပြန်

၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထုရဲ့ သဘောထားအတိုင်း ရပ်တည်သွားမှာဖြစ်ပြီး မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားတာကို အသိအမှတ်ပြုလက်ခံဖို့ SNLDက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ၁ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းယူလိုက်တဲ့ လုပ်ရပ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေနဲ့ တိုင်းရင်းသား ပြည်သူတွေအကြား ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆန့်ကျင်နေတာကြောင့် အဲဒီ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း SNLDက ဆိုပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ကိုလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLDက တောင်းဆိုထားပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အောင်မြင်ဖို့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံရမည်မဟုတ်ဘဲ မိမိဆန္ဒအရ လာရောက်ထိုးနှံရမည်ဟု ကျန်းမာရေးတာဝန်ရှိသူပြော

ကိုဗစ်-၁၉ ကာကွယ် ဆေးကို မဖြစ်မနေထိုးရန် သတ် မှတ်မည်မဟုတ်ဘဲ မိမိစိတ်ဆန္ဒ အရ လာရောက်ထိုးနှံရမည်ဖြစ် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။ ‘‘ကာကွယ်ဆေးသည် မဖြစ် မနေ ထိုးကိုထိုးရမယ် မဟုတ်ပါ ဘူး။ မိမိထိုးချင်စိတ်ရှိမှ ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး စုရပ်ကို လာပြီဆိုရင် ကာကွယ် ဆေးထိုးဖို့အတွက် သဘောတူညီ တယ်လို့ယူဆတဲ့အတွက်ကြောင့် Contract Form တွေ၊ ဘာတွေ မှာ လက်မှတ်မထိုးခိုင်းတော့ပါ ဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ အလုပ်ပိုတွေ လျှော့ချချင်တယ်။ နောက် ကာကွယ်ဆေးထိုးလုပ် ငန်းရဲ့ လူအင်အားအသုံးပြုတာပါ လျော့သွားဖို့ ဆောင်ရွက်တာဖြစ် ပါတယ်’’ ဟု ဒေါက်တာခင်ခင် ကြီးက ရှင်းပြသည်။ ထို့အပြင် ကိုဗစ်ကာကွယ် ဆေးထိုးနှံရာတွင် သိသင့်သိထိုက် သည့် အချက်အလက်များကို...

သူမရဲ့ ကိုယ်ပိုင်လုပ်အားခနဲ့ လူနာတင်ယာဉ်တစ်စီး လှူဒါန်းနိုင်ခဲ့လို အတိုင်းမသိဝမ်းသာနေတဲ့ Grace

လက်ရှိလူမှုကွန်ယက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ အဆိုတော် Gက အတော်လေး ရေပန်းစားနေခဲ့တာပါ။ အကယ်ဒမီများရှင် သရုပ်ဆောင် အဆိုတော်ကြီး ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမဖြစ်ပြီး အနုပညာမျိုးရိုးရှိသူပီပီ အဆိုဝါသနာပါသူဖြစ်လို့ The Voice Myanmar အဆိုပြိုင်ပွဲ အစီအစဉ်ကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ပရိသတ်တွေကို တစ်မှုထူးခြားတဲ့ ပုံစံလေးနဲ့ စတင်သတိထားမိစေတဲ့ Gက စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး အတော်လေး ကြံခိုင်သူပါ။ မိဘရဲ့ ပိုင်ဆိုင်မှုငွေကြေးကို မမက်မောပဲ ကိုယ်တိုင်ရှာထားတဲ့ ချွေးနည်းစာလေးနဲ့ ပရဟိတလုပ်ငန်းတွေမှာ တစ်နိုင်တစ်ပိုင်ကူညီလုပ်ဆောင်လေ့ရှိတဲ့ သူမက ပရိသတ်တွေကို ပိုပြီး အချစ်ပိုစေပြန်တာပါ။ ယနေ့မှာလည်း သူမ အလှူပြုဖို့ စိတ်အားထက်သန်နေတဲ့ လူနာတင်ကားလေးကို ကိုယ်ပိုင်ငွေလေးနဲ့ လှူဒါန်းနိုင်ပြီဖြစ်လို့ ပျော်ရွှင်နေကာ ” ညီမ အရမ်းလှူချင်နေတဲ့ လူနာတင်ကား ကို ရှင်သန်ရေး ကူညီမှုအသင်းကို လှူနိုင်ခဲ့ပါပြီ။ အလုပ်အပ်တဲ့ လုပ်ငန်းရှင်များနဲ့ ညီမရဲ့ live...

အမြန်လမ်းမှာ အိမ်စီးကားတွေကို ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးပေးနေပြီ

တစ်ဦးကို ကျပ်တစ်သောင်းခွဲနှုန်းနဲ့ စစ်ဆေးပေးနေတာပါ။ အမြန်လမ်း 0 မိုင်က ကိုဗစ်စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ ဇန်နဝါရီလ (၈)ရက်နေ့ကစပြီး ကိုဗစ်ပိုးရှိ ၊မရှိ စစ်ဆေးဆောင်ရွက်ပေးနေပြီလို့ သိရပါတယ်။ မဖြစ်မနေ အလုပ်ကိစ္စနဲ့ ခရီးသွားဖို့ လိုအပ်သူတွေအတွက် စစ်ဆေးပေးနေပြီး တစ်ဦးကို တစ်သောင်းခွဲနှုန်းနဲ့ စစ်ဆေးဆောင်ရွက်ပေးနေတာဖြစ်ပြီး ကျန်မာရေးအသိအမှတ်ပြုလက်မှတ်ပါထုတ်ပေးသွားမှာဖြစ်ပါတယ်။ “ ကိုဗစ်စစ်ဆေးရေး ဂိတ်ရှိပါတယ်။ အရင်ကတော့ ကုန်တင်ယာဉ်တွေကိုပဲစစ်တာ။ အခုက အမြန်လမ်းကနေခရီးသွားမယ့် အိမ်စီးယာဉ် ခရီးသွားတွေကိုလည်း စစ်ပေးနေတာ။ ဒီနေ့ကစပြီး စစ်ပေးတာ တန်းစီစောင့်ဆိုင်းမှုတွေတော့ရှိတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ လိုအပ်တဲ့ လုံခြုံရေး ကိစ္စတွေတော့လုပ်ဆောင်ပေးပါတယ်”လို့ အမြန်လမ်းရဲ့တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ခရီးသွားတွေအတွက် 0 မိုင်ဂိတ်ကနေ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးပြီး ထောက်ခံချက်ပေးလိုက်ပေမယ့်လည်း သူတို့သွားတဲ့နေရာဒေသရောက်ရင်တော့ အဲဒီမြို့နယ်တွေရဲ့ စည်းကမ်းချက်အတိုင်းသာနေရမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ပိုး ရှိ၊မရှိကို Test Kit တွေနဲ့ စစ်ဆေးပေးနေတာဖြစ်ပြီး...

Covid ပိုး ကူးစက်ခံရတဲ့ မိဘနှစ်ယောက်အကြောင်းပြောပြရင်း မျက်စိလည်စရာကောင်းတဲ့ ရောဂါပိုးကူးစက်ပုံကို ပြောလာတဲ့ ညိုမင်းလွင်

ဒါရိုက်တာတစ်ယောက်လည်းဖြစ်သလို၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ညိုမင်းလွင်ကတော့ အနုပညာနဲ့ ပက်သတ်လာရင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ သဘာဝလွန်ရုပ်ရှင်ဇာတ်ကားတွေကို အများဆုံးရိုက်ကူးတဲ့ ညိုမင်းလွင်က ပြီးခဲ့တဲ့နှစ်ကလည်း မြမြ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ညိုမင်းလွင်က Covid-19 ပိုး တိတိကူးခံရတဲ့ မိဘနှစ်ယောက်အကြောင်းပြောပြရင်း မျက်စိလည်စရာကောင်းတဲ့ ရောဂါပိုးကူးစက်ပုံကို အခုလိုပဲ ပြောပြလာပါတယ်။ Covid-19 နဲ့ပါတ်သက်လို့ ကျွန်တော်က Facebook ပေါ်မှာ အမြဲတမ်းပေါ့ပေါ့ပါးပါးတွေပဲ ရေးပါတယ်၊ အဲဒီအခါမှာ တချို့ကလည်း ထင်ကြမှာပေါ့၊ ဒီကောင် ကိုယ်တိုင်မကြုံသေးလို့ ဒီလိုရေးနိုင်တာပါ ပေါ့လေ၊ ဟုတ်ကဲ့၊ ကျွန်တော့်အဖေရော အမေရော positive ပါ၊ November လက positive ဖြစ်တာ အခု အိမ်ပြန်ရောက်လို့ home quarantine ပြီးပြီး အပြင်တောင်လျှောက်သွားနေကြပါပြီ၊ Covid ကို...

အုတ်ရိုးများနောက်ကွယ်က အကျဉ်းသူများရဲ့ အလှမယ်ရွေးပွဲကို မြိတ်အကျဉ်းထောင်တွင် ကျင်းပခဲ့

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အုတ်ရိုးများနောက်ကွယ်က အကျဉ်း သူများ၏ အလှမယ်ရွေးပွဲကို ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ပျော်ရွင်ခြင်း၊ လွတ်လပ်ခြင်း တို့၏ အရသာကို ခံစားစေလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါ အုတ်ရိုး များနောက်ကွယ်က အကျဉ်း သူများ၏ အလှမယ်ရွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ မြိတ်အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှုး ဦးစောမိုးရွှေ နှင့် တာဝန်ရှိသူ များ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ ပြိုင်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆု၊ဒုတိယဆု၊တတိယ ဆုရသူများ အား ဆုချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။ ပြည်မြန်မာ